Galaxy Z Flip အလုံးရေ 2.5 သန်း ရောင်းချရရန် Samsung မျှော်မှန်းထား

0
773

Samsung ဟာ Galaxy Z Flip ကို Galaxy Fold ထက် များစွာ ဈေးနှုန်းသက်သာစွာ ရောင်းချဖို့ စီစဉ်ထားတာနဲ့အညီ ရောင်းအားလည်း ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ထားပါတယ်။တောင်ကိုရီးယားမီဒီယာများရဲ့ ဖော်ပြမှုအရ Samsung ဟာ Galaxy Z Flip ကို အလုံးရေ 2.5 သန်းအထိ ရောင်းချရဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ဒီပမာဏက Galaxy Fold ရောင်းအားထက် များစွာမြင့်မားပါတယ်။ Samsung ဟာ Galaxy Fold ကို အလုံးရေ 4 သိန်းမှ 5 သိန်းအတွင်းသာ ရောင်းချခဲ့ရတာပါ။


Z Flip ကတော့ ပုံမှန် စမတ်ဖုန်းအရွယ်အစားကိုမှ foldable display နဲ့ပါ။ Z Flip မှာ 6.7-inch display ဖြစ်ပြီး super tall 22:9 Dynamic AMOLED ကို သုံးထားပါတယ်။ resolution က 1080 x 2636px ဖြစ်ပြီး Motorola Razr ထက် pixels 50% ကျော်ပိုများပါတယ်။ ဒုတိယမျက်နှာပြင်ကလည်း Super AMOLED ကိုသုံးထားပြီး 1.1 လက်မ သာရှိပါတယ်။
Snapdragon 865 ပရိုဆက်ဆာကို သုံးထားပြီး 4G ကွန်ရက်ချိတ်ဆက်မှုသာ ရရှိမှာပါ။ အချက်အလက်ပိုင်းမှာ 8GB/256GB တမျိုးတည်းသာ ထုတ်ထားပြီး UFS 3.0 storage နဲ့ပါ။ အဓိက ကင်မရာဟာ f/1.8 aperture နဲ့ 12MP sensor ဖြစ်ပါတယ်။ ultrawide တခုထပ်ပါအုံးမှာပါ။ Galaxy Z Flip မှာ 3,300 mAh ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းက 15W သာပေးထားပါတယ်။ အရောင် ၃ မျိုးဖြစ်ပြီး Mirror Black ၊ Mirror Purple နဲ့ Mirror Gold ဆိုပြီး ဖြစ်ပါတယ်။

zawgyi

Galaxy Z Flip အလုံးေရ 2.5 သန္း ေရာင္းခ်ရရန္ Samsung ေမွ်ာ္မွန္းထား
Samsung ဟာ Galaxy Z Flip ကို Galaxy Fold ထက္ မ်ားစြာ ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ဖို႔ စီစဥ္ထားတာနဲ႔အညီ ေရာင္းအားလည္း ပိုမိုေကာင္းမြန္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ေတာင္ကိုရီးယားမီဒီယာမ်ားရဲ႕ ေဖာ္ျပမႈအရ Samsung ဟာ Galaxy Z Flip ကို အလုံးေရ 2.5 သန္းအထိ ေရာင္းခ်ရဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။


ဒီပမာဏက Galaxy Fold ေရာင္းအားထက္ မ်ားစြာျမင့္မားပါတယ္။ Samsung ဟာ Galaxy Fold ကို အလုံးေရ 4 သိန္းမွ 5 သိန္းအတြင္းသာ ေရာင္းခ်ခဲ့ရတာပါ။
Z Flip ကေတာ့ ပုံမွန္ စမတ္ဖုန္းအရြယ္အစားကိုမွ foldable display နဲ႔ပါ။ Z Flip မွာ 6.7-inch display ျဖစ္ၿပီး super tall 22:9 Dynamic AMOLED ကို သုံးထားပါတယ္။ resolution က 1080 x 2636px ျဖစ္ၿပီး Motorola Razr ထက္ pixels 50% ေက်ာ္ပိုမ်ားပါတယ္။ ဒုတိယမ်က္ႏွာျပင္ကလည္း Super AMOLED ကိုသုံးထားၿပီး 1.1 လက္မ သာရွိပါတယ္။
Snapdragon 865 ပရိုဆက္ဆာကို သုံးထားၿပီး 4G ကြန္ရက္ခ်ိတ္ဆက္မႈသာ ရရွိမွာပါ။ အခ်က္အလက္ပိုင္းမွာ 8GB/256GB တမ်ိဳးတည္းသာ ထုတ္ထားၿပီး UFS 3.0 storage နဲ႔ပါ။ အဓိက ကင္မရာဟာ f/1.8 aperture နဲ႔ 12MP sensor ျဖစ္ပါတယ္။ ultrawide တခုထပ္ပါအုံးမွာပါ။ Galaxy Z Flip မွာ 3,300 mAh ထည့္သြင္းထားေပမယ့္ အားသြင္း အျမန္ႏႈန္းက 15W သာေပးထားပါတယ္။ အေရာင္ ၃ မ်ိဳးျဖစ္ၿပီး Mirror Black ၊ Mirror Purple နဲ႔ Mirror Gold ဆိုၿပီး ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.