Galaxy Z Flip ရဲ့ အကြမ်းခံမှုကို စစ်ဆေးထားတဲ့ဗွီဒီယို

0
2764

Unicode

Galaxy Z Flip ရဲ့ ဒီဇိုင်းပြောင်းလဲမှုမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်တစ်ခုကတော့ Ultra Thin Glass (UTG) display ကို ကို အသုံးပြုထားတာပါ။ အရင်တုန်းက Galaxy Fold မှာ ပလတ်စတစ်screen ကို အသုံးပြုထားတာဆိုတော့ တော်တော်လေးအဆင့်မြင့်သွားတယ်လို့ ပြောနိုင်ပါတယ်။
အရင်တုန်းကမြင်ခဲ့ဖူးတဲ့ ပလတ်စတစ် foldable ထက်တော့ တော်တော်လေးယုယဖို့ လိုပါလိမ့်မယ်။ ဒီအတွက် အားလုံးစောင့်မျှော်နေကြမယ်လို့ ယူဆရတဲ့ JerryRigEverything ရဲ့ ဗွီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဗွီဒီယိုလေးထဲမှာတော့ Galaxy Z Flip မျက်နှာပြင်ကို Moh ရဲ့ Hardness Test Kit နဲ့ စမ်းသပ်ပြထားတာကို တွေ့မြင်ရမှာပါ။


အစင်းရာစထင်တာကတော့ ဒီနေ့ခေတ်စမတ်ဖုန်းအများစုမှာတွေ့မြင်ရတဲ့ အဆင့်ခြောက်မှ မြင်တွေ့ရတာပါ။
Nelson ဟာ မျက်နှာပြင်ကိုဖောက်ပြီးတော့ အပေါက်ဖောက်ကြည့်လိုက်တဲ့အချိန်မှာ glass လိုကွဲမသွားဘဲနဲ့ အောက်မှာရှိတဲ့ pixel တွေပျက်စီးသွားတာကို မြင်ရပါတယ်။
စမ်းသပ်ချက်အပြီးမှာတော့ Galaxy Z Flip ရဲ့ မျက်နှာပြင်ဟာ plastic polymer နဲ့glass ကို ပေါင်းစပ်ဖန်တီးထားတယ်လို့ သုံးသပ်သွားပါတယ်။ ဒါဟာ Samsung ကြေညာထားတဲ့ glass panel ဆိုတာနဲ့တော့ ကွဲပြားနေပါတယ်။
Samsung ရဲ့ တုံ့ပြန်ချက်က ဘယ်လိုဖြစ်မလဲ
Galaxy Z Flip မှာ Galaxy Fold မှာတုန်းက ထည့်သွင်းထားတဲ့ protective layer လိုမျိုး တစ်လွှာထည့်သွင်းထားတယ်လို့ ပြောပါတယ်။
ဒါလည်း ဖြစ်နိုင်ပါတယ်။ အစောပိုင်းခြစ်ရာတွေဟာ အပေါ်ယံပလတ်စတစ်လွှာမှာပဲ ဖြစ်နေပုံရပါတယ်။ ဒါပေမယ့် အပေါက်ဖောက်တဲ့အခါမှာ glass ဆိုရင် ကွဲရမှာမဟုတ်လား။
Galaxy Z Flip ကို one-time screen replacement အတွက် ဒေါ်လာ၁၁၉ နဲ့ လုပ်ဆောင်ပေးပါတယ်။
စိတ်ပူသင့်သလား
ဒေါ်လာ ၁၃၈၀တန် Samsung Galaxy Z Flip ဟာ ဈေးကြီးတဲ့ဖုန်းတစ်လုံးပါ။ အလွယ်တကူနဲ့ ခြစ်ရာတွေထင်မယ်၊ ကွဲအက်နိုင်တယ်ဆိုတာက တော်တော်လေးစဉ်းစားရမယ့် ကိစ္စတစ်ခုပါ။
ကိုင်တဲ့အချိန်မှာ သတိထားပါ။ လက်သည်းနဲ့မထိုးမိအောင် ရှောင်ကြပေါ့လေ။

Zawgyi

Galaxy Z Flip ရဲ႕ ဒီဇိုင္းေျပာင္းလဲမႈမွာ စိတ္လႈပ္ရွားစရာေကာင္းတဲ့အခ်က္တစ္ခုကေတာ့ Ultra Thin Glass (UTG) display ကို ကို အသုံးျပဳထားတာပါ။ အရင္တုန္းက Galaxy Fold မွာ ပလတ္စတစ္screen ကို အသုံးျပဳထားတာဆိုေတာ့ ေတာ္ေတာ္ေလးအဆင့္ျမင့္သြားတယ္လို႔ ေျပာႏိုင္ပါတယ္။
အရင္တုန္းကျမင္ခဲ့ဖူးတဲ့ ပလတ္စတစ္ foldable ထက္ေတာ့ ေတာ္ေတာ္ေလးယုယဖို႔ လိုပါလိမ့္မယ္။ ဒီအတြက္ အားလုံးေစာင့္ေမွ်ာ္ေနၾကမယ္လို႔ ယူဆရတဲ့ JerryRigEverything ရဲ႕ ဗြီဒီယိုေလးကို တင္ဆက္ေပးလိုက္ပါတယ္။
ဗြီဒီယိုေလးထဲမွာေတာ့ Galaxy Z Flip မ်က္ႏွာျပင္ကို Moh ရဲ႕ Hardness Test Kit နဲ႔ စမ္းသပ္ျပထားတာကို ေတြ႕ျမင္ရမွာပါ။


အစင္းရာစထင္တာကေတာ့ ဒီေန႔ေခတ္စမတ္ဖုန္းအမ်ားစုမွာေတြ႕ျမင္ရတဲ့ အဆင့္ေျခာက္မွ ျမင္ေတြ႕ရတာပါ။
Nelson ဟာ မ်က္ႏွာျပင္ကိုေဖာက္ၿပီးေတာ့ အေပါက္ေဖာက္ၾကည့္လိုက္တဲ့အခ်ိန္မွာ glass လိုကြဲမသြားဘဲနဲ႔ ေအာက္မွာရွိတဲ့ pixel ေတြပ်က္စီးသြားတာကို ျမင္ရပါတယ္။
စမ္းသပ္ခ်က္အၿပီးမွာေတာ့ Galaxy Z Flip ရဲ႕ မ်က္ႏွာျပင္ဟာ plastic polymer နဲ႔glass ကို ေပါင္းစပ္ဖန္တီးထားတယ္လို႔ သုံးသပ္သြားပါတယ္။ ဒါဟာ Samsung ေၾကညာထားတဲ့ glass panel ဆိုတာနဲ႔ေတာ့ ကြဲျပားေနပါတယ္။
Samsung ရဲ႕ တုံ႔ျပန္ခ်က္က ဘယ္လိုျဖစ္မလဲ
Galaxy Z Flip မွာ Galaxy Fold မွာတုန္းက ထည့္သြင္းထားတဲ့ protective layer လိုမ်ိဳး တစ္လႊာထည့္သြင္းထားတယ္လို႔ ေျပာပါတယ္။
ဒါလည္း ျဖစ္ႏိုင္ပါတယ္။ အေစာပိုင္းျခစ္ရာေတြဟာ အေပၚယံပလတ္စတစ္လႊာမွာပဲ ျဖစ္ေနပုံရပါတယ္။ ဒါေပမယ့္ အေပါက္ေဖာက္တဲ့အခါမွာ glass ဆိုရင္ ကြဲရမွာမဟုတ္လား။
Galaxy Z Flip ကို one-time screen replacement အတြက္ ေဒၚလာ၁၁၉ နဲ႔ လုပ္ေဆာင္ေပးပါတယ္။
စိတ္ပူသင့္သလား
ေဒၚလာ ၁၃၈၀တန္ Samsung Galaxy Z Flip ဟာ ေဈးႀကီးတဲ့ဖုန္းတစ္လုံးပါ။ အလြယ္တကူနဲ႔ ျခစ္ရာေတြထင္မယ္၊ ကြဲအက္ႏိုင္တယ္ဆိုတာက ေတာ္ေတာ္ေလးစဥ္းစားရမယ့္ ကိစၥတစ္ခုပါ။
ကိုင္တဲ့အခ်ိန္မွာ သတိထားပါ။ လက္သည္းနဲ႔မထိုးမိေအာင္ ေရွာင္ၾကေပါ့ေလ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.