Unicode
အလယ်တန်းကျောင်းသားလေးဟာ သူ့ရဲ့နှလုံးခုန်နှုန်းဟာ 190bpm ရှိနေပြီဆိုပြီးတော့ Apple Watch ဆီကနေ အချက်ပြတာကို လက်ခံရရှိခဲ့ပါတယ်။ ချက်ချင်းပဲ သတိပေးချက်ကို screenshot ရိုက်ပြီး အမေဖြစ်သူကို ပြသခဲ့ပါတယ်။
သူ့ရဲ့နှလုံးခုန်နှုန်းက 190 ဖြစ်နေပြီဆိုတဲ့ မက်ဆေ့ချ်လေး ရခဲ့ပါတယ်လို့ အမေဖြစ်သူကပြောပါတယ်။ အဲဒီနောက်မှာ သူက တစ်ခုခုတော့ဖြစ်နေပြီအမေ။ သားတော့ ဘာမှမလုပ်နိုင်တော့ဘူးလို့ နောက်ထပ်မက်ဆေ့ချ်ထပ်ပို့ခဲ့ပါတယ်။
ဘာဖြစ်လို့ အဲဒီအချိန်မှာ နှလုံးခုန်နှုန်းတွေမြန်ဆန်သွားရသလဲဆိုတာတော့ မသိရသေးပါဘူး။ အဲဒီကျောင်းသားလေးဟာ အရင်တုန်းက SVT လို့ခေါ်တဲ့ နှလုံးခုန်နှုန်းပုံမှန်မဟုတ်တဲ့ရောဂါ ရှိခဲ့ဖူးပါတယ်။
Apple Watch ရဲ့ သတိပေးချက်မပါရင် ဒီလိုဖြစ်ရပ်ကို သတိထားမိမှာတောင် မဟုတ်ပါဘူး။ စောစောတွေ့ရှိသွားတဲ့အတွက်ကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
စမ်းသပ်မှုလေးတွေနဲ့ဘောလုံးကစားချိန်တွေကို စောင့်ကြည့်အပြီးမှာတော့ လုံးဝကိုပြန်လည်ကျန်းမာလာခဲ့ပြီး ဘောလုံးပြန်ကစားခွင့်ရခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးဖြစ်အပြီးမှာတော့ သူဟာ Apple Watch ကို နေ့တိုင်းဝတ်ဆင်ထားသလို အခြားသူတွေကိုလည်း ဝတ်ဆင်ဖို့ထောက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဧပြီ ၂၅ ရက်နေ့မှာ face of the Oklahoma American Heart Association Heart Walk ဖြစ်လာမှာပါ။
Apple Watch ရဲ့အသက်ကယ်မှုသတင်းတွေကတော့ ကြားနေရတာ မထူးဆန်းတော့ပါဘူး။ Apple Watch ကယ်လို့အသက်ဆက်ရှင်နေရတဲ့သူတွေရဲ့ တကယ့်ဇာတ်ကြောင်းတွေကို ဗွီဒီယိုရိုက်ပြီးတော့ Apple က မျှဝေမှုတွေလုပ်ဆောင်နေပါတယ်။
Zawgyi
အလယ္တန္းေက်ာင္းသားေလးဟာ သူ႔ရဲ႕ႏွလုံးခုန္ႏႈန္းဟာ 190bpm ရွိေနၿပီဆိုၿပီးေတာ့ Apple Watch ဆီကေန အခ်က္ျပတာကို လက္ခံရရွိခဲ့ပါတယ္။ ခ်က္ခ်င္းပဲ သတိေပးခ်က္ကို screenshot ႐ိုက္ၿပီး အေမျဖစ္သူကို ျပသခဲ့ပါတယ္။
သူ႔ရဲ႕ႏွလုံးခုန္ႏႈန္းက 190 ျဖစ္ေနၿပီဆိုတဲ့ မက္ေဆ့ခ်္ေလး ရခဲ့ပါတယ္လို႔ အေမျဖစ္သူကေျပာပါတယ္။ အဲဒီေနာက္မွာ သူက တစ္ခုခုေတာ့ျဖစ္ေနၿပီအေမ။ သားေတာ့ ဘာမွမလုပ္ႏိုင္ေတာ့ဘူးလို႔ ေနာက္ထပ္မက္ေဆ့ခ်္ထပ္ပို႔ခဲ့ပါတယ္။
ဘာျဖစ္လို႔ အဲဒီအခ်ိန္မွာ ႏွလုံးခုန္ႏႈန္းေတြျမန္ဆန္သြားရသလဲဆိုတာေတာ့ မသိရေသးပါဘူး။ အဲဒီေက်ာင္းသားေလးဟာ အရင္တုန္းက SVT လို႔ေခၚတဲ့ ႏွလုံးခုန္ႏႈန္းပုံမွန္မဟုတ္တဲ့ေရာဂါ ရွိခဲ့ဖူးပါတယ္။
Apple Watch ရဲ႕ သတိေပးခ်က္မပါရင္ ဒီလိုျဖစ္ရပ္ကို သတိထားမိမွာေတာင္ မဟုတ္ပါဘူး။ ေစာေစာေတြ႕ရွိသြားတဲ့အတြက္ေၾကာင့္ ခြဲစိတ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
စမ္းသပ္မႈေလးေတြနဲ႔ေဘာလုံးကစားခ်ိန္ေတြကို ေစာင့္ၾကည့္အၿပီးမွာေတာ့ လုံးဝကိုျပန္လည္က်န္းမာလာခဲ့ၿပီး ေဘာလုံးျပန္ကစားခြင့္ရခဲ့ပါတယ္။
ဒီျဖစ္ရပ္ေလးျဖစ္အၿပီးမွာေတာ့ သူဟာ Apple Watch ကို ေန႔တိုင္းဝတ္ဆင္ထားသလို အျခားသူေတြကိုလည္း ဝတ္ဆင္ဖို႔ေထာက္ခံေပးခဲ့တယ္လို႔ သိရပါတယ္။ သူဟာ ဧၿပီ ၂၅ ရက္ေန႔မွာ face of the Oklahoma American Heart Association Heart Walk ျဖစ္လာမွာပါ။
Apple Watch ရဲ႕အသက္ကယ္မႈသတင္းေတြကေတာ့ ၾကားေနရတာ မထူးဆန္းေတာ့ပါဘူး။ Apple Watch ကယ္လို႔အသက္ဆက္ရွင္ေနရတဲ့သူေတြရဲ႕ တကယ့္ဇာတ္ေၾကာင္းေတြကို ဗြီဒီယို႐ိုက္ၿပီးေတာ့ Apple က မွ်ေဝမႈေတြလုပ္ေဆာင္ေနပါတယ္။