foldable စမတ်ဖုန်းသစ် Galaxy Z Flip ကိုမိတ်ဆက်လိုက်တဲ့ Samsung

0
758

Samsung ဟာ Galaxy S20-series ဖုန်းတွေနဲ့အတူ ခေါက်နိုင်တဲ့မျက်နှာပြင်နဲ့ Galaxy Z Flip ကိုပါ မိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ ဒုတိယမြောက် foldable display ဖုန်းလို့သတ်မှတ်နိုင်ပြီး Galaxy Fold နဲ့တော့ ကွဲပြားပါတယ်။ Galaxy Fold က တက်ဘလက် အရွယ်အစားဖြစ်ပြီး Z Flip ကတော့ ပုံမှန် စမတ်ဖုန်းအရွယ်အစားကိုမှ foldable display နဲ့ပါ။ Z Flip မှာ 6.7-inch display ဖြစ်ပြီး super tall 22:9 Dynamic AMOLED ကို သုံးထားပါတယ်။

အခြား foldable screen ဖုန်းတွေနဲ့ ကွဲပြားတဲ့ အချက်ကသူ့မှာ Ultra Thin Glass layer ကို ထားတယ်လို့ ဆိုပါတယ်။ resolution က 1080 x 2636px ဖြစ်ပြီး Motorola Razr ထက် pixels 50% ကျော်ပိုများပါတယ်။ ဒုတိယမျက်နှာပြင်ကလည်း Super AMOLED ကိုသုံးထားပြီး 1.1 လက်မ သာရှိပါတယ်။ Snapdragon 865 ပရိုဆက်ဆာကို သုံးထားပြီး 4G ကွန်ရက်ချိတ်ဆက်မှုသာ ရရှိမှာပါ။ အချက်အလက်ပိုင်းမှာ 8GB/256GB တမျိုးတည်းသာ ထုတ်ထားပြီး UFS 3.0 storage နဲ့ပါ။ အဓိက ကင်မရာဟာ f/1.8 aperture နဲ့ 12MP sensor ဖြစ်ပါတယ်။

ultrawide တခုထပ်ပါအုံးမှာပါ။ Galaxy Z Flip မှာ 3,300 mAh ထည့်သွင်းထားပေမယ့် အားသွင်း အမြန်နှုန်းက 15W သာပေးထားပါတယ်။ အရောင် ၃ မျိုးဖြစ်ပြီး Mirror Black ၊ Mirror Purple နဲ့ Mirror Gold ဆိုပြီး ဖြစ်ပါတယ်။ Galaxy Z Flip ကိုလာမယ့် ၁၄ ရက်နေ့မှာ စတင်ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ 1,380 ကျသင့်ပါလိမ့်ယ်။

zawgyi

foldable စမတ္ဖုန္းသစ္ Galaxy Z Flip ကိုမိတ္ဆက္လိုက္တဲ့ Samsung
Samsung ဟာ Galaxy S20-series ဖုန္းေတြနဲ႔အတူ ေခါက္ႏိုင္တဲ့မ်က္ႏွာျပင္နဲ႔ Galaxy Z Flip ကိုပါ မိတ္ဆက္လိုက္ပါတယ္။ ကုမၸဏီရဲ႕ ဒုတိယေျမာက္ foldable display ဖုန္းလို႔သတ္မွတ္ႏိုင္ၿပီး Galaxy Fold နဲ႔ေတာ့ ကြဲျပားပါတယ္။ Galaxy Fold က တက္ဘလက္ အ႐ြယ္အစားျဖစ္ၿပီး Z Flip ကေတာ့ ပုံမွန္ စမတ္ဖုန္းအ႐ြယ္အစားကိုမွ foldable display နဲ႔ပါ။ Z Flip မွာ 6.7-inch display ျဖစ္ၿပီး super tall 22:9 Dynamic AMOLED ကို သုံးထားပါတယ္။

အျခား foldable screen ဖုန္းေတြနဲ႔ ကြဲျပားတဲ့ အခ်က္ကသူ႔မွာ Ultra Thin Glass layer ကို ထားတယ္လို႔ ဆိုပါတယ္။ resolution က 1080 x 2636px ျဖစ္ၿပီး Motorola Razr ထက္ pixels 50% ေက်ာ္ပိုမ်ားပါတယ္။ ဒုတိယမ်က္ႏွာျပင္ကလည္း Super AMOLED ကိုသုံးထားၿပီး 1.1 လက္မ သာရွိပါတယ္။ Snapdragon 865 ပ႐ိုဆက္ဆာကို သုံးထားၿပီး 4G ကြန္ရက္ခ်ိတ္ဆက္မႈသာ ရရွိမွာပါ။ အခ်က္အလက္ပိုင္းမွာ 8GB/256GB တမ်ိဳးတည္းသာ ထုတ္ထားၿပီး UFS 3.0 storage နဲ႔ပါ။ အဓိက ကင္မရာဟာ f/1.8 aperture နဲ႔ 12MP sensor ျဖစ္ပါတယ္။

ultrawide တခုထပ္ပါအုံးမွာပါ။ Galaxy Z Flip မွာ 3,300 mAh ထည့္သြင္းထားေပမယ့္ အားသြင္း အျမန္ႏႈန္းက 15W သာေပးထားပါတယ္။ အေရာင္ ၃ မ်ိဳးျဖစ္ၿပီး Mirror Black ၊ Mirror Purple နဲ႔ Mirror Gold ဆိုၿပီး ျဖစ္ပါတယ္။ Galaxy Z Flip ကိုလာမယ့္ ၁၄ ရက္ေန႔မွာ စတင္ရရွိႏိုင္မွာျဖစ္ၿပီး ေဈးႏႈန္း ေဒၚလာ 1,380 က်သင့္ပါလိမ့္ယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.