ဘက်ထရီ ၁၀၀% ရောက်ဖို့ ၅၈မိနစ်သာကြာမယ့် Galaxy S20 Ultra ဘက်ထရီ

0
1627

ကိုရီးယား စမတ်ဖုန်းထုတ်လုပ်သူရဲ့ ဖုန်းတွေဟာ မကြာခင်ဈေးကွက်ထဲကို ရောက်လာပါတော့မယ်။ ကုမ္ပဏီအနေနဲ့ ယခင်ထွက်ခဲ့တဲ့ ဖုန်းတွေဖြစ်တဲ့ Galaxy S10 စီးရီးဖုန်းတွေမှာ 15W fast charging ကိုထည့်ပေးခဲ့ပါတယ်။ Galaxy Note10 နဲ့ Note10+ ဖုန်းတွေမှာတော့ 25W နဲ့ 45W တွေအသီးသီး ထည့်ပေးခဲ့ပါတယ်။

အခုအသစ်ထွက်လာတဲ့ Galaxy S20 Ultra မှာလည်း ပိုကောင်းတဲ့ 45W charging ကိုထည့်ပေး လိုက်ပါတယ်။ သတင်းတွေအရ Galaxy S20 Ultra မှာ ထည့်ပေးထားတဲ့ 5,000mAh ဘက်ထရီကို 45W charger နဲ့အားသွင်းမယ်ဆိုရင် 0% ကနေ 100% အထိရနိုင်ဖို့အတွက် ၅၈မိနစ်သာ ကြာနိုင်မယ်လို့ သိရပါတယ်။ Galaxy Note10+ မှာ သုံးထားတဲ့ 4,300mAh ထက်ပိုမြန်သာသွားမှာ ဖြစ်ပါတယ်။

Galaxy Note10+ ဘက်ထရီကို 25W charger နဲ့အားသွင်းရင် ၁နာရီနီးပါးကြာပြီး 45W charger နဲ့အားသွင်းမယ်ဆိုရင် ၁နာရီအောက်ကြာမှာပါ။ Galaxy S20 Ultra မှာပါတဲ့ စွမ်းရည်ဟာ Galaxy Note10+ အားသွင်းမှုပိုင်းမှာ ပိုမိုမြင့်မားသလို၊ ဘက်ထရီထိန်းသိမ်းမှုအပိုင်းမှာလည်း ပိုကောင်းလာမယ်လို့ သိရပါတယ်။

zawygi

ဘက္ထရီ ၁၀၀% ေရာက္ဖို႔ ၅၈မိနစ္သာၾကာမယ့္ Galaxy S20 Ultra ဘက္ထရီ

ကိုရီးယား စမတ္ဖုန္းထုတ္လုပ္သူရဲ႕ ဖုန္းေတြဟာ မၾကာခင္ေဈးကြက္ထဲကို ေရာက္လာပါေတာ့မယ္။ ကုမၸဏီအေနနဲ႔ ယခင္ထြက္ခဲ့တဲ့ ဖုန္းေတြျဖစ္တဲ့ Galaxy S10 စီးရီးဖုန္းေတြမွာ 15W fast charging ကိုထည့္ေပးခဲ့ပါတယ္။ Galaxy Note10 နဲ႔ Note10+ ဖုန္းေတြမွာေတာ့ 25W နဲ႔ 45W ေတြအသီးသီး ထည့္ေပးခဲ့ပါတယ္။

အခုအသစ္ထြက္လာတဲ့ Galaxy S20 Ultra မွာလည္း ပိုေကာင္းတဲ့ 45W charging ကိုထည့္ေပး လိုက္ပါတယ္။ သတင္းေတြအရ Galaxy S20 Ultra မွာ ထည့္ေပးထားတဲ့ 5,000mAh ဘက္ထရီကို 45W charger နဲ႔အားသြင္းမယ္ဆိုရင္ 0% ကေန 100% အထိရႏိုင္ဖို႔အတြက္ ၅၈မိနစ္သာ ၾကာႏိုင္မယ္လို႔ သိရပါတယ္။ Galaxy Note10+ မွာ သုံးထားတဲ့ 4,300mAh ထက္ပိုျမန္သာသြားမွာ ျဖစ္ပါတယ္။

Galaxy Note10+ ဘက္ထရီကို 25W charger နဲ႔အားသြင္းရင္ ၁နာရီနီးပါးၾကာၿပီး 45W charger နဲ႔အားသြင္းမယ္ဆိုရင္ ၁နာရီေအာက္ၾကာမွာပါ။ Galaxy S20 Ultra မွာပါတဲ့ စြမ္းရည္ဟာ Galaxy Note10+ အားသြင္းမႈပိုင္းမွာ ပိုမိုျမင့္မားသလို၊ ဘက္ထရီထိန္းသိမ္းမႈအပိုင္းမွာလည္း ပိုေကာင္းလာမယ္လို႔ သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.