Oppo Find X2 Pro ဖုန်းတွင် Snapdragon 865 နဲ့ 12 GB RAM သုံးလာမည်

0
259

OPPO အနေနဲ့ MWC 2020 မှာ Find X2 Pro ကိုကြေညာဖို့ ရှိနေခဲ့တာပါ။ MWC ပွဲကို ဒီနှစ်ရပ်နားလိုက်တဲ့ အတွက် OPPO ဖုန်းသစ်ကို ဘယ်ရက်လောက်တွေ့ရမယ်ဆိုတာကလည်း မျှော်လင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Geekbench ကနေ OPPO Find X2 Pro ဖုန်းနဲ့ ပတ်သတ်လို့ အဓိကအချက်အလက် အချို့ထွက်လာပါတယ်။

Codenamed ကို CPH2025 လို့ပေးထားပြီး ဒါဟာ OPPO ရဲ့ အသစ်ထွက်လာမယ့် Pro ဗားရှင်း ဖုန်းဖြစ်နိုင်ပါတယ်။ Geekbench စာရင်းမှာ မြင်တွေ့ရသလောက်ကတော့ Snapdragon 865 ပရိုဆက်ဆာနဲ့အတူ 12 GB RAM အသုံးပြုလာဖို့ များပါတယ်။ ပြီးတော့ Android 10 ကိုလည်း တပါတည်း ထည့်ပေးလာမှာပါ။
single-core ရလာဒ်မှာ 913 ဖြစ်ပြီး multi-core မှာတော့ 3,308 ရထားပါတယ်။ Geekbench 5 နဲ့စမ်းသပ်ထားတဲ့ android ဖုန်းတွေထဲမှာတော့ အမြင့်ဆုံးရလာဒ်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ Find X2 Pro ရဲ့စွမ်းဆောင်ရည်ဟာ လတ်တလောထွက်ထားတဲ့ Qualcomm (သို့) Exynos chipset ဖုန်းတွေကို ကောင်းကောင်းယှဉ်နိုင်ပါလိမ့်မယ်။
Oppo Find X2 နဲ့ပတ်သတ်တဲ့ နောက်ထပ် အချက်တွေကတော့ အဲ့ဒီဖုန်းမှာ 120Hz refresh rate ရှိမယ့် screen ကိုသုံးလာမယ်လို့ ဆိုပါတယ်။Sony sensor ဖြစ်တဲ့ 48 MP ကင်မရာနဲ့ 65W charging သုံးလာမှာပါ။

zawgyi

Oppo Find X2 Pro ဖုန္းတြင္ Snapdragon 865 နဲ႔ 12 GB RAM သုံးလာမည္
OPPO အေနနဲ႔ MWC 2020 မွာ Find X2 Pro ကိုေၾကညာဖို႔ ရွိေနခဲ့တာပါ။ MWC ပြဲကို ဒီႏွစ္ရပ္နားလိုက္တဲ့ အတြက္ OPPO ဖုန္းသစ္ကို ဘယ္ရက္ေလာက္ေတြ႕ရမယ္ဆိုတာကလည္း ေမွ်ာ္လင့္စရာ ျဖစ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Geekbench ကေန OPPO Find X2 Pro ဖုန္းနဲ႔ ပတ္သတ္လို႔ အဓိကအခ်က္အလက္ အခ်ိဳ႕ထြက္လာပါတယ္။

Codenamed ကို CPH2025 လို႔ေပးထားၿပီး ဒါဟာ OPPO ရဲ႕ အသစ္ထြက္လာမယ့္ Pro ဗားရွင္း ဖုန္းျဖစ္ႏိုင္ပါတယ္။ Geekbench စာရင္းမွာ ျမင္ေတြ႕ရသေလာက္ကေတာ့ Snapdragon 865 ပ႐ိုဆက္ဆာနဲ႔အတူ 12 GB RAM အသုံးျပဳလာဖို႔ မ်ားပါတယ္။ ၿပီးေတာ့ Android 10 ကိုလည္း တပါတည္း ထည့္ေပးလာမွာပါ။
single-core ရလာဒ္မွာ 913 ျဖစ္ၿပီး multi-core မွာေတာ့ 3,308 ရထားပါတယ္။ Geekbench 5 နဲ႔စမ္းသပ္ထားတဲ့ android ဖုန္းေတြထဲမွာေတာ့ အျမင့္ဆုံးရလာဒ္လို႔ သတ္မွတ္ႏိုင္ပါလိမ့္မယ္။ Find X2 Pro ရဲ႕စြမ္းေဆာင္ရည္ဟာ လတ္တေလာထြက္ထားတဲ့ Qualcomm (သို႔) Exynos chipset ဖုန္းေတြကို ေကာင္းေကာင္းယွဥ္ႏိုင္ပါလိမ့္မယ္။
Oppo Find X2 နဲ႔ပတ္သတ္တဲ့ ေနာက္ထပ္ အခ်က္ေတြကေတာ့ အဲ့ဒီဖုန္းမွာ 120Hz refresh rate ရွိမယ့္ screen ကိုသုံးလာမယ္လို႔ ဆိုပါတယ္။Sony sensor ျဖစ္တဲ့ 48 MP ကင္မရာနဲ႔ 65W charging သုံးလာမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.