Unicode
နည်းပညာစကားလုံးအရ ပြောရမယ်ဆိုရင်တော့ chronological order ပေါ့လေ
၂၀၁၆ခုနှစ်မှာ chronological order ကနေ algorithm နဲ့လုပ်ဆောင်ပြီးပြသတဲ့ပုံစံကို ပြောင်းလဲလိုက်တာပါ။ app code ထဲမှာမြင်တွေ့ရတဲ့ feature အသစ်လေးကတော့ မကြာသေးခင်ကမှတင်ထားတဲ့ပို့စ်တွေကို အရင်ဆုံးမြင်ရတော့မယ်ဆိုတာ ပြောပြနေသလိုပါပဲ။
လက်ရှိမှာတော့ ပုံမှန်သုံးစွဲသူတွေဆီကို ဒီ feature လေးကရောက်ဦးမှာ မဟုတ်သေးပါဘူး။ “get caught up ” ဆိုတဲ့ screen လေး တက်လာပြီးတော့ ပို့စ်အသစ်တွေကို ပြသနေတာပါ။
ဒါဟာ အရင်တုန်းက chronological order အဖြစ်ကို လုံးဝကူးပြောင်းလိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသစ်တင်ထားတာတွေကို မြင်ချင်တဲ့သူတွေကတော့ ဒီ feature လေးကို စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
latest posts feature လေးကို ဘယ်အချိန်မှာ ကျွန်တော်တို့သုံးစွဲခွင့်ရမလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ သေချာတာကတော့ Instagram developer တွေက စမ်းသပ်နေပါပြီ။
ဒါလေးက လူတိုင်းအတွက် ရလာမှာမဟုတ်ပါဘူး။ စမ်းသပ်ဖို့ ဒါမှမဟုတ် launch လုပ်ဖို့အတွက် ဒီအချိန်မှာ ကျွန်တော်တို့စိတ်ကူးမထားသေးပါဘူးလို့ ပြောပါတယ်။ ဆိုတော့ ဒီအချိန်မှာ ရနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီအချိန်လို့ ပြောချင်တာပါ။
စာဖတ်သူကရော လက်ရှိသုံးနေတဲ့ feature ကိုကြိုက်လား အရင်တုန်းက chronological feature ကို ပြန်လိုချင်သလား။ အသစ်ထွက်လာမယ့် chronological feature လေးရော ဘယ်လိုမြင်လဲ။
Zawgyi