ကိုယ်ပိုင် 5G iPhone Antenna Module စီစဉ်နေတဲ့ Apple

0
724

Unicode

Qualcomm ဆီကနေယူသုံးမယ့်အစား ကိုယ်ပိုင်5G iPhoine Antenna Module ထုတ်လုပ်ဖို့အတွက် Apple က ပြင်ဆင်နေပါတယ်။ Fast Company ရဲ့ ပြောကြားချက်အရ Apple ဟာ Qualcomm ပေးသုံးထားတဲ့ပစ္စည်းကို စိတ်ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။
Qualcomm ရဲ့ QTM 525 5G mmWave antenna module ကို စိတ်ပျက်နေပါတယ်။ iPhone 12 ရဲ့ဒီဇိုင်းနဲ့မကိုက်ညီဘူးလို့ ခံစားရတဲ့အတွက်ကြောင့်ပါ။
တကယ်လို့များ Apple အနေနဲ့ သူ့ရဲ့ကိုယ်ပိုင် antenna module ကိုအသုံးပြုမယ်ဆိုရင် Qualcomm ရဲ့ 5G modem ကတော့ လိုအပ်နေဦးမှာပါ။ antenna နဲ့modem ကို မတူညီတဲ့လုပ်ငန်းနှစ်ခုက ဖန်တီးထားတယ်ဆိုရင် သေချာပေါက်ကို အဆင်မပြေမှုတွေဖြစ်လာမှာပါ။ iPhone 12 မှာ modem နဲ့အလုပ်တွဲလုပ်မယ့် phased array antenna ကို သုံးသွားနိုင်ချေရှိပါတယ်။
beam တွေကိုအသုံးပြုမယ်ဆိုရင် antenna ရွေ့လျားစရာမလိုဘဲ အမျိုးမျိုးသောဦးတည်ချက်တွေကို ပဲ့ကိုင်နိုင်မှာဖြစ်ပါတယ်။ modem chip နဲ့antenna module ဟာ အတူတကွအလုပ်လုပ်မယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်။ အဲဒီအစိတ်အပိုင်းနှစ်ခုကို မတူညီတဲ့လုပ်ငန်းတွေကလုပ်ဆောင်ထားခြင်းဟာ overall design အတွက် ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။
နောက်ပြီး Apple ဟာ အဲဒီအပိုင်းမှာ အားနည်းတယ်မဟုတ်လား။
iPhone 4 မှာတုန်းက antenna ကို ဒီဇိုင်းဆွဲပြီးလုပ်ခဲ့သေးတယ်။ cellular connection ပိုင်းမှာ အဆင်မပြေမှုတွေဖြစ်ခဲ့လို့ ဖုန်းခေါ်လို့တောင် မရခဲ့ပါဘူး။ iPhone 4 ဖြစ်ရပ်မျိုး မဖြစ်အောင်တော့ သေချာစဉ်းစားဖို့လိုလိမ့်မယ်။

Zawgyi

Qualcomm ဆီကေနယူသုံးမယ့္အစား ကိုယ္ပိုင္5G iPhoine Antenna Module ထုတ္လုပ္ဖို႔အတြက္ Apple က ျပင္ဆင္ေနပါတယ္။ Fast Company ရဲ႕ ေျပာၾကားခ်က္အရ Apple ဟာ Qualcomm ေပးသုံးထားတဲ့ပစၥည္းကို စိတ္ေက်နပ္မႈမရွိဘူးလို႔ သိရပါတယ္။
Qualcomm ရဲ႕ QTM 525 5G mmWave antenna module ကို စိတ္ပ်က္ေနပါတယ္။ iPhone 12 ရဲ႕ဒီဇိုင္းနဲ႔မကိုက္ညီဘူးလို႔ ခံစားရတဲ့အတြက္ေၾကာင့္ပါ။
တကယ္လို႔မ်ား Apple အေနနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္ antenna module ကိုအသုံးျပဳမယ္ဆိုရင္ Qualcomm ရဲ႕ 5G modem ကေတာ့ လိုအပ္ေနဦးမွာပါ။ antenna နဲ႔modem ကို မတူညီတဲ့လုပ္ငန္းႏွစ္ခုက ဖန္တီးထားတယ္ဆိုရင္ ေသခ်ာေပါက္ကို အဆင္မေျပမႈေတြျဖစ္လာမွာပါ။ iPhone 12 မွာ modem နဲ႔အလုပ္တြဲလုပ္မယ့္ phased array antenna ကို သုံးသြားႏိုင္ေခ်ရွိပါတယ္။
beam ေတြကိုအသုံးျပဳမယ္ဆိုရင္ antenna ေ႐ြ႕လ်ားစရာမလိုဘဲ အမ်ိဳးမ်ိဳးေသာဦးတည္ခ်က္ေတြကို ပဲ့ကိုင္ႏိုင္မွာျဖစ္ပါတယ္။ modem chip နဲ႔antenna module ဟာ အတူတကြအလုပ္လုပ္မယ္ဆိုရင္ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ အဲဒီအစိတ္အပိုင္းႏွစ္ခုကို မတူညီတဲ့လုပ္ငန္းေတြကလုပ္ေဆာင္ထားျခင္းဟာ overall design အတြက္ ထိခိုက္မႈေတြျဖစ္လာႏိုင္ပါတယ္။
ေနာက္ၿပီး Apple ဟာ အဲဒီအပိုင္းမွာ အားနည္းတယ္မဟုတ္လား။
iPhone 4 မွာတုန္းက antenna ကို ဒီဇိုင္းဆြဲၿပီးလုပ္ခဲ့ေသးတယ္။ cellular connection ပိုင္းမွာ အဆင္မေျပမႈေတြျဖစ္ခဲ့လို႔ ဖုန္းေခၚလို႔ေတာင္ မရခဲ့ပါဘူး။ iPhone 4 ျဖစ္ရပ္မ်ိဳး မျဖစ္ေအာင္ေတာ့ ေသခ်ာစဥ္းစားဖို႔လိုလိမ့္မယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.