Unicode
၂၀၂၀ခုနှစ်ကိုရောက်ရှိလာပေမယ့်လည်း အခုအချိန်အထိတော့ iPad အတွက် Instagram မရှိသေးပါဘူး။ feature တွေသာထပ်ထည့်လာတယ်။ နယ်တွေသာချဲ့လာတယ်။ iPad ဆီကိုတော့ ရောက်မလာခဲ့ပါဘူး။ Instagram ရဲ့စီအီးအိုက ဘာကြောင့် မလုပ်ဖြစ်သေးသလဲဆိုတာကို အခုလိုပြန်လည်ဖြေကြားထားပါတယ်။
သူတို့အနေနဲ့ platform နှစ်ခုလုံးအတွက် ဖန်တီးပေးဖို့ရာ resource တွေမရှိတဲ့အတွက်ကြောင့်ပါ။ Instagram ဟာ အများကြီးလုပ်စရာရှိနေပါတယ်။
ကျွန်တော်တို့လည်း iPad app လုပ်ချင်ပါတယ။် ကျွန်တော်တို့မှာ ရှိတဲ့လူတွေနဲ့ လုပ်စရာတွေက အများကြီးကျန်နေပါသေးတယ်။ ဒီအတွက် ရွှေ့ဆိုင်းထားရတာပါလို့စီအီးအိုဖြစ်သူ Mosseri က ပြောပြပါတယ်။
Instagram ဟာ iPad အတွက် ထုတ်ပေးဖို့တောင်းဆိုနေတဲ့သူတွေကို မသိကျိုးကျွန်ပြုပြီး နေလာခဲ့တာ အချိန်အတော်ကြာမြင့်နေပါပြီ။ ပြီးခဲ့တဲ့လတုန်းက web ပေါ်မှာ DM သုံးလို့ရအောင်လုပ်မယ်ဆိုတော့ iPad app ကို ဦးစားပေးအနေနဲ့ မလုပ်သင့်ဘူးလားလို့ မေးကြည့်မိခဲ့ပါသေးတယ်။ အဲဒီမှာ သုံးစွဲသူတွေအတွက် ချစ်ရသူတွေနဲ့ အဆက်အသွယ်မပြတ်စေချင်တဲ့စိတ်ကူးက ပိုပြီးဦးစားပေးသင့်တယ်လို့ ပြန်ဖြေသွားပါတယ်။
iPad အတွက် third-party Instagram app တွေ အများကြီးပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Instagram က API ချိန်းလိုက်တဲ့အတွက်ကြောင့် အဲဒီဈေးကွက်ကလည်း ပျက်သွားပါတယ်။ Instagram web app ကိုလည်း iPad မှာ သုံးလို့ရနေတာပဲဆိုတဲ့ကိစ္စကလည်း အငြင်းအခုံတွေဖြစ်ခဲ့ပါတယ်။ Home screen ပေါ်ကို တင်ထားလို့ရတာပဲမဟုတ်လား။ ဒါပေမယ့်လည်း သီးသန့် app နဲ့တော့ ဘယ်တူပါ့မလဲ။
iPad app ဖြစ်လာဖို့အတွက်ကတော့ ဘယ်အချိန်အထိ စောင့်ရမလဲ ကျွန်တော်တို့မသိရသေးပါဘူး။ စာဖတ်သူတွေရော စီအီးအိုပြောတဲ့စကားကို ဘယ်လိုမြင်သလဲဆိုတာ ပြောခဲ့ပါဦး။
Zawgyi
၂၀၂၀ခုႏွစ္ကိုေရာက္ရွိလာေပမယ့္လည္း အခုအခ်ိန္အထိေတာ့ iPad အတြက္ Instagram မရွိေသးပါဘူး။ feature ေတြသာထပ္ထည့္လာတယ္။ နယ္ေတြသာခ်ဲ႕လာတယ္။ iPad ဆီကိုေတာ့ ေရာက္မလာခဲ့ပါဘူး။ Instagram ရဲ႕စီအီးအိုက ဘာေၾကာင့္ မလုပ္ျဖစ္ေသးသလဲဆိုတာကို အခုလိုျပန္လည္ေျဖၾကားထားပါတယ္။
သူတို႔အေနနဲ႔ platform ႏွစ္ခုလုံးအတြက္ ဖန္တီးေပးဖို႔ရာ resource ေတြမရွိတဲ့အတြက္ေၾကာင့္ပါ။ Instagram ဟာ အမ်ားႀကီးလုပ္စရာရွိေနပါတယ္။
ကြၽန္ေတာ္တို႔လည္း iPad app လုပ္ခ်င္ပါတယ။္ ကြၽန္ေတာ္တို႔မွာ ရွိတဲ့လူေတြနဲ႔ လုပ္စရာေတြက အမ်ားႀကီးက်န္ေနပါေသးတယ္။ ဒီအတြက္ ေ႐ႊ႕ဆိုင္းထားရတာပါလို႔စီအီးအိုျဖစ္သူ Mosseri က ေျပာျပပါတယ္။
Instagram ဟာ iPad အတြက္ ထုတ္ေပးဖို႔ေတာင္းဆိုေနတဲ့သူေတြကို မသိက်ိဳးကြၽန္ျပဳၿပီး ေနလာခဲ့တာ အခ်ိန္အေတာ္ၾကာျမင့္ေနပါၿပီ။ ၿပီးခဲ့တဲ့လတုန္းက web ေပၚမွာ DM သုံးလို႔ရေအာင္လုပ္မယ္ဆိုေတာ့ iPad app ကို ဦးစားေပးအေနနဲ႔ မလုပ္သင့္ဘူးလားလို႔ ေမးၾကည့္မိခဲ့ပါေသးတယ္။ အဲဒီမွာ သုံးစြဲသူေတြအတြက္ ခ်စ္ရသူေတြနဲ႔ အဆက္အသြယ္မျပတ္ေစခ်င္တဲ့စိတ္ကူးက ပိုၿပီးဦးစားေပးသင့္တယ္လို႔ ျပန္ေျဖသြားပါတယ္။
iPad အတြက္ third-party Instagram app ေတြ အမ်ားႀကီးေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း Instagram က API ခ်ိန္းလိုက္တဲ့အတြက္ေၾကာင့္ အဲဒီေဈးကြက္ကလည္း ပ်က္သြားပါတယ္။ Instagram web app ကိုလည္း iPad မွာ သုံးလို႔ရေနတာပဲဆိုတဲ့ကိစၥကလည္း အျငင္းအခုံေတြျဖစ္ခဲ့ပါတယ္။ Home screen ေပၚကို တင္ထားလို႔ရတာပဲမဟုတ္လား။ ဒါေပမယ့္လည္း သီးသန႔္ app နဲ႔ေတာ့ ဘယ္တူပါ့မလဲ။
iPad app ျဖစ္လာဖို႔အတြက္ကေတာ့ ဘယ္အခ်ိန္အထိ ေစာင့္ရမလဲ ကြၽန္ေတာ္တို႔မသိရေသးပါဘူး။ စာဖတ္သူေတြေရာ စီအီးအိုေျပာတဲ့စကားကို ဘယ္လိုျမင္သလဲဆိုတာ ေျပာခဲ့ပါဦး။