အိန္ဒိယနိုင်ငံရဲ့ ပရီမီယမ်စမတ်ဖုန်းဈေးကွက်မှာ ရှယ်ယာ ၇၅.၆ရာခိုင်နှုန်းနဲ့ Apple ဦးဆောင်ထား

0
1638

Unicode

၂၀၁၉ခုနှစ်ရဲ့ လေးခုမြောက်ကွာတားမှာ ရှယ်ယာ ၇၅.၆ရာခိုင်နှုန်းနဲ့ အိန္ဒိယရဲ့ပရီမီယမ်စမတ်ဖုန်းဈေးကွက်ကို Apple က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
IDC ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ report အရ Apple ဟာ ပရီမီယမ်စမတ်ဖုန်းဈေးကွက်ရဲ့ လေးပုံသုံးပုံကို အသာစီးရယူထားတာဖြစ်ပါတယ်။ ပရီမီယမ်စမတ်ဖုန်းတွေဖြစ်တဲ့အတွက်ကြောင့် အနိမ့်ဆုံး ဒေါ်လာ၅၀၀အထက်မှာ ရှိနေပါတယ်။ Apple ရဲ့စမတ်ဖုန်းအားလုံးဟာ ဒီပမာဏထက်ကို ကျော်လွန်နေပါတယ်။ ဒါတောင် လျှော့ပေးထားတာမျိုးတွေ၊ ဈေးချတာမျိုးတွေ ရှိလည်း အကျုံးဝင်နေတုန်းပါပဲ။
၂၀၁၉ခုနှစ်ရဲ့ကွာတား ၂ နဲ့ကွာတား ၃ မှာ iPhone 11 ရဲ့ ရောင်းအားကောင်းမှုတွေလည်းရှိခဲ့သလို iPhone XR ကို ပြည်တွင်းမှာထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဈေးလျှော့နိုင်ခဲ့တာတွေကလည်း ရောင်းအားကို တဟုန်ထိုးတက်သွားစေခဲ့ပါသေးတယ်။


ကွာတား ၄ မှာတော့ ဘတ်ဂျက်ပိုင်းမှာ ၇၉ရာခိုင်နှုန်း၊ mid-range ပိုင်းမှာ ၁၉.၃ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့တာမို့ မနှစ်ကထက် ၅၅.၂ရာခိုင်နှုန်း ပိုတက်လာခဲ့ပါတယ်။ ပရီမီယမ်ပိုင်းမှာတော့ ၂.၇ရာခိုင်နှုန်း ပိုတက်ခဲ့တယ်လို့ ဆိုရမှာပါ။
လွန်ခဲ့တဲ့နှစ်တွေတုန်းက အမြတ်ငွေတွေကျဆင်းခဲ့ပြီး ဈေးကွက်ရှယ်ယာ ၁ရာခိုင်နှုန်းလောက်တောင် ပြုတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ပြန်လည်ဦးမော့လာပြီလို့ ပြောရမှာပါ။ Apple Watch နဲ့AirPods တွေဟာ အိန္ဒိယမှာ ရောင်းအားကောင်းတယ်လို့လည်း သိရပါတယ်။
၂၀၁၉တစ်နှစ်တာအတွက် အိန္ဒိယရဲ့ စမတ်ဖုန်းဈေးကွက်ကို ကြည့်လိုက်မယ်ဆိုရင် Xiaomi က ၂၈.၆ရာခိုင်နှုန်း၊ Samsung, Vivo, Oppo ကတော့ ၂၀.၃ရာခိုင်နှုန်း၊ ၁၅.၆ရာခိုင်နှုန်း၊ ၁၀.၇ရာခိုင်နှုန်းစီ ယူထားကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက Realme ဟာ ၁၀.၆ရာခိုင်နှုန်းရရှိထားတာဆိုတော့ ၂၆၃.၅ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၂၀ခုနှစ်မှာ ဘယ်လောက်အထိ မြင့်တက်လာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

Zawgyi

၂၀၁၉ခုႏွစ္ရဲ႕ ေလးခုေျမာက္ကြာတားမွာ ရွယ္ယာ ၇၅.၆ရာခိုင္ႏႈန္းနဲ႔ အိႏၵိယရဲ႕ပရီမီယမ္စမတ္ဖုန္းေဈးကြက္ကို Apple က သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
IDC ရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ report အရ Apple ဟာ ပရီမီယမ္စမတ္ဖုန္းေဈးကြက္ရဲ႕ ေလးပုံသုံးပုံကို အသာစီးရယူထားတာျဖစ္ပါတယ္။ ပရီမီယမ္စမတ္ဖုန္းေတြျဖစ္တဲ့အတြက္ေၾကာင့္ အနိမ့္ဆုံး ေဒၚလာ၅၀၀အထက္မွာ ရွိေနပါတယ္။ Apple ရဲ႕စမတ္ဖုန္းအားလုံးဟာ ဒီပမာဏထက္ကို ေက်ာ္လြန္ေနပါတယ္။ ဒါေတာင္ ေလွ်ာ့ေပးထားတာမ်ိဳးေတြ၊ ေဈးခ်တာမ်ိဳးေတြ ရွိလည္း အက်ဳံးဝင္ေနတုန္းပါပဲ။
၂၀၁၉ခုႏွစ္ရဲ႕ကြာတား ၂ နဲ႔ကြာတား ၃ မွာ iPhone 11 ရဲ႕ ေရာင္းအားေကာင္းမႈေတြလည္းရွိခဲ့သလို iPhone XR ကို ျပည္တြင္းမွာထုတ္လုပ္ႏိုင္ခဲ့တဲ့အတြက္ ေဈးေလွ်ာ့ႏိုင္ခဲ့တာေတြကလည္း ေရာင္းအားကို တဟုန္ထိုးတက္သြားေစခဲ့ပါေသးတယ္။


ကြာတား ၄ မွာေတာ့ ဘတ္ဂ်က္ပိုင္းမွာ ၇၉ရာခိုင္ႏႈန္း၊ mid-range ပိုင္းမွာ ၁၉.၃ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့တာမို႔ မႏွစ္ကထက္ ၅၅.၂ရာခိုင္ႏႈန္း ပိုတက္လာခဲ့ပါတယ္။ ပရီမီယမ္ပိုင္းမွာေတာ့ ၂.၇ရာခိုင္ႏႈန္း ပိုတက္ခဲ့တယ္လို႔ ဆိုရမွာပါ။
လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက အျမတ္ေငြေတြက်ဆင္းခဲ့ၿပီး ေဈးကြက္ရွယ္ယာ ၁ရာခိုင္ႏႈန္းေလာက္ေတာင္ ျပဳတ္က်ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္လည္ဦးေမာ့လာၿပီလို႔ ေျပာရမွာပါ။ Apple Watch နဲ႔AirPods ေတြဟာ အိႏၵိယမွာ ေရာင္းအားေကာင္းတယ္လို႔လည္း သိရပါတယ္။
၂၀၁၉တစ္ႏွစ္တာအတြက္ အိႏၵိယရဲ႕ စမတ္ဖုန္းေဈးကြက္ကို ၾကည့္လိုက္မယ္ဆိုရင္ Xiaomi က ၂၈.၆ရာခိုင္ႏႈန္း၊ Samsung, Vivo, Oppo ကေတာ့ ၂၀.၃ရာခိုင္ႏႈန္း၊ ၁၅.၆ရာခိုင္ႏႈန္း၊ ၁၀.၇ရာခိုင္ႏႈန္းစီ ယူထားၾကပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက Realme ဟာ ၁၀.၆ရာခိုင္ႏႈန္းရရွိထားတာဆိုေတာ့ ၂၆၃.၅ရာခိုင္ႏႈန္းအထိ ျမင့္တက္လာတယ္လို႔ ေျပာႏိုင္ပါတယ္။ ၂၀၂၀ခုႏွစ္မွာ ဘယ္ေလာက္အထိ ျမင့္တက္လာမလဲဆိုတာကလည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.