iPhone 9 ထုတ်လုပ်မှုအရှိန်ရလာပေမယ့် iPhone 12 ကတော့ နောက်ကျနိုင်

0
1031

Unicode

မယုံကြည်ရတဲ့စာရင်းထဲမှာပါတဲ့ DigiTtimes ဆီက သတင်းတစ်ပုဒ်တက်လာပါတယ်။ ဒါကတော့ Apple ရဲ့supply chain ပါတနာတွေဟာ iPhone 9 အတွက် ထုတ်လုပ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ iPhone 9 အကြောင်း သတင်းတွေကြားထားပေမယ့်လည်း မတ်လလောက်မှ မြင်တွေ့ရနိုင်တယ်လို့တော့ မထင်မိပါဘူး။
iPhone 9 ကို စောစောမြင်ရမယ်ဆိုတာက သတင်းကောင်းဖြစ်ပေမယ့်လည်း iPhone 12 အတွက်တော့ ဘဝင်မကျလှပါဘူး။ Apple ဟာ အင်ဂျင်နီယာတွေကို တရုတ်ပြည်သွားဖို့အတွက် အခွင့်အရေးမပေးနိုင်တာက စမ်းသပ်မှုတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ iPhone 12 ကို နောက်ကျသွားစေတာပါ။
ဒါတွေကြောင့် စက်တင်ဘာလမှာထွက်ရှိရမယ့် iPhone 12 ကို တော်တော်လေးအကျပ်ရိုက်စေမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ တော်တော်ဒုက္ခပေးနိုင်တာပါ။ အခြေအနေတွေက နေ့စဉ်ပြောင်းလဲနေတာဆိုတော့ သူတို့ပြောသလိုလည်း ဖြစ်ချင်မှဖြစ်မှာပါ။ လာမယ့်ရက်တွေမှာ ကျွန်တော်တို့စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ Apple ဘက် နှောင့်နှေးမှုမရှိအောင်တော့ အစွမ်းကုန်ကြိုးစားပေးပါလိမ့်မယ်။
သတင်းတွေသာ တိကျခဲ့မယ်ဆိုရင် နောက်ထပ်ကြေညာမယ့် iPhone ကတော့ iPhone 9 ဖြစ်ပါတယ်။ iPhone SE ကို အစားထိုးမယ့်ကောင်ပေါ့။ စွမ်းဆောင်ရည်မြင့်မားတဲ့ A13 Bionic ပရိုဆက်ဆာပါဝင်မှာပါ။
ဈေးနှုန်းကတော့ ၃၉၉ဒေါ်လာလို့ကြားထားပါတယ်။

Zawgyi

မယုံၾကည္ရတဲ့စာရင္းထဲမွာပါတဲ့ DigiTtimes ဆီက သတင္းတစ္ပုဒ္တက္လာပါတယ္။ ဒါကေတာ့ Apple ရဲ႕supply chain ပါတနာေတြဟာ iPhone 9 အတြက္ ထုတ္လုပ္မႈေတြကို အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ေနပါတယ္။ iPhone 9 အေၾကာင္း သတင္းေတြၾကားထားေပမယ့္လည္း မတ္လေလာက္မွ ျမင္ေတြ႕ရႏိုင္တယ္လို႔ေတာ့ မထင္မိပါဘူး။
iPhone 9 ကို ေစာေစာျမင္ရမယ္ဆိုတာက သတင္းေကာင္းျဖစ္ေပမယ့္လည္း iPhone 12 အတြက္ေတာ့ ဘဝင္မက်လွပါဘူး။ Apple ဟာ အင္ဂ်င္နီယာေတြကို တ႐ုတ္ျပည္သြားဖို႔အတြက္ အခြင့္အေရးမေပးႏိုင္တာက စမ္းသပ္မႈေတြအတြက္ အဟန႔္အတားျဖစ္ေစပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ iPhone 12 ကို ေနာက္က်သြားေစတာပါ။
ဒါေတြေၾကာင့္ စက္တင္ဘာလမွာထြက္ရွိရမယ့္ iPhone 12 ကို ေတာ္ေတာ္ေလးအက်ပ္႐ိုက္ေစမွာျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကေတာ့ ေတာ္ေတာ္ဒုကၡေပးႏိုင္တာပါ။ အေျခအေနေတြက ေန႔စဥ္ေျပာင္းလဲေနတာဆိုေတာ့ သူတို႔ေျပာသလိုလည္း ျဖစ္ခ်င္မွျဖစ္မွာပါ။ လာမယ့္ရက္ေတြမွာ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ေသခ်ာတာကေတာ့ Apple ဘက္ ေႏွာင့္ေႏွးမႈမရွိေအာင္ေတာ့ အစြမ္းကုန္ႀကိဳးစားေပးပါလိမ့္မယ္။
သတင္းေတြသာ တိက်ခဲ့မယ္ဆိုရင္ ေနာက္ထပ္ေၾကညာမယ့္ iPhone ကေတာ့ iPhone 9 ျဖစ္ပါတယ္။ iPhone SE ကို အစားထိုးမယ့္ေကာင္ေပါ့။ စြမ္းေဆာင္ရည္ျမင့္မားတဲ့ A13 Bionic ပ႐ိုဆက္ဆာပါဝင္မွာပါ။
ေဈးႏႈန္းကေတာ့ ၃၉၉ေဒၚလာလို႔ၾကားထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.