5000 mAh ဘက်ထရီ ၊ Snapdragon 439 သုံးထားတဲ့ Redmi 8A Dual ကို ကြေညာ

0
270

Redmi ကတော့ Redmi 8A ကို အဆင့်မြင့်ထားတဲ့ ဗားရှင်းသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ မော်ဒယ်နံပါတ်ကတော့ Redmi 8A Dual ဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး 13MP+2MP Depth သုံးထားပါတယ်။ Redmi 8A မှာတုန်းက ကျောဘက်ကင်မရာတစ်လုံးတည်းကိုပဲ သုံးခဲ့တာပါ။ ရှေ့ကင်မရာ 8MP ထည့်သွင်းထားပြီး Portrait Selfie Mode လည်း ပါဝင်ပါတယ်။

Redmi 8A Dual မှာ မျက်နှာပြင် 6.22 လက်မ IPD LCD HD+ ရုပ်ထွက်သုံးထားကာ Corning Gorilla Glass 5 မှန်ဖြင့် အကာအကွယ်ပေးထားပါတယ်။ပြီးတော့ Aura XGrip Design သုံးထားပါတယ်။ Redmi 8A Dual ကို Snapdragon 439 SoC သုံးထားပြီး RAM2GB နဲ့ RAM3GB ဗားရှင်းဆိုပြီး ရွေးချယ်နိုင်ပါမယ်။ သိုလှောင်မှု 32GB ပါဝင်ကာ microSD မှ တဆင့် 512GB အထိ တိုးနိုင်ပါတယ်။

ဘက်ထရီ 5000 mAh ပါဝင်ပြီး 18W Fast Charging ဖြင့် အားသွင်းနိုင်ပါတယ်။ USB Type C သုံးထားပါတယ်။ Reverse Charging လည်း ထောက်ပံ့ထားတာကြောင့် အသုံးပြုသူများအနေဖြင့် Power Bank အဖြစ် အခြား ဖုန်းတစ်လုံးကိုလည်း အားသွင်းနိုင်ပါမယ်။ Redmi 8A Dual ရဲ့ 2GB/32GB ဗားရှင်းကို ဒေါ်လာ 90 နှင့် 3GB/32GB ဗားရှင်းကို ‌97 ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ Sky White ၊ Sea Blue ၊ Midnight Grey အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဖေဖော်ဝါရီလ 18 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

zawgyi

5000 mAh ဘက္ထရီ ၊ Snapdragon 439 သုံးထားတဲ့ Redmi 8A Dual ကို ေၾကညာ
Redmi ကေတာ့ Redmi 8A ကို အဆင့္ျမင့္ထားတဲ့ ဗားရွင္းသစ္တစ္ခုကို ေၾကညာလိုက္ပါတယ္။ ေမာ္ဒယ္နံပါတ္ကေတာ့ Redmi 8A Dual ျဖစ္ၿပီး ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္ၿပီး 13MP+2MP Depth သုံးထားပါတယ္။ Redmi 8A မွာတုန္းက ေက်ာဘက္ကင္မရာတစ္လုံးတည္းကိုပဲ သုံးခဲ့တာပါ။ ေရွ႕ကင္မရာ 8MP ထည့္သြင္းထားၿပီး Portrait Selfie Mode လည္း ပါဝင္ပါတယ္။

Redmi 8A Dual မွာ မ်က္ႏွာျပင္ 6.22 လက္မ IPD LCD HD+ ႐ုပ္ထြက္သုံးထားကာ Corning Gorilla Glass 5 မွန္ျဖင့္ အကာအကြယ္ေပးထားပါတယ္။ၿပီးေတာ့ Aura XGrip Design သုံးထားပါတယ္။ Redmi 8A Dual ကို Snapdragon 439 SoC သုံးထားၿပီး RAM2GB နဲ႔ RAM3GB ဗားရွင္းဆိုၿပီး ေ႐ြးခ်ယ္ႏိုင္ပါမယ္။ သိုေလွာင္မႈ 32GB ပါဝင္ကာ microSD မွ တဆင့္ 512GB အထိ တိုးႏိုင္ပါတယ္။

ဘက္ထရီ 5000 mAh ပါဝင္ၿပီး 18W Fast Charging ျဖင့္ အားသြင္းႏိုင္ပါတယ္။ USB Type C သုံးထားပါတယ္။ Reverse Charging လည္း ေထာက္ပံ့ထားတာေၾကာင့္ အသုံးျပဳသူမ်ားအေနျဖင့္ Power Bank အျဖစ္ အျခား ဖုန္းတစ္လုံးကိုလည္း အားသြင္းႏိုင္ပါမယ္။ Redmi 8A Dual ရဲ႕ 2GB/32GB ဗားရွင္းကို ေဒၚလာ 90 ႏွင့္ 3GB/32GB ဗားရွင္းကို ‌97 ေဒၚလာ အသီးသီး သတ္မွတ္ထားပါတယ္။ Sky White ၊ Sea Blue ၊ Midnight Grey အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ေဖေဖာ္ဝါရီလ 18 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.