Unicode
ကျွန်တော်တို့ထင်တဲ့အတိုင်းပဲ သူ့အမှားကို မြန်မြန်ဆန်ဆန်ပဲ ပြန်ပြင်ခဲ့ပါတယ်
Android preview တွေအတွက် သီးသန့်လုပ်ထားတဲ့ Google ရဲ့ဝက်ဘ်ဆိုက်လေးမှာ Android 10 ရဲ့နောက်မျိုးဆက်အကြောင်း တင်ထားတာ Android Police က မြင်ခဲ့ပါတယ်။
အခုအချိန်မှာ တရားဝင်ကြေညာထားခြင်းတောင်မလုပ်ရသေးဘဲနဲ့ အခုလိုပေါ်လာခဲ့တာက တစ်ယောက်ယောက်ရဲ့မှားယွင်းမှုဆိုတာ သေချာပါတယ်။ Google က အဲဒီစာမျက်နှာကို လုံးဝဖျောက်ထားလိုက်ပါပြီ။ အခုတော့ ဝင်ကြည့်လိုက်မယ်ဆိုရင် Android 10 အကြောင်းကိုပဲ ပြသနေမှာ ကျိန်းသေပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့အားကိုးရသူတွေကိုသိတယ်မလား။ လက်မြန်ချက်ကတော့ Flash တောင် အရှုံးပေးရမယ်။ မပူပါနဲ့။ ဘာတွေပါလဲကြည့်ရအောင်။
Developer Preview ကို မကြာခင်မှာပြုလုပ်တော့မှာလား။ လုံးဝကိုပဲအမှားအယွင်းဖြစ်ခဲ့တာလားဆိုတာကတော့ မသေချာပါဘူး။ မနှစ်ကတုန်းက Android 10 အတွက် ပထမဆုံး Developer Preview ကို မတ်လမှာ ကျင်းပခဲ့ပါတယ်။ ဒီတော့ နောက်လဆိုရင် မြင်ရလောက်ပါတယ်။ အဲဒီစာမျက်နှာလေးမြင်ရပေမယ့်လည်း feature အသစ်တွေရဲ့လင့်ကတော့ Android 10 ကိုပဲ ပြန်ညွှန်းထားတုန်းပါ။
Google ဟာ ဒီနှစ်အတွက် တော်တော်လေးအလုပ်ရှုပ်နေတယ်လို့သိရပါတယ်။ အရင်နှစ်တွေကထက် တစ်လစောပြီးတော့ Developer Preview လုပ်မယ်လို့ကြားနေပါတယ်။ ဒါပေမယ့် Google က မသေချာလောက်ဘူးထင်ရင် ပြောပြမယ်လို့ မတွေးထားမိပါဘူး။
အခုတော့ Android ရဲ့ feature အသစ်လေးတွေကို ကျွန်တော်တို့ ကြည့်ကြည့်လိုက်ရအောင်။ ခေါက်ချိုးဖုန်းလေးတွေအတွက် API, Vulkan extension, privacy feature တွေပါဝင်ပါတယ်။ မကြာခင်မှာတော့ ကျွန်တော်တို့ ပိုသိလာရတော့မှာပါ။
Zawgyi