Unicode
News Feed ကို chromological order ကနေ algorithmic rank အဖြစ်ပြောင်းလဲလိုက်ချိန်တုန်းက တော်တော်လေးဂယက်ထခဲ့တာကို အချို့လူတွေ မေ့နိုင်လိမ့်မယ်မထင်ပါဘူး။ ဒါကြောင့် Most Recent ဆိုတဲ့ခလုတ်လေးကို လက်ရှိမှာ sidebar ထဲမှာထည့်သွင်းထားပြီး ၂၄နာရီကျော်ရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့် developer Jane Manchum Wong ရဲ့ တွေ့ရှိချက်အရ သူတို့ဟာ News Feed ကို ပုံစံပြောင်းဖို့ စဉ်းစားနေပါပြီ။
Wong ရဲ့ တွေ့ရှိချက်အရဆိုရင် Facebook Android app မှာ News Feed ကို သုံးမျိုးခွဲခြားထားပါတယ်။ Relevant, Recent, Seen ဆိုပြီးတော့ပါ။ Facebook က လက်ရှိမှာ feature တစ်ခုအနေနဲ့ စမ်းသပ်နေပြီဖြစ်ပါတယ်။
မြင်ထားပြီးသားပို့စ်တွေကို ပြန်ကြည့်တာမျိုးက အသစ်အဆန်းတော့မဟုတ်ပါဘူး။ facebook.com/seen မှာကြည့်လို့ရပါတယ်။ ဒါပေမယ့် အရင်တုန်းက URL ကနေသာ ကြည့်လို့ရခဲ့တာပါ။
ကောင်းလိုက်တဲ့စိတ်ကူးပါပဲ။ သုံးစွဲသူတွေကို လုပ်ပိုင်ခွင့်ပိုပေးလိုက်တဲ့သဘောပေါ့။အရင်တုန်းက music, photos, close friends တွေအတွက်လည်း feeds အသစ်တွေ စီစဉ်ခဲ့ဖူးသေးတယ်။ ဒီလောက်တော့ မဆိုးသေးပါဘူး။ Facebook က တစ်ခါ update လုပ်လိုက်တိုင်းမှာ bloat ပိုဖြစ်လာတယ်လို့မြင်မိပေမယ့်လည်း ပြောင်းလဲမှုတွေလုပ်နေတာကိုတော့ ကြိုဆိုရမှာမဟုတ်လား။
Zawgyi
News Feed ကို chromological order ကေန algorithmic rank အျဖစ္ေျပာင္းလဲလိုက္ခ်ိန္တုန္းက ေတာ္ေတာ္ေလးဂယက္ထခဲ့တာကို အခ်ိဳ႕လူေတြ ေမ့ႏိုင္လိမ့္မယ္မထင္ပါဘူး။ ဒါေၾကာင့္ Most Recent ဆိုတဲ့ခလုတ္ေလးကို လက္ရွိမွာ sidebar ထဲမွာထည့္သြင္းထားၿပီး ၂၄နာရီေက်ာ္ရင္ေတာ့ ပုံမွန္အတိုင္းျပန္ျဖစ္သြားမွာပါ။ ဒါေပမယ့္ developer Jane Manchum Wong ရဲ႕ ေတြ႕ရွိခ်က္အရ သူတို႔ဟာ News Feed ကို ပုံစံေျပာင္းဖို႔ စဥ္းစားေနပါၿပီ။
Wong ရဲ႕ ေတြ႕ရွိခ်က္အရဆိုရင္ Facebook Android app မွာ News Feed ကို သုံးမ်ိဳးခြဲျခားထားပါတယ္။ Relevant, Recent, Seen ဆိုၿပီးေတာ့ပါ။ Facebook က လက္ရွိမွာ feature တစ္ခုအေနနဲ႔ စမ္းသပ္ေနၿပီျဖစ္ပါတယ္။
ျမင္ထားၿပီးသားပို႔စ္ေတြကို ျပန္ၾကည့္တာမ်ိဳးက အသစ္အဆန္းေတာ့မဟုတ္ပါဘူး။ facebook.com/seen မွာၾကည့္လို႔ရပါတယ္။ ဒါေပမယ့္ အရင္တုန္းက URL ကေနသာ ၾကည့္လို႔ရခဲ့တာပါ။
ေကာင္းလိုက္တဲ့စိတ္ကူးပါပဲ။ သုံးစြဲသူေတြကို လုပ္ပိုင္ခြင့္ပိုေပးလိုက္တဲ့သေဘာေပါ့။အရင္တုန္းက music, photos, close friends ေတြအတြက္လည္း feeds အသစ္ေတြ စီစဥ္ခဲ့ဖူးေသးတယ္။ ဒီေလာက္ေတာ့ မဆိုးေသးပါဘူး။ Facebook က တစ္ခါ update လုပ္လိုက္တိုင္းမွာ bloat ပိုျဖစ္လာတယ္လို႔ျမင္မိေပမယ့္လည္း ေျပာင္းလဲမႈေတြလုပ္ေနတာကိုေတာ့ ႀကိဳဆိုရမွာမဟုတ္လား။