Unicode
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာတာနဲ့အမျှ ဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုတွေကလည်း နည်းပညာနယ်ပယ်အထိပါ ရောက်ရှိခဲ့ပါတယ်။ မနေ့ကတုန်းက GSMA က သူ့ရဲ့ Mobile World Congress ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဗိုင်းရပ်စ်အခြေအနေကြောင့် နှစ်တစ်နှစ်ရဲ့အကြီးမားဆုံးမိုဘိုင်းလ်ကုန်သွယ်ရေးပြပွဲကြီးကို ကျင်းပဖို့မဖြစ်နိုင်တော့ကြောင်း စီအီးအိုဖြစ်သူက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ဟာ iPhone 12 ရောက်ရှိမှုကိုလည်း ထိခိုက်ပါသေးတယ်။ ပြီးခဲ့တဲ့ရက်တွေကပြောခဲ့သလိုပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်ကိုသွားပြီး Engineering Validation Test စစ်လို့မရပါဘူး။ EVT ဟာ Design Validatioin Testing ရဲ့အောက်မှာရှိပါတယ်။ ဒီအဆင့်တွေဖြတ်ကျော်ပြီးမှသာ သုံးစွဲသူတွေလက်ထဲကိုချပြမယ့် ဒီဇိုင်းနဲ့ feature တွေကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အနည်းဆုံးတော့ နောက်ကျမှုတွေနဲ့ ရင်ဆိုင်ရမှာ ကျိန်းသေပါတယ်။
ဒါပေမယ့်လည်း အများကြီးနောက်မကျနိုင်ဘူးလို့တော့ DigiTimes က ဆိုထားပါတယ်။ Apple ဟာ စက်တင်ဘာလထဲမှာ ပြသနိုင်အောင် အစွမ်းကုန်ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ launch လုပ်တဲ့အချိန်မှာ အရေအတွက်ကို ကန့်သတ်ထားတာမျိုးလည်း လုပ်လို့ရတာပဲ။ ဒါဆိုရင် နှောင့်နှေးမှုတော့ မရှိတော့ပါဘူး။
iPhone ထုတ်လုပ်မှုကို စိတ်ချရတဲ့ ထိုင်ဝမ်ဘက်ကိုရွှေ့ဖို့လုပ်နေတယ်လို့လည်း သိရပါသေးတယ်။
ဒါပေမယ့်လည်း ကျွန်တော်အရင်ကပြောခဲ့သလို ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဗိုင်းရပ်စ်ကိုထိန်းနိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်နေတယ်ဆိုတော့ အရာရာကပြောင်းလဲသွားနိုင်ချေရှိနေပါသေးတယ်။ လက်ရှိအခြေအနေအရ တရုတ်ကနေမြစ်ဖျားခံလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း၂၅နိုင်ငံက လူပေါင်း ၆၀ ၀၀၀ ကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ်ခံအားကောင်းအောင် ဗီတာမင်စီသောက်တာမျိုး၊အပြင်ကပြန်လာပြီးတိုင်းလက်ဆေးတာမျိုး၊ လူထူထပ်တဲ့နေရာမျိုးတွေ ရှောင်ကြဉ်တာမျိုးလုပ်ခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်စေချင်ပါတယ်။
Zawgyi
ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔လာတာနဲ႔အမွ် ဗိုင္းရပ္စ္ရဲ႕႐ိုက္ခတ္မႈေတြကလည္း နည္းပညာနယ္ပယ္အထိပါ ေရာက္ရွိခဲ့ပါတယ္။ မေန႔ကတုန္းက GSMA က သူ႔ရဲ႕ Mobile World Congress ဖ်က္သိမ္းလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဗိုင္းရပ္စ္အေျခအေနေၾကာင့္ ႏွစ္တစ္ႏွစ္ရဲ႕အႀကီးမားဆုံးမိုဘိုင္းလ္ကုန္သြယ္ေရးျပပြဲႀကီးကို က်င္းပဖို႔မျဖစ္ႏိုင္ေတာ့ေၾကာင္း စီအီးအိုျဖစ္သူက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဗိုင္းရပ္စ္ဟာ iPhone 12 ေရာက္ရွိမႈကိုလည္း ထိခိုက္ပါေသးတယ္။ ၿပီးခဲ့တဲ့ရက္ေတြကေျပာခဲ့သလိုပဲ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ျပည္ကိုသြားၿပီး Engineering Validation Test စစ္လို႔မရပါဘူး။ EVT ဟာ Design Validatioin Testing ရဲ႕ေအာက္မွာရွိပါတယ္။ ဒီအဆင့္ေတြျဖတ္ေက်ာ္ၿပီးမွသာ သုံးစြဲသူေတြလက္ထဲကိုခ်ျပမယ့္ ဒီဇိုင္းနဲ႔ feature ေတြကို အတည္ျပဳႏိုင္မွာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေတြေၾကာင့္ အနည္းဆုံးေတာ့ ေနာက္က်မႈေတြနဲ႔ ရင္ဆိုင္ရမွာ က်ိန္းေသပါတယ္။
ဒါေပမယ့္လည္း အမ်ားႀကီးေနာက္မက်ႏိုင္ဘူးလို႔ေတာ့ DigiTimes က ဆိုထားပါတယ္။ Apple ဟာ စက္တင္ဘာလထဲမွာ ျပသႏိုင္ေအာင္ အစြမ္းကုန္ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။ ဒီလိုလုပ္ဖို႔အတြက္ဆိုရင္ေတာ့ launch လုပ္တဲ့အခ်ိန္မွာ အေရအတြက္ကို ကန႔္သတ္ထားတာမ်ိဳးလည္း လုပ္လို႔ရတာပဲ။ ဒါဆိုရင္ ေႏွာင့္ေႏွးမႈေတာ့ မရွိေတာ့ပါဘူး။
iPhone ထုတ္လုပ္မႈကို စိတ္ခ်ရတဲ့ ထိုင္ဝမ္ဘက္ကိုေ႐ႊ႕ဖို႔လုပ္ေနတယ္လို႔လည္း သိရပါေသးတယ္။
ဒါေပမယ့္လည္း ကြၽန္ေတာ္အရင္ကေျပာခဲ့သလို က်န္းမာေရးနဲ႔ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ဗိုင္းရပ္စ္ကိုထိန္းႏိုင္ဖို႔ အစြမ္းကုန္လုပ္ေဆာင္ေနတယ္ဆိုေတာ့ အရာရာကေျပာင္းလဲသြားႏိုင္ေခ်ရွိေနပါေသးတယ္။ လက္ရွိအေျခအေနအရ တ႐ုတ္ကေနျမစ္ဖ်ားခံလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံေပါင္း၂၅ႏိုင္ငံက လူေပါင္း ၆၀ ၀၀၀ ကို ကူးစက္ခဲ့ၿပီးျဖစ္ပါတယ္။ စာဖတ္သူတို႔လည္း ကိုယ္ခံအားေကာင္းေအာင္ ဗီတာမင္စီေသာက္တာမ်ိဳး၊အျပင္ကျပန္လာၿပီးတိုင္းလက္ေဆးတာမ်ိဳး၊ လူထူထပ္တဲ့ေနရာမ်ိဳးေတြ ေရွာင္ၾကဥ္တာမ်ိဳးလုပ္ျခင္းအားျဖင့္ မိမိကိုယ္ကိုကာကြယ္ေစခ်င္ပါတယ္။