Realme X50 Pro တွင် 65W SuperDart Charging နဲ့ 90Hz Super AMOLED screen သုံးလာမည်

0
528

Realme အနေနဲ့ X50 Pro flagship ဖုန်းကိုမိတ်ဆက်ဖို့ ရက်သိပ်မလိုတော့ပါဘူး။ Realme Europe ကအတည်ပြုချက် ပေးလိုက်တာကတော့ ဒီဖုန်းမှာ 90Hz Super AMOLED display သုံးလာမယ်လို့ ဆိုပါတယ်။ ပိုမိုသွက်လက်မြန်ဆန်ပြီး ပိုကောင်းတဲ့ မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းမှာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Realmeဟာ Dart နဲ့ SuperDart ဆိုတဲ့အမည်မူပိုင်ခွင့် တင်ခဲ့ပါတယ်။

Realme X50 Pro စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ အဆင့်မြင့် 5G ဖုန်းအနေနဲ့ ထွက်လာမှာဖြစ်ပြီး Snapdragon 865 ကိုသုံးထားမှာပါ။ 12GB LPDDR5 RAM နှင့် 256GB Storage ပါဝင်လာမယ်လို့ သိရပါတယ်။ ပြီးတော့ အတည်ပြုချက်တွေအရ 65W SuperDart Charge ကို ထည့်သွင်းပေးလာမယ်လို့ သိရပါတယ်။ အသစ်ထွက်လာမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး teaser နဲ့ ဓာတ်ပုံတွေအရ ဖုန်းရဲ့အရှေ့ဘက်မှာ dual punch-hole selfie ကင်မရာနဲ့ နောက်ဘက်မှာ ကင်မရာ ၄ လုံးတပ်ထားမယ်လို့ သိရပါတယ်။
code number RMX2071 နဲ့ AnTuTu စမ်းသပ်ချက်တွေ ရထားပြီး 574,985 အထိရထားပါတယ်။ ပြီးတော့ Realme UI ကိုသုံးနိုင်မယ့် ဖုန်းလည်း ဖြစ်မှာပါ။ Realme X50 Pro 5G ကို ဖေဖော်ဝါရီလ 24 ရက်နေ့မှာပဲ အွန်လိုင်းကနေ မိတ်ဆက်ကြေညာသွားပါမယ်။

zawgyi

Realme X50 Pro တြင္ 65W SuperDart Charging နဲ႔ 90Hz Super AMOLED screen သုံးလာမည္
Realme အေနနဲ႔ X50 Pro flagship ဖုန္းကိုမိတ္ဆက္ဖို႔ ရက္သိပ္မလိုေတာ့ပါဘူး။ Realme Europe ကအတည္ျပဳခ်က္ ေပးလိုက္တာကေတာ့ ဒီဖုန္းမွာ 90Hz Super AMOLED display သုံးလာမယ္လို႔ ဆိုပါတယ္။ ပိုမိုသြက္လက္ျမန္ဆန္ၿပီး ပိုေကာင္းတဲ့ ျမင္ကြင္းအေတြ႕အႀကဳံကို ေပးစြမ္းမွာပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက Realmeဟာ Dart နဲ႔ SuperDart ဆိုတဲ့အမည္မူပိုင္ခြင့္ တင္ခဲ့ပါတယ္။

Realme X50 Pro စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ အဆင့္ျမင့္ 5G ဖုန္းအေနနဲ႔ ထြက္လာမွာျဖစ္ၿပီး Snapdragon 865 ကိုသုံးထားမွာပါ။ 12GB LPDDR5 RAM ႏွင့္ 256GB Storage ပါဝင္လာမယ္လို႔ သိရပါတယ္။ ၿပီးေတာ့ အတည္ျပဳခ်က္ေတြအရ 65W SuperDart Charge ကို ထည့္သြင္းေပးလာမယ္လို႔ သိရပါတယ္။ အသစ္ထြက္လာမယ့္ စမတ္ဖုန္းနဲ႔ ပတ္သတ္ၿပီး teaser နဲ႔ ဓာတ္ပုံေတြအရ ဖုန္းရဲ႕အေရွ႕ဘက္မွာ dual punch-hole selfie ကင္မရာနဲ႔ ေနာက္ဘက္မွာ ကင္မရာ ၄ လုံးတပ္ထားမယ္လို႔ သိရပါတယ္။
code number RMX2071 နဲ႔ AnTuTu စမ္းသပ္ခ်က္ေတြ ရထားၿပီး 574,985 အထိရထားပါတယ္။ ၿပီးေတာ့ Realme UI ကိုသုံးႏိုင္မယ့္ ဖုန္းလည္း ျဖစ္မွာပါ။ Realme X50 Pro 5G ကို ေဖေဖာ္ဝါရီလ 24 ရက္ေန႔မွာပဲ အြန္လိုင္းကေန မိတ္ဆက္ေၾကညာသြားပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.