Google Stadia ကို Non-Pixel ဖုန်းတွေအတွက် မိတ်ဆက်လိုက်ပြီ

0
1481

Unicode

Stadia ဂိမ်းဆားဗစ်လေးကတော့ သူ့ရဲ့ Pixel ဖုန်းတွေမှာသာ အသုံးပြုခွင့်ပေးထားရာကနေ အခုဆိုရင်တော့ အခြားဖုန်းတွေဆီကိုလည်း ရောက်ရှိအောင် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ တကယ်တော့ Stadia လေးကို Razer, ASUS, Samsung တို့ရဲ့ဖုန်းအသစ်တွေမှာ ဖေဖော်ဝါရီ ၂၀ရက်နေ့ကစပြီးတော့ အသုံးပြုနိုင်တော့မှာပါ။


Stadia ဟာ Razer Phone, Razer Phone 2, ASUS ROG Phone, ASUS ROG Phone II, Samsung Galaxies S8, S8+, S8 Active, Note 8, S9, Note 9, S10, S10E, S10+, Note 10, Note 10+, S20, S20+, S20 Ultra တို့မှာ အသုံးပြုနိုင်မယ်လို့ Google က ဆိုပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ Google Stadia ကို Google Pixel မဟုတ်တဲ့ဖုန်းတွေမှာရရှိခြင်းက အခုတစ်ကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ Stadia subscription နဲ့ တည်ငြိမ်တဲ့ ဝိုင်ဖိုင်လိုင်းရှိမှာသာ အသုံးပြုရတာအဆင်ပြေမှာပါ။ ၂၀၂၀အတွင်းမှာ ဂိမ်းပေါင်း၁၂၀နှင့်အထက် ဆော့ကစားနိုင်အောင် ပြင်ဆင်မယ်လို့သိရပါတယ်။ တော်တော်များတဲ့ပမာဏလို့တောင် ပြောနိုင်ပါတယ်။
ဈေးကွက်ထဲမှာ Stadia ဟာ အတော်လေးငြိမ်သက်နေခဲ့တာ ကြာပါပြီ။ စစချင်းသုံးတဲ့သူတွေအနေနဲ့ ဆော့ကစားနိုင်တဲ့ device နည်းပါးသလို ဂိမ်းကလည်း များများစားစားမရှိသေးပါဘူး။ Stadia အနေနဲ့update မပေးတာလည်း ကြာနေပါပြီ။ Play Store ပေါ်က review တွေကိုဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ ကစားသူတွေဟာ feature အသစ်ထည့်ပေးဖို့ တော်တော်လေးဆန္ဒရှိနေကြတာကို မြင်တွေ့ရမှာပါ။ နောက်တော့ free subscription, Google Assistant support, YouTube sharing, exclusive game အနည်းငယ်လောက် မြင်တွေ့ရနိုင်ပါတယ်။
အစပိုင်းတည်းက subscription လုပ်ထားတဲ့သူတွေအနေနဲ့ free trial subscription ကုန်ဆုံးတော့မှာမို့ နောက်တစ်ကြိမ် subscription လုပ်ရတော့မယ့်အချိန်နဲ့ကိုက်နေပါတယ်။ ဒါကြောင့် တိုးတက်ပြောင်းလဲမှုတွေကိုတော့ သေချာပေါက်မြင်တွေ့ရလိမ့်မယ်ဆိုတာ သေချာနေပါတယ်။ Stadia ရဲ့ဈေးကွက်က ပြောထားသလောက်ကြီး ကောင်းမွန်မနေဘူးဆိုပေမယ့်လည်း ဘယ်လောက်အထိ တိုးတက်ပြောင်းလဲလာမလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။

Zawgyi

Stadia ဂိမ္းဆားဗစ္ေလးကေတာ့ သူ႔ရဲ႕ Pixel ဖုန္းေတြမွာသာ အသုံးျပဳခြင့္ေပးထားရာကေန အခုဆိုရင္ေတာ့ အျခားဖုန္းေတြဆီကိုလည္း ေရာက္ရွိေအာင္ ဖန္တီးလိုက္ၿပီ ျဖစ္ပါတယ္။ တကယ္ေတာ့ Stadia ေလးကို Razer, ASUS, Samsung တို႔ရဲ႕ဖုန္းအသစ္ေတြမွာ ေဖေဖာ္ဝါရီ ၂၀ရက္ေန႔ကစၿပီးေတာ့ အသုံးျပဳႏိုင္ေတာ့မွာပါ။


Stadia ဟာ Razer Phone, Razer Phone 2, ASUS ROG Phone, ASUS ROG Phone II, Samsung Galaxies S8, S8+, S8 Active, Note 8, S9, Note 9, S10, S10E, S10+, Note 10, Note 10+, S20, S20+, S20 Ultra တို႔မွာ အသုံးျပဳႏိုင္မယ္လို႔ Google က ဆိုပါတယ္။
အေပၚမွာေျပာခဲ့သလိုပဲ Google Stadia ကို Google Pixel မဟုတ္တဲ့ဖုန္းေတြမွာရရွိျခင္းက အခုတစ္ႀကိမ္ဟာ ပထမဆုံးျဖစ္ပါတယ္။ Stadia subscription နဲ႔ တည္ၿငိမ္တဲ့ ဝိုင္ဖိုင္လိုင္းရွိမွာသာ အသုံးျပဳရတာအဆင္ေျပမွာပါ။ ၂၀၂၀အတြင္းမွာ ဂိမ္းေပါင္း၁၂၀ႏွင့္အထက္ ေဆာ့ကစားႏိုင္ေအာင္ ျပင္ဆင္မယ္လို႔သိရပါတယ္။ ေတာ္ေတာ္မ်ားတဲ့ပမာဏလို႔ေတာင္ ေျပာႏိုင္ပါတယ္။
ေဈးကြက္ထဲမွာ Stadia ဟာ အေတာ္ေလးၿငိမ္သက္ေနခဲ့တာ ၾကာပါၿပီ။ စစခ်င္းသုံးတဲ့သူေတြအေနနဲ႔ ေဆာ့ကစားႏိုင္တဲ့ device နည္းပါးသလို ဂိမ္းကလည္း မ်ားမ်ားစားစားမရွိေသးပါဘူး။ Stadia အေနနဲ႔update မေပးတာလည္း ၾကာေနပါၿပီ။ Play Store ေပၚက review ေတြကိုဖတ္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ကစားသူေတြဟာ feature အသစ္ထည့္ေပးဖို႔ ေတာ္ေတာ္ေလးဆႏၵရွိေနၾကတာကို ျမင္ေတြ႕ရမွာပါ။ ေနာက္ေတာ့ free subscription, Google Assistant support, YouTube sharing, exclusive game အနည္းငယ္ေလာက္ ျမင္ေတြ႕ရႏိုင္ပါတယ္။
အစပိုင္းတည္းက subscription လုပ္ထားတဲ့သူေတြအေနနဲ႔ free trial subscription ကုန္ဆုံးေတာ့မွာမို႔ ေနာက္တစ္ႀကိမ္ subscription လုပ္ရေတာ့မယ့္အခ်ိန္နဲ႔ကိုက္ေနပါတယ္။ ဒါေၾကာင့္ တိုးတက္ေျပာင္းလဲမႈေတြကိုေတာ့ ေသခ်ာေပါက္ျမင္ေတြ႕ရလိမ့္မယ္ဆိုတာ ေသခ်ာေနပါတယ္။ Stadia ရဲ႕ေဈးကြက္က ေျပာထားသေလာက္ႀကီး ေကာင္းမြန္မေနဘူးဆိုေပမယ့္လည္း ဘယ္ေလာက္အထိ တိုးတက္ေျပာင္းလဲလာမလဲဆိုတာ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.