Pinterest clone ကို တိတ်တဆိတ်ထုတ်လုပ်ခဲ့တဲ့ Facebook

0
412

Unicode

Facebook ရဲ့app အသစ်လေးကတော့ Pinterest နဲ့ အတော်ကြီးကိုတူနေပါတယ်။ Hobbi ဆိုတာကတော့ photo-sharing app လေးတစ်ခုဖြစ်ပြီး ချက်ပြုခြင်း၊ မုန့်ဖုတ်ခြင်း၊ အနုပညာနဲ့ လက်မှုပညာရပ်တွေ၊ အားကစား ဒါမှမဟုတ် အိမ်အလှဆင်ခြင်းတွေကို သိမ်းဆည်းထားနိုင်မှာပါ။
ဝါသနာရှင်တွေကိုရည်ရွယ်ပြီးတော့ သက်ဆိုင်ရာပရောဂျက်အလိုက် ဓါတ်ပုံတွေကို collection အဖြစ်နဲ့စုစည်းထားနိုင်တဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီ ပြန်ကြည့်လို့ရမှာပါ။ လက်ရှိမှာတော့ social sharing အပိုင်းမပါဝင်သေးပါဘူး။ နောက်ပိုင်းမှာ ဗွီဒီယိုတွေဖန်တီးဖို့အထိပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့နွေတုန်းက ထုတ်ကုန်အသစ်တွေဖန်တီးပေးမယ့် New Product Experimentation team နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေထဲမှာ meme လုပ်လို့ရတဲ့ Whale app, social networking လုပ်နိုင်မယ့် Bump app, music DJ ဖြစ်တဲ့ Aux app တို့လည်း ပါဝင်ပါတယ်။ ဘယ်တစ်ခုကမှတော့ သိသိသာသာအောင်မြင်မှုမရခဲ့သေးပါဘူး။
Hobbi ကို ပထမဆုံးဖြန့်ချိပေးမှာကတော့ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ စပိန် နဲ့ယူကရိန်းတို့ပဲ ဖြစ်ပါတယ်။ US အခြေစိုက်ဖုန်းတွေမှာတော့ App Store ပေါ်မှာ မြင်နိုင်ပါတယ်။ iPhone, iPad, iPod touch တွေအတွက် iOS 11 နှင့်အထက်သုံးထားရင် အဆင်ပြေပါတယ်။
Hobbi အနေနဲ့ Facebook ရဲ့ overall brand နဲ့ကိုက်ညီပါ့မလား။ ဒါပေမယ့် သူ့team ဆီကနေ ကျရှုံးမှုတွေလည်း မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။ အသုံးမဝင်ဘူးဆိုရင်တော့ ချက်ချင်းဖျက်သိမ်းသွားမှာပါ။ စာဖတ်သူတွေကရော ဘယ်လိုသဘောရလဲ။

Zawgyi

Facebook ရဲ႕app အသစ္ေလးကေတာ့ Pinterest နဲ႔ အေတာ္ႀကီးကိုတူေနပါတယ္။ Hobbi ဆိုတာကေတာ့ photo-sharing app ေလးတစ္ခုျဖစ္ၿပီး ခ်က္ျပဳျခင္း၊ မုန႔္ဖုတ္ျခင္း၊ အႏုပညာနဲ႔ လက္မႈပညာရပ္ေတြ၊ အားကစား ဒါမွမဟုတ္ အိမ္အလွဆင္ျခင္းေတြကို သိမ္းဆည္းထားႏိုင္မွာပါ။
ဝါသနာရွင္ေတြကိုရည္႐ြယ္ၿပီးေတာ့ သက္ဆိုင္ရာပေရာဂ်က္အလိုက္ ဓါတ္ပုံေတြကို collection အျဖစ္နဲ႔စုစည္းထားႏိုင္တဲ့အတြက္ေၾကာင့္ အခ်ိန္နဲ႔တစ္ေျပးညီ ျပန္ၾကည့္လို႔ရမွာပါ။ လက္ရွိမွာေတာ့ social sharing အပိုင္းမပါဝင္ေသးပါဘူး။ ေနာက္ပိုင္းမွာ ဗြီဒီယိုေတြဖန္တီးဖို႔အထိပါ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။


ၿပီးခဲ့တဲ့ေႏြတုန္းက ထုတ္ကုန္အသစ္ေတြဖန္တီးေပးမယ့္ New Product Experimentation team နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ထုတ္ကုန္ေတြထဲမွာ meme လုပ္လို႔ရတဲ့ Whale app, social networking လုပ္ႏိုင္မယ့္ Bump app, music DJ ျဖစ္တဲ့ Aux app တို႔လည္း ပါဝင္ပါတယ္။ ဘယ္တစ္ခုကမွေတာ့ သိသိသာသာေအာင္ျမင္မႈမရခဲ့ေသးပါဘူး။
Hobbi ကို ပထမဆုံးျဖန႔္ခ်ိေပးမွာကေတာ့ ကိုလံဘီယာ၊ ဘယ္လ္ဂ်ီယံ၊ စပိန္ နဲ႔ယူကရိန္းတို႔ပဲ ျဖစ္ပါတယ္။ US အေျခစိုက္ဖုန္းေတြမွာေတာ့ App Store ေပၚမွာ ျမင္ႏိုင္ပါတယ္။ iPhone, iPad, iPod touch ေတြအတြက္ iOS 11 ႏွင့္အထက္သုံးထားရင္ အဆင္ေျပပါတယ္။
Hobbi အေနနဲ႔ Facebook ရဲ႕ overall brand နဲ႔ကိုက္ညီပါ့မလား။ ဒါေပမယ့္ သူ႔team ဆီကေန က်ရႈံးမႈေတြလည္း ေမွ်ာ္လင့္ထားတယ္လို႔ ေျပာထားပါတယ္။ အသုံးမဝင္ဘူးဆိုရင္ေတာ့ ခ်က္ခ်င္းဖ်က္သိမ္းသြားမွာပါ။ စာဖတ္သူေတြကေရာ ဘယ္လိုသေဘာရလဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.