စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတွေစိတ်ဝင်စားစေမယ့် လက်ပတ်ကလေး

0
1173

Unicode

စမတ်စပီကာတွေနဲ့ မိုက်ကရိုဖုန်းပါဝင်တဲ့ device လေးတွေအနေနဲ့ တစ်ချိန်လုံးနားထောင်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း သူတို့တွေနားထောင်နေမယ်လို့ထင်တယ်ဆိုရင်တော့ စာဖတ်သူစိတ်ဝင်စားမယ့် ပစ္စည်းလေးတစ်ခုအကြောင်းကို ပြောပြပေးသွားချင်ပါတယ်။ ချီကာဂိုတက္ကသိုလ်ရဲ့ သုတေသီတွေဟာ လက်ပတ်လေးတစ်ခုကို စမ်းသပ်လုပ်ဆောင်နေပါတယ်။ အဲဒီလက်ပတ်လေးဟာ ultrasonic နည်းပညာကိုအသုံးပြုပြီး စပီကာ၂၄ခုကနေ မိုက်ကရိုဖုန်းအများစုကို နှောင့်ယှက်အောင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဘယ်လိုလမ်းကြောင်းမှာပဲရှိနေပါစေ အလုပ်ဖြစ်ပါတယ်။ အဲဒီလက်ပတ်လေးကိုဝတ်ဆင်ထားမယ်ဆိုရင် သူ့ရဲ့ built-in amplifier လေးက ultrasonic noise တွေကို သတ်မှတ်ထားတဲ့ဝန်းကျင်အတွင်းမှာ ထုတ်ပေးသွားမှာဖြစ်လို့အသံဖမ်းယူမှုဖြစ်စဉ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။
ဒီလက်ပတ်လေးက ဖက်ရှင်တော့မကျပါဘူး။ သူဟာ လမ်းကြောင်းအားလုံးအတွက် ဒုက္ခပေးနိုင်အောင်စီစဉ်ထားတဲ့အပြင် လက်ရွေ့လျားနေတဲ့အချိန်မှာတောင် blind spot မရှိအောင် ပြင်ဆင်ထားပါတယ်။ ဒါကြောင့် မမြင်ရတဲ့မိုက်ကရိုဖုန်းတွေကို လူကိုယ်တိုင်လိုက်ရှာနေဖို့မလိုအပ်တော့ပါဘူး။ ဝတ်ထားလိုက်တာနဲ့ အေးဆေးဖြစ်မှာပါ။
စာဖတ်သူအနေနဲ့ အခုပြထားတဲ့လက်ပတ်ကို ဝတ်စရာမလိုသေးပါဘူး။ အခုနမူနာဖန်တီးထားတာက တော်တော်လေးကြီးနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေက စိတ်ဝင်စားပြီးတော့ ဒီနည်းပညာကိုထုတ်လုပ်ဖို့အတွက် မေးမြန်းမှုတွေလုပ်နေကြပြီလို့ သိရပါတယ်။ ဒေါ်လာ၂၀လောက်နဲ့ ဝတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ စပိုင်လုပ်ခံရမှာကြောက်တဲ့သူတွေ၊ အသံဖမ်းထားခံရမှာကြောက်တဲ့သူတွေအတွက်ကတော့ တော်တော်လေးကို အဆင်ပြေမှာပါ။
ဒါပေမယ့်လည်း ethic ပိုင်းအရ စောင့်ထိန်းရမယ့်ကျင့်ဝတ်တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဝတ်ဆင်ထားမယ်ဆိုရင်တော့ အခြားသူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ mic အပေါ်မှီခိုနေတဲ့ပစ္စည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းအစည်းအဝေးတွေမှာ လျှို့ဝှက်ချက်ပေါက်ကြားမှုမဖြစ်အောင် ထိန်းသိမ်းတဲ့နေရာမျိုးမှာတော့ အသုံးတည့်နိုင်ပါတယ်။ နိုင်ငံရေးသမားတွေအတွက်လည်း အဆင်ပြေမှာပါ။ ဒါပေမယ့် ကောင်းကောင်းအသုံးမချဘူးဆိုရင်တော့ အဖုအထစ်လေးတွေဖြစ်လာစေနိုင်တဲ့ နည်းပညာပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအတွက် အောက်မှာ ဗွီဒီယိုလေးပါတင်ဆက်ပေးလိုက်ပါတယ်။

Zawgyi

စမတ္စပီကာေတြနဲ႔ မိုက္က႐ိုဖုန္းပါဝင္တဲ့ device ေလးေတြအေနနဲ႔ တစ္ခ်ိန္လုံးနားေထာင္ေနဖို႔ မလိုအပ္ပါဘူး။ ဒါေပမယ့္လည္း သူတို႔ေတြနားေထာင္ေနမယ္လို႔ထင္တယ္ဆိုရင္ေတာ့ စာဖတ္သူစိတ္ဝင္စားမယ့္ ပစၥည္းေလးတစ္ခုအေၾကာင္းကို ေျပာျပေပးသြားခ်င္ပါတယ္။ ခ်ီကာဂိုတကၠသိုလ္ရဲ႕ သုေတသီေတြဟာ လက္ပတ္ေလးတစ္ခုကို စမ္းသပ္လုပ္ေဆာင္ေနပါတယ္။ အဲဒီလက္ပတ္ေလးဟာ ultrasonic နည္းပညာကိုအသုံးျပဳၿပီး စပီကာ၂၄ခုကေန မိုက္က႐ိုဖုန္းအမ်ားစုကို ေႏွာင့္ယွက္ေအာင္လုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဘယ္လိုလမ္းေၾကာင္းမွာပဲရွိေနပါေစ အလုပ္ျဖစ္ပါတယ္။ အဲဒီလက္ပတ္ေလးကိုဝတ္ဆင္ထားမယ္ဆိုရင္ သူ႔ရဲ႕ built-in amplifier ေလးက ultrasonic noise ေတြကို သတ္မွတ္ထားတဲ့ဝန္းက်င္အတြင္းမွာ ထုတ္ေပးသြားမွာျဖစ္လို႔အသံဖမ္းယူမႈျဖစ္စဥ္ကို ေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္ပါတယ္။
ဒီလက္ပတ္ေလးက ဖက္ရွင္ေတာ့မက်ပါဘူး။ သူဟာ လမ္းေၾကာင္းအားလုံးအတြက္ ဒုကၡေပးႏိုင္ေအာင္စီစဥ္ထားတဲ့အျပင္ လက္ေ႐ြ႕လ်ားေနတဲ့အခ်ိန္မွာေတာင္ blind spot မရွိေအာင္ ျပင္ဆင္ထားပါတယ္။ ဒါေၾကာင့္ မျမင္ရတဲ့မိုက္က႐ိုဖုန္းေတြကို လူကိုယ္တိုင္လိုက္ရွာေနဖို႔မလိုအပ္ေတာ့ပါဘူး။ ဝတ္ထားလိုက္တာနဲ႔ ေအးေဆးျဖစ္မွာပါ။
စာဖတ္သူအေနနဲ႔ အခုျပထားတဲ့လက္ပတ္ကို ဝတ္စရာမလိုေသးပါဘူး။ အခုနမူနာဖန္တီးထားတာက ေတာ္ေတာ္ေလးႀကီးေနပါေသးတယ္။ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြက စိတ္ဝင္စားၿပီးေတာ့ ဒီနည္းပညာကိုထုတ္လုပ္ဖို႔အတြက္ ေမးျမန္းမႈေတြလုပ္ေနၾကၿပီလို႔ သိရပါတယ္။ ေဒၚလာ၂၀ေလာက္နဲ႔ ဝတ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ စပိုင္လုပ္ခံရမွာေၾကာက္တဲ့သူေတြ၊ အသံဖမ္းထားခံရမွာေၾကာက္တဲ့သူေတြအတြက္ကေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပမွာပါ။
ဒါေပမယ့္လည္း ethic ပိုင္းအရ ေစာင့္ထိန္းရမယ့္က်င့္ဝတ္တစ္ခုေတာ့ ရွိေနပါတယ္။ ဒါကေတာ့ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ေနရာေတြမွာ ဝတ္ဆင္ထားမယ္ဆိုရင္ေတာ့ အျခားသူေတြရဲ႕ ဖုန္းေခၚဆိုမႈေတြ၊ mic အေပၚမွီခိုေနတဲ့ပစၥည္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထိခိုက္ေစႏိုင္ပါတယ္။ စီးပြားေရးလုပ္ငန္းအစည္းအေဝးေတြမွာ လွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈမျဖစ္ေအာင္ ထိန္းသိမ္းတဲ့ေနရာမ်ိဳးမွာေတာ့ အသုံးတည့္ႏိုင္ပါတယ္။ ႏိုင္ငံေရးသမားေတြအတြက္လည္း အဆင္ေျပမွာပါ။ ဒါေပမယ့္ ေကာင္းေကာင္းအသုံးမခ်ဘူးဆိုရင္ေတာ့ အဖုအထစ္ေလးေတြျဖစ္လာေစႏိုင္တဲ့ နည္းပညာပစၥည္းေလးတစ္ခုျဖစ္ပါတယ္။ စိတ္ဝင္စားတဲ့စာဖတ္သူေတြအတြက္ ေအာက္မွာ ဗြီဒီယိုေလးပါတင္ဆက္ေပးလိုက္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.