Unicode
Apple ဟာ ရှိနေပြီးသား ISP(Internet Sevice Provider) တွေနဲ့ဆာဗာတွေကိုအသုံးချပြီးတော့ သုံးစွဲသူတွေဆီ ဒေတာတွေမြန်မြန်ဆန်ဆန်ပို့နိုင်အောင် ကြိုးစားနေပါပြီ။ ဆိုလိုတာကတော့ ISP ရဲ့ကွန်ရက်အတွင်းမှာ ဆာဗာတစ်လုံးကတစ်ဆင့် cacahe တွေချန်ထားတာမျိုး၊ သုံးစွဲသူတစ်ယောက်ကနေ content တွေကို ကြည့်လိုက်တာ၊ ဒါမှမဟုတ် ဒေါင်းလုတ်ဆွဲတာမျိုးပြုလုပ်တဲ့အခါ အဲဒီဒေတာတွေကို ဆာဗာထဲမှာသိမ်းထားမှာဖြစ်လို့ အဲဒီ ISP ရှိတဲ့နေရာမှာဆိုရင် ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးထားမှာဖြစ်ပါတယ်။ ဒါကိုတော့ edge caching လို့ ခေါ်ပါတယ်။
ဒီထက်နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင်တော့ အချိန်တစ်ခုအတွင်းမှာ စာဖတ်သူနဲ့ စာဖတ်သူရဲ့အိမ်နီးချင်းက ဇာတ်ကားတစ်ခုတည်းကိုပဲ ကြည့်ကြမယ်။ ပုံမှန်အရဆိုရင် အနီးဆုံး Apple ဆာဗာကိုသွားချိတ်ပြီးတော့ Akamai content distribution ကွန်ရက်ကတစ်ဆင့် ဖြန့်ချိတာကို စောင့်ရပါတယ်။ ဒါမှမဟုတ် အခြားသော content delivery ဝန်ဆောင်မှုက ပေးလာမှာကို စောင့်ရပါတယ်။
Apple Edge Cache နဲ့ဆိုရင်တော့ ပထမဆုံးသုံးစွဲသူဆီမရောက်ခင်မှာ ဆာဗာထဲကို ဒေတာတွေအရင်ရောက်မှာပါ။ ပြီးမှာ စာဖတ်သူဆီကိုရောက်လာမှာပါ။ နောက်တစ်ချိန်မှာ အခြားသူတစ်ယောက်က အဲဒီဆာဗာကတစ်ဆင့် အဲဒီဇာတ်ကားကိုကြည့်ချင်တယ်ဆိုရင်တော့ Apple ဆာဗာအထိလှမ်းချိတ်စရာမလိုတော့ဘဲ လမ်းခုလတ်ကနေ ကြည့်နိုင်မှာပါ။
Edge Cache ဟာ မြန်ဆန်ပြီး စိတ်ချယုံကြည်ရတဲ့ content delivery စနစ်ကို ပေးစွမ်းနိုင်ပါတယ်။ဒီလိုမျိုးစနစ်ကို Netflix နဲ့Amazon တို့မှာလည်း သုံးနေကြပါတယ်။
Apple Edge Cache စနစ်ကတော့ အားလုံးအတွက်မဟုတ်သေးပါဘူး။ website protal ကတစ်ဆင့်ပို့လာမယ့် application တွေအတွက်ကတော့ စဉ်းစားခံရမှာပါ။ application အတွက် အနိမ့်ဆုံးလိုအပ်ချက်ကတော့ အသုံးအများဆုံးအချိန်မှာ Apple traffic 25Gbps ရှိရမှာပါ။ ကွန်ရက်ကလည်း ရှိနေပြီးသားဖြစ်ရမှာပါ။
Zawgyi
Apple ဟာ ရွိေနၿပီးသား ISP(Internet Sevice Provider) ေတြနဲ႔ဆာဗာေတြကိုအသုံးခ်ၿပီးေတာ့ သုံးစြဲသူေတြဆီ ေဒတာေတြျမန္ျမန္ဆန္ဆန္ပို႔ႏိုင္ေအာင္ ႀကိဳးစားေနပါၿပီ။ ဆိုလိုတာကေတာ့ ISP ရဲ႕ကြန္ရက္အတြင္းမွာ ဆာဗာတစ္လုံးကတစ္ဆင့္ cacahe ေတြခ်န္ထားတာမ်ိဳး၊ သုံးစြဲသူတစ္ေယာက္ကေန content ေတြကို ၾကည့္လိုက္တာ၊ ဒါမွမဟုတ္ ေဒါင္းလုတ္ဆြဲတာမ်ိဳးျပဳလုပ္တဲ့အခါ အဲဒီေဒတာေတြကို ဆာဗာထဲမွာသိမ္းထားမွာျဖစ္လို႔ အဲဒီ ISP ရွိတဲ့ေနရာမွာဆိုရင္ ျပန္လည္အသုံးျပဳႏိုင္ေအာင္ ဖန္တီးထားမွာျဖစ္ပါတယ္။ ဒါကိုေတာ့ edge caching လို႔ ေခၚပါတယ္။
ဒီထက္နားလည္လြယ္ေအာင္ ရွင္းျပရမယ္ဆိုရင္ေတာ့ အခ်ိန္တစ္ခုအတြင္းမွာ စာဖတ္သူနဲ႔ စာဖတ္သူရဲ႕အိမ္နီးခ်င္းက ဇာတ္ကားတစ္ခုတည္းကိုပဲ ၾကည့္ၾကမယ္။ ပုံမွန္အရဆိုရင္ အနီးဆုံး Apple ဆာဗာကိုသြားခ်ိတ္ၿပီးေတာ့ Akamai content distribution ကြန္ရက္ကတစ္ဆင့္ ျဖန႔္ခ်ိတာကို ေစာင့္ရပါတယ္။ ဒါမွမဟုတ္ အျခားေသာ content delivery ဝန္ေဆာင္မႈက ေပးလာမွာကို ေစာင့္ရပါတယ္။
Apple Edge Cache နဲ႔ဆိုရင္ေတာ့ ပထမဆုံးသုံးစြဲသူဆီမေရာက္ခင္မွာ ဆာဗာထဲကို ေဒတာေတြအရင္ေရာက္မွာပါ။ ၿပီးမွာ စာဖတ္သူဆီကိုေရာက္လာမွာပါ။ ေနာက္တစ္ခ်ိန္မွာ အျခားသူတစ္ေယာက္က အဲဒီဆာဗာကတစ္ဆင့္ အဲဒီဇာတ္ကားကိုၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Apple ဆာဗာအထိလွမ္းခ်ိတ္စရာမလိုေတာ့ဘဲ လမ္းခုလတ္ကေန ၾကည့္ႏိုင္မွာပါ။
Edge Cache ဟာ ျမန္ဆန္ၿပီး စိတ္ခ်ယုံၾကည္ရတဲ့ content delivery စနစ္ကို ေပးစြမ္းႏိုင္ပါတယ္။ဒီလိုမ်ိဳးစနစ္ကို Netflix နဲ႔Amazon တို႔မွာလည္း သုံးေနၾကပါတယ္။
Apple Edge Cache စနစ္ကေတာ့ အားလုံးအတြက္မဟုတ္ေသးပါဘူး။ website protal ကတစ္ဆင့္ပို႔လာမယ့္ application ေတြအတြက္ကေတာ့ စဥ္းစားခံရမွာပါ။ application အတြက္ အနိမ့္ဆုံးလိုအပ္ခ်က္ကေတာ့ အသုံးအမ်ားဆုံးအခ်ိန္မွာ Apple traffic 25Gbps ရွိရမွာပါ။ ကြန္ရက္ကလည္း ရွိေနၿပီးသားျဖစ္ရမွာပါ။