DxOMark ကင်မရာစာရင်းမှာ ထိပ်ဆုံးရောက်လာတဲ့ Xiaomi Mi 10 Pro

0
1733

ပြီးခဲ့တဲ့ရက်ကတော့ Xiaomi အနေနဲ့ flagship Mi 10 series စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းတွေဟာ ကင်မရာစွမ်းဆောင်ရည်ပိုင်းမှာ အတော်ကောင်းလာမယ့် ဖုန်းတွေပဲ ဖြစ်ပါတယ်။ Mi 10 Pro ရဲ့ ကင်မရာဟာ အထင်ကြီးစရာ ကောင်းလောက်အောင် ထိပ်ဆုံးကို ရောက်လာပါတယ်။ DxOMark ကင်မရာစာရင်းမှာ 124 မှတ်နဲ့ ယခင်ဦးဆောင်သူ Huawei Mate 30 Pro 5G ကိုကျော်ဖြတ်လိုက်တာ ဖြစ်ပါတယ်။


ဒီဖုန်းမှာ ကင်မရာအတွက် 108MP Samsung Sensor ကိုသုံးထားပြီး OIS ကို ထောက်ပံ့ထားပါတယ်။ Low-light မှာ အရမ်း အသေးစိတ်ကျတဲ့ ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ RAW Multi-frame Noise Reduction Algorithm ကိုလည်း ထည့်ပေးထားပါတယ်။ 2x Optical Zoom ပါတဲ့ 12MP Telephoto ၊ 10x Hybird Zoom နဲ့ 50x Digital Zoom ပါတဲ့ 8MP Telephoto နဲ့ 20MP Ultrawide Angle ကင်မရာတွေနဲ့ ထပ်ဖြည့်ပေးထားပါတယ်။
သူ့ရဲ့ Digital Zoom ဟာ 0.6x ကနေ 50x အထိ ရှိပါတယ်။ ပင်မကင်မရာရဲ့ ရုပ်ထွက် အရည်အသွေးဟာ အရင်နှစ်ထုတ် Mi CC9 Pro နဲ့ တူပေမယ့် ထောင့်ဘက်စွန်းတွေရဲ့ ကြည်လင်ပြတ်သားမှုနဲ့ Low Light Performance က ပိုကောင်းပါတယ်။ အတွင်း၊အပြင်ရိုက်ကူးမှုတွေ အတွက်လည်း HDR ပိုင်းမှာ အတော်ကောင်းပါတယ်။ Telephoto ကင်မရာ ၂ လုံးက 5x Zoom မှာတောင် အသေးစိတ်ကျအောင် ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။


ဗီဒီယို အပိုင်းမှာ Mi 10 Pro ရဲ့ Video Stabilization , Fast Autofocus တွေက နေ့ဘက်ရော ညဘက်ပါ အသေးစိတ်ကျတဲ့ ဖမ်းယူမှုတွေကို ရနိုင်ပါတယ်။ Dynamic Range ကတော့ အကန့်အသတ်ရှိပြီး Low Light တွေမှာ တခါတလေ Noise အနည်းငယ် ပါတတ်ပါတယ်။

zawgyi

DxOMark ကင္မရာစာရင္းမွာ ထိပ္ဆုံးေရာက္လာတဲ့ Xiaomi Mi 10 Pro
ၿပီးခဲ့တဲ့ရက္ကေတာ့ Xiaomi အေနနဲ႔ flagship Mi 10 series စမတ္ဖုန္းေတြကို မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီဖုန္းေတြဟာ ကင္မရာစြမ္းေဆာင္ရည္ပိုင္းမွာ အေတာ္ေကာင္းလာမယ့္ ဖုန္းေတြပဲ ျဖစ္ပါတယ္။ Mi 10 Pro ရဲ႕ ကင္မရာဟာ အထင္ႀကီးစရာ ေကာင္းေလာက္ေအာင္ ထိပ္ဆုံးကို ေရာက္လာပါတယ္။ DxOMark ကင္မရာစာရင္းမွာ 124 မွတ္နဲ႔ ယခင္ဦးေဆာင္သူ Huawei Mate 30 Pro 5G ကိုေက်ာ္ျဖတ္လိုက္တာ ျဖစ္ပါတယ္။

ဒီဖုန္းမွာ ကင္မရာအတြက္ 108MP Samsung Sensor ကိုသုံးထားၿပီး OIS ကို ေထာက္ပံ့ထားပါတယ္။ Low-light မွာ အရမ္း အေသးစိတ္က်တဲ့ ပုံရိပ္ေတြဖမ္းယူေပးႏိုင္တဲ့ RAW Multi-frame Noise Reduction Algorithm ကုိလည္း ထည့္ေပးထားပါတယ္။ 2x Optical Zoom ပါတဲ့ 12MP Telephoto ၊ 10x Hybird Zoom နဲ႔ 50x Digital Zoom ပါတဲ့ 8MP Telephoto နဲ႔ 20MP Ultrawide Angle ကင္မရာေတြနဲ႔ ထပ္ျဖည့္ေပးထားပါတယ္။
သူ႔ရဲ႕ Digital Zoom ဟာ 0.6x ကေန 50x အထိ ရွိပါတယ္။ ပင္မကင္မရာရဲ႕ ႐ုပ္ထြက္ အရည္အေသြးဟာ အရင္ႏွစ္ထုတ္ Mi CC9 Pro နဲ႔ တူေပမယ့္ ေထာင့္ဘက္စြန္းေတြရဲ႕ ၾကည္လင္ျပတ္သားမႈနဲ႔ Low Light Performance က ပိုေကာင္းပါတယ္။ အတြင္း၊အျပင္ရိုက္ကူးမႈေတြ အတြက္လည္း HDR ပိုင္းမွာ အေတာ္ေကာင္းပါတယ္။ Telephoto ကင္မရာ ၂ လုံးက 5x Zoom မွာေတာင္ အေသးစိတ္က်ေအာင္ ႐ိုက္ကူးေပးႏုိင္ပါလိမ့္မယ္။

ဗီဒီယို အပိုင္းမွာ Mi 10 Pro ရဲ႕ Video Stabilization , Fast Autofocus ေတြက ေန႔ဘက္ေရာ ညဘက္ပါ အေသးစိတ္က်တဲ့ ဖမ္းယူမႈေတြကို ရႏိုင္ပါတယ္။ Dynamic Range ကေတာ့ အကန႔္အသတ္ရွိၿပီး Low Light ေတြမွာ တခါတေလ Noise အနည္းငယ္ ပါတတ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.