Snapdragon 865 SoC နဲ့အတူ 108MP ကင်မရာပါဝင်တဲ့ Xiaomi Mi 10 နှင့် Mi 10 Pro တို့ကို မိတ်ဆက်

0
395

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi အနေနဲ့ ကုမ္ပဏီရဲ့ ပထမဆုံး အဆင့်မြင့် ဖုန်းတွေကို မိတ်ဆက်ပေးလိုက်ပါပြီ။ 5G စမတ်ဖုန်းတွေဖြစ်ပြီး Mi 10နဲ့ Mi 10 Pro တိုဖြစ်ပါတယ်။ Xiaomi Mi 10 နဲ့ Mi 10 Pro တို့မှာ မျက်နှာပြင် 6.67 လက်မ AMOLED FullHD+ ရုပ်ထွက်သုံးထားပါတယ်။ 90Hz Refresh Rate ဖြစ်ပြီး 180 Touch Sampling Rate ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ 20MP Punch-Hole Selfie ကင်မရာ သုံးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ Android 10 အခြေခံ MIUI 11 သုံးထားပါတယ်။

Xiaomi Mi 10 နဲ့ Mi 10 Pro တို့အတွက် Snapdragon 865 ပရိုဆက်ဆာ ထောက်ပံ့ထားပြီး 12GB LPDDR5 RAM ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။ ဖုန်း၂မျိုးလုံးမှာ အဓိကကွဲပြားသွားတာကတော့ ကျောဘက်ကင်မရာပိုင်း ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး အဓိကကင်မရာက 108MP ဖြစ်ပါတယ်။ ဒါပေမယ့် Mi 10 Pro မှာ 12MP Short Telephoto ၊ 13MP Portrait နှင့် 13MP Telephoto (10x Optical) သုံးထားပါတယ်။
Mi 10 ရဲ့ ကျန်ကင်မရာသုံးလုံးက 13MP Ultrawide+2MP Macro+2MP Depth ဖြစ်ပါတယ်။ 8K Resolution ဗီဒီယိုရိုက်ကူးမှုထောက်ပံ့ထားပါတယ်။ Xiaomi Mi 10 မှာ ဘက်ထရီ 4780 mAhပါဝင်ပြီး 30W Fast Charging ထောက်ပံ့ထားပါတယ်။ Mi 10 Pro မှာတော့ ဘက်ထရီ 4500 mAhပါဝင်ပြီး 55W Fast Charging ထောက်ပံ့ထားပါတယ်။ 30W Fast Charging နဲ့ 10W Reverse Charging ဖြင့် အားသွင်းနိုင်ပါတယ်။

Xiaomi Mi 10 ကို ဖေဖော်ဝါရီလ 14 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ Xiaomi Mi 10 ရဲ့ 8GB/128GB ကို ဒေါ်လာ 573 ၊ 8GB/256GB ကို ဒေါ်လာ 615 နဲ့ 12GB+256GB ကို ဒေါ်လာ 673 သတ်မှတ်ထားပါတယ်။ Mi 10 ကို PeachGold ၊ Green ၊ Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Xiaomi Mi 10 Pro ကို ဖေဖော်ဝါရီလ 18 ရက်နေ့မှာ ရောင်းချသွားပါမယ်။ Xiaomi Mi 10 ရဲ့ အခြေခံဗားရှင်းမှာ 8GB+256GB ပါဝင်ပြီး ဒေါ်လာ 716 ဖြစ်ပါတယ်။ 12GB+256GB ကို ဒေါ်လာ 788 နှင့် 12GB+512GB ကို ဒေါ်လာ 859 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Blue ၊ White အရောင်ဆိုပြီး ရွေးချယ်နိုင်ပါမယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.