Moto Razr သို့မဟုတ် ပြုပြင်ရအခက်ဆုံးဖုန်း

0
2708

Unicode

ခေါက်ချိုးဖုန်းတွေမှာ ကွေးညွတ်ထားတဲ့မျက်နှာပြင်တွေနဲ့ ရှုပ်ထွေးလှတဲ့လုပ်ဆောင်ချက်တွေပါဝင်နေတဲ့ ပတ္တာတွေကြောင့် ပြုပြင်ရတာခက်ခဲပါတယ်။ Motorola Razr ဖုန်းကတော့ ပြုပြင်ရအခက်ခဲဆုံးလို့ iFixit က မှတ်ချက်ပြုထားပါတယ်။
အဲဒီဖုန်းလေးဟာ iFixit ရဲ့ ပြုပြင်နိုင်စွမ်းကိုစစ်ဆေးတဲ့နေရာမှာ ၁၀မှတ်ပေးရင် ၁မှတ်သာရခဲ့ပါတယ်။ သုညရခဲ့ဖူးတာဆိုလို့ original Surface Laptop ပဲ ရှိပါလိမ့်မယ်။ နောက်မျိုးဆက်တွေတောင်မှ ၅မှတ်လောက်အထိ ပြန်ရနိုင်အောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ iPhone 11 Pro Max က ၆မှတ်၊ Galaxy Fold တောင်မှ ၂မှတ်ရထားပါတယ်။
ဘတ်ထရီတစ်ခုတည်းသာမသုံးဘဲ ဘတ်ထရီနှစ်ခုသုံးထားပြီး အဲဒီနှစ်ခုကို ကပ်ထားတဲ့ကော်တွေကြောင့် အဆင်မပြေဖြစ်ရတယ်လို့ iFixit က အပြစ်တင်ထားပါတယ်။ ဒီကော်တွေကြောင့် ဖွင့်ရတဲ့အခါမှာ အခက်အခဲတွေဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ ဝက်အူလှည့်တစ်မျိုးပဲ လိုတော့တာပေါ့။
Motorola အနေနဲ့screen လဲမယ်ဆိုရင် ၂၉၉ဒေါ်လာနဲ့ ဆောင်ရွက်ပေးပါတယ်။ Apple ရဲ့ iPhone 11 Pro Max display ရဲ့လဲလှယ်ခထက်တောင် နည်းနေတာကိုတော့ အသိအမှတ်ပြုရမှာပါ။


အရမ်းမိုက်ပြီး ခေတ်လွန်ဒီဇိုင်းဖြစ်တဲ့ form factor လိုမျိုးကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် reviewer တွေက သူ့ရဲ့မျက်နှာပြင်၊ ဘတ်ထရီသက်တမ်းတွေ၊ အလတ်တန်းစားအချက်အလက်တွေ၊ ကင်မရာတွေကို ဝေဖန်ခဲ့ကြပါတယ်။ Motorola မျှော်လင့်ထားခဲ့သလို ဟီးရိုးတော့ မဖြစ်လာခဲ့ပါဘူး။
Samsung ရဲ့ Galaxy Z Flip ကိုလည်း မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။ ultra-thin glass ကို အသုံးပြုထားပြီးတော့ ပတ္တာပိုင်းမှာလည်း လှလှပပသုံးပေးထားပါတယ်။ Galaxy Fold ဆီကနေ သင်ခန်းစာတွေရလိုက်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ JerryRigEverything လက်ထဲကို ဖုန်းလေးရောက်သွားဖို့ မျှော်လင့်နေမိပါတယ်။ ဖုန်းလေးကို ဓါးတွေနဲ့ခြစ်၊ အကြမ်းပတမ်းတွေလုပ်ပြတာမြင်ချင်မိပြီး ဘယ်လောက်ခံနိုင်လဲဆိုတာ ကျွန်တော်သိချင်နေမိပါတယ်။

Zawgyi

ေခါက္ခ်ိဳးဖုန္းေတြမွာ ေကြးၫြတ္ထားတဲ့မ်က္ႏွာျပင္ေတြနဲ႔ ရႈပ္ေထြးလွတဲ့လုပ္ေဆာင္ခ်က္ေတြပါဝင္ေနတဲ့ ပတၱာေတြေၾကာင့္ ျပဳျပင္ရတာခက္ခဲပါတယ္။ Motorola Razr ဖုန္းကေတာ့ ျပဳျပင္ရအခက္ခဲဆုံးလို႔ iFixit က မွတ္ခ်က္ျပဳထားပါတယ္။
အဲဒီဖုန္းေလးဟာ iFixit ရဲ႕ ျပဳျပင္ႏိုင္စြမ္းကိုစစ္ေဆးတဲ့ေနရာမွာ ၁၀မွတ္ေပးရင္ ၁မွတ္သာရခဲ့ပါတယ္။ သုညရခဲ့ဖူးတာဆိုလို႔ original Surface Laptop ပဲ ရွိပါလိမ့္မယ္။ ေနာက္မ်ိဳးဆက္ေတြေတာင္မွ ၅မွတ္ေလာက္အထိ ျပန္ရႏိုင္ေအာင္ ႀကိဳးစားႏိုင္ခဲ့ၾကပါတယ္။ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ iPhone 11 Pro Max က ၆မွတ္၊ Galaxy Fold ေတာင္မွ ၂မွတ္ရထားပါတယ္။
ဘတ္ထရီတစ္ခုတည္းသာမသုံးဘဲ ဘတ္ထရီႏွစ္ခုသုံးထားၿပီး အဲဒီႏွစ္ခုကို ကပ္ထားတဲ့ေကာ္ေတြေၾကာင့္ အဆင္မေျပျဖစ္ရတယ္လို႔ iFixit က အျပစ္တင္ထားပါတယ္။ ဒီေကာ္ေတြေၾကာင့္ ဖြင့္ရတဲ့အခါမွာ အခက္အခဲေတြျဖစ္ေစပါတယ္။ ဒါေပမယ့္လည္း အနည္းဆုံးေတာ့ ဝက္အူလွည့္တစ္မ်ိဳးပဲ လိုေတာ့တာေပါ့။
Motorola အေနနဲ႔screen လဲမယ္ဆိုရင္ ၂၉၉ေဒၚလာနဲ႔ ေဆာင္႐ြက္ေပးပါတယ္။ Apple ရဲ႕ iPhone 11 Pro Max display ရဲ႕လဲလွယ္ခထက္ေတာင္ နည္းေနတာကိုေတာ့ အသိအမွတ္ျပဳရမွာပါ။


အရမ္းမိုက္ၿပီး ေခတ္လြန္ဒီဇိုင္းျဖစ္တဲ့ form factor လိုမ်ိဳးကို အသုံးျပဳထားတာျဖစ္တဲ့အတြက္ေၾကာင့္ reviewer ေတြက သူ႔ရဲ႕မ်က္ႏွာျပင္၊ ဘတ္ထရီသက္တမ္းေတြ၊ အလတ္တန္းစားအခ်က္အလက္ေတြ၊ ကင္မရာေတြကို ေဝဖန္ခဲ့ၾကပါတယ္။ Motorola ေမွ်ာ္လင့္ထားခဲ့သလို ဟီး႐ိုးေတာ့ မျဖစ္လာခဲ့ပါဘူး။
Samsung ရဲ႕ Galaxy Z Flip ကိုလည္း မၾကာခင္မွာ ျမင္ေတြ႕ရေတာ့မွာပါ။ ultra-thin glass ကို အသုံးျပဳထားၿပီးေတာ့ ပတၱာပိုင္းမွာလည္း လွလွပပသုံးေပးထားပါတယ္။ Galaxy Fold ဆီကေန သင္ခန္းစာေတြရလိုက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ကေတာ့ JerryRigEverything လက္ထဲကို ဖုန္းေလးေရာက္သြားဖို႔ ေမွ်ာ္လင့္ေနမိပါတယ္။ ဖုန္းေလးကို ဓါးေတြနဲ႔ျခစ္၊ အၾကမ္းပတမ္းေတြလုပ္ျပတာျမင္ခ်င္မိၿပီး ဘယ္ေလာက္ခံႏိုင္လဲဆိုတာ ကြၽန္ေတာ္သိခ်င္ေနမိပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.