မလိုအပ်ဘဲ ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပို့ခြင်းတွေတောင်းခံထားတဲ့ app တွေကို ၉၈ရာခိုင်နှုန်းအထိ Android တိုက်ဖျက်

0
2287

Unicode

ဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့ချ်ပို့ဖို့တောင်းဆိုထားတဲ့ app တွေကို ၉၈ရာခိုင်နှုန်းအထိ Android တိုက်ဖျက်နိုင်ခဲ့
Google ဟာ permission အလွဲသုံးစားလုပ်နေတဲ့ Android app တွေကို တိုက်ဖျက်နေခဲ့ပါတယ်။ ဒါဟာ Play Store အတွက်တော့ အတော်လေးသက်ရောက်မှုကြီးတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ချ်ပို့ခွင့်တောင်းထားတဲ့ app တွေရဲ့ ၉၈ရာခိုင်နှုန်းကို တိုက်ဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၀၁၈ ပေါ်လစီက မလိုအပ်ဘဲတောင်းဆိုထားမှုတွေကို ဆန့်ကျင်ဖို့ လုပ်ဆောင်ခဲ့တာပါ။ ကျန်ခဲ့တဲ့ ၂ရာခိုင်နှုန်းကတော့ သူတို့ရဲ့အဓိကလုပ်ဆောင်ချက်အတွက် ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပို့ခြင်းတွေ လိုအပ်တယ်လို့ Google က ပြောပါတယ်။
Play Store ပေါ်လစီနဲ့မကိုက်ညီတဲ့ app ပေါင်း ၇၉၀ ၀၀၀ လောက်ကို ရပ်တံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မေ ၂၀၁၉ ပေါ်လစီအရ developer တွေကို အဓိကထားတဲ့သူက ကလေးတွေလားဆိုတာ မေးမြန်းပါတယ်။ Google Play Protect အနေနဲ့လည်း ၁.၉ဘီလျံလောက်အထိကို ပိတ်ဆို့နိုင်ခဲ့ပါသေးတယ်။
အရင်တုန်းကတော့ Google က နုနုရွရွသာ ကိုင်တွယ်ခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ်အတွင်းမှာ Android အတွက် malware က အဓိကပစ်မှတ်တစ်ခုလိုဖြစ်လာတာကြောင့် Play Store app တွေကို စိစစ်လာခဲ့ပါတယ်။ Android 10 မှာ permission အလွဲသုံးစားလုပ်တာကို လုံးဝရပ်တံ့ဖို့ကတော့ ခက်ခဲနေဦးမှာပါ။ ဒါပေမယ့်လည်း သုံးစွဲသူတွေရဲ့ privacy ကိုလေးစားပြီး developer တွေအနေနဲ့ ကောက်ယူတဲ့ဒေတာပမာဏနည်းသွားအောင်တော့ တွန်းအားပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။

Zawgyi

ဖုန္းေခၚဆိုမႈနဲ႔ မက္ေဆ့ခ်္ပို႔ဖို႔ေတာင္းဆိုထားတဲ့ app ေတြကို ၉၈ရာခိုင္ႏႈန္းအထိ Android တိုက္ဖ်က္ႏိုင္ခဲ့
Google ဟာ permission အလြဲသုံးစားလုပ္ေနတဲ့ Android app ေတြကို တိုက္ဖ်က္ေနခဲ့ပါတယ္။ ဒါဟာ Play Store အတြက္ေတာ့ အေတာ္ေလးသက္ေရာက္မႈႀကီးတဲ့ ႐ိုက္ခတ္မႈတစ္ခုျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္မွာ ဖုန္းေခၚဆိုမႈေတြနဲ႔ မက္ေဆ့ခ်္ပို႔ခြင့္ေတာင္းထားတဲ့ app ေတြရဲ႕ ၉၈ရာခိုင္ႏႈန္းကို တိုက္ဖ်က္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေအာက္တိုဘာ ၂၀၁၈ ေပၚလစီက မလိုအပ္ဘဲေတာင္းဆိုထားမႈေတြကို ဆန႔္က်င္ဖို႔ လုပ္ေဆာင္ခဲ့တာပါ။ က်န္ခဲ့တဲ့ ၂ရာခိုင္ႏႈန္းကေတာ့ သူတို႔ရဲ႕အဓိကလုပ္ေဆာင္ခ်က္အတြက္ ဖုန္းေခၚဆိုျခင္း၊ မက္ေဆ့ခ်္ပို႔ျခင္းေတြ လိုအပ္တယ္လို႔ Google က ေျပာပါတယ္။
Play Store ေပၚလစီနဲ႔မကိုက္ညီတဲ့ app ေပါင္း ၇၉၀ ၀၀၀ ေလာက္ကို ရပ္တံ့ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေမ ၂၀၁၉ ေပၚလစီအရ developer ေတြကို အဓိကထားတဲ့သူက ကေလးေတြလားဆိုတာ ေမးျမန္းပါတယ္။ Google Play Protect အေနနဲ႔လည္း ၁.၉ဘီလ်ံေလာက္အထိကို ပိတ္ဆို႔ႏိုင္ခဲ့ပါေသးတယ္။
အရင္တုန္းကေတာ့ Google က ႏုႏု႐ြ႐ြသာ ကိုင္တြယ္ခဲ့ေပမယ့္လည္း ၂၀၁၉ခုႏွစ္အတြင္းမွာ Android အတြက္ malware က အဓိကပစ္မွတ္တစ္ခုလိုျဖစ္လာတာေၾကာင့္ Play Store app ေတြကို စိစစ္လာခဲ့ပါတယ္။ Android 10 မွာ permission အလြဲသုံးစားလုပ္တာကို လုံးဝရပ္တံ့ဖို႔ကေတာ့ ခက္ခဲေနဦးမွာပါ။ ဒါေပမယ့္လည္း သုံးစြဲသူေတြရဲ႕ privacy ကိုေလးစားၿပီး developer ေတြအေနနဲ႔ ေကာက္ယူတဲ့ေဒတာပမာဏနည္းသြားေအာင္ေတာ့ တြန္းအားေပးလိုက္သလို ျဖစ္ေစခဲ့ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.