ဘယ်သူမှမပြောသေးတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကို တော်လှန်သွားမယ့် Apple

0
1350

Unicode

ဘယ်အချိန်တည်းက အစပြုသွားလဲမသိပေမယ့် Target ကိုရောက်တဲ့အချိန်တိုင်းမှာ ငွေပေးချေမှုတိုင်းကို Apple Pay နဲ့ပဲ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေထည့်နေဖို့မလိုတော့သလို၊ ဒေါ်လာလဲစရာလည်း မလိုတော့ပါဘူး။ အကြွေရှာရတာလည်း သက်သာတာပေါ့။ ခရက်ဒစ်ကဒ်ကို ဟက်ခံရပြီး ဒေတာတွေအခိုးခံရခြင်းမှလည်း ကင်းဝေးနေပါပြီ။ မြန်ပါတယ်။ ဒေါင် ဆိုတာနဲ့ တံခါးဖွင့်ပြီး ထွက်သွားရုံပဲ။ ကျွန်တော်ထင်ပါတယ်။ ဥရောပကို ခရီးသွားပြီးပြန်အလာတည်းက အကျင့်ဖြစ်နေခဲ့တာဖြစ်မယ်။ အဲဒီမှာက ကျွန်တော်နားမလည်တဲ့ ငွေကြေးကိုသုံးရတာထက်စာရင် Apple Pay သုံးရတာ ပိုအဆင်ပြေခဲ့တယ်လေ။ ဒါနဲ့ပဲ ဆက်သုံးဖြစ်နေတာပါ။
Apple ဟာ Apple Music နဲ့App Store လိုမျိုး ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဝင်ငွေတွေတိုးပြီးရနေပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ Fortune 100 လုပ်ငန်းတွေရဲ့အရွယ်အစားလောက်ရှိပါတယ်။ သူ့ရဲ့ဝန်ဆောင်မှုတွေဟာ အခြားလုပ်ငန်းတွေထက်တောင် အောင်မြင်နေတာမျိုးလည်း ရှိပါတယ်။ ဥပမာ Apple Pay လိုမျိုးပေါ့။ Apple Pay ဟာ ခရက်ဒစ်တွေနဲ့ချိတ်နဆက်နိုင်သလို Apple Card အသစ်နဲ့လည်း ချိတ်နိုင်ပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးအတွက် ခရက်ဒစ်ကတ်နဲ့လုပ်ဆောင်ချက်တွေအားလုံးအတွက် ၅% ကောက်ခံပါတယ်။
Bernstein သုတေသနလုပ်ငန်းရဲ့တွေ့ရှိချက်အရ Apple Pay ဟာ နောက်ငါးနှစ်အတွင်းမှာ ၁၀% ကောက်ခံသွားမယ်လို့ သိရပါတယ်။
Apple ဟာ လေးနှစ်အတွင်းမှာ ဒေါ်လာ၁၇၈ ဘီလျံကနေ ဒေါ်လာ ၁.၅ ထရီလီယံလောက်အထိ ဈေးကွက်ရှာနိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ဒီပမာဏမြောက်များစွာကြောင့် Apple Pay ကနေ ဝင်ငွေတွေလည်း အများအပြားရရှိခံစားရမှာပါ။
Apple CEO Tim Cook ကတော့ Apple Pay ရဲ့ လုပ်ဆောင်ချက်တွေဟာ မနှစ်ကထက် နှစ်ဆများပြားလာပြီးတော့ transaction ပေါင်း ၁၅ဘီလျံကျော်လွန်သွားပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တဖြည်းဖြည်းနဲ့ Apple Pay ဟာ PayPal ကို ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်လာနိုင်ကြောင်းလည်း ပြောဆိုထားပါသေးတယ်။ ဟုတ်ပါတယ်။ Apple ဟာ payments ecosystem ကို နှောင့်ယှက်နိုင်စွမ်းကြီးမားနေတာကြောင့် စိတ်ပူသင့်တဲ့အကြောင်းအရင်းတွေ များစွာရှိနေပါတယ်လို့ သုတေသီတွေက ပြောဆိုထားပါတယ်။

Zawgyi

ဘယ္အခ်ိန္တည္းက အစျပဳသြားလဲမသိေပမယ့္ Target ကိုေရာက္တဲ့အခ်ိန္တိုင္းမွာ ေငြေပးေခ်မႈတိုင္းကို Apple Pay နဲ႔ပဲ လုပ္ေဆာင္ျဖစ္ခဲ့ပါတယ္။ ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံေတြထည့္ေနဖို႔မလိုေတာ့သလို၊ ေဒၚလာလဲစရာလည္း မလိုေတာ့ပါဘူး။ အေႂကြရွာရတာလည္း သက္သာတာေပါ့။ ခရက္ဒစ္ကဒ္ကို ဟက္ခံရၿပီး ေဒတာေတြအခိုးခံရျခင္းမွလည္း ကင္းေဝးေနပါၿပီ။ ျမန္ပါတယ္။ ေဒါင္ ဆိုတာနဲ႔ တံခါးဖြင့္ၿပီး ထြက္သြား႐ုံပဲ။ ကြၽန္ေတာ္ထင္ပါတယ္။ ဥေရာပကို ခရီးသြားၿပီးျပန္အလာတည္းက အက်င့္ျဖစ္ေနခဲ့တာျဖစ္မယ္။ အဲဒီမွာက ကြၽန္ေတာ္နားမလည္တဲ့ ေငြေၾကးကိုသုံးရတာထက္စာရင္ Apple Pay သုံးရတာ ပိုအဆင္ေျပခဲ့တယ္ေလ။ ဒါနဲ႔ပဲ ဆက္သုံးျဖစ္ေနတာပါ။
Apple ဟာ Apple Music နဲ႔App Store လိုမ်ိဳး ဝန္ေဆာင္မႈလုပ္ငန္းေတြကေန ဝင္ေငြေတြတိုးၿပီးရေနပါတယ္။ ဝန္ေဆာင္မႈလုပ္ငန္းေတြဟာ Fortune 100 လုပ္ငန္းေတြရဲ႕အ႐ြယ္အစားေလာက္ရွိပါတယ္။ သူ႔ရဲ႕ဝန္ေဆာင္မႈေတြဟာ အျခားလုပ္ငန္းေတြထက္ေတာင္ ေအာင္ျမင္ေနတာမ်ိဳးလည္း ရွိပါတယ္။ ဥပမာ Apple Pay လိုမ်ိဳးေပါ့။ Apple Pay ဟာ ခရက္ဒစ္ေတြနဲ႔ခ်ိတ္နဆက္ႏိုင္သလို Apple Card အသစ္နဲ႔လည္း ခ်ိတ္ႏိုင္ပါတယ္။ အခုဆိုရင္ တစ္ကမာၻလုံးအတြက္ ခရက္ဒစ္ကတ္နဲ႔လုပ္ေဆာင္ခ်က္ေတြအားလုံးအတြက္ ၅% ေကာက္ခံပါတယ္။
Bernstein သုေတသနလုပ္ငန္းရဲ႕ေတြ႕ရွိခ်က္အရ Apple Pay ဟာ ေနာက္ငါးႏွစ္အတြင္းမွာ ၁၀% ေကာက္ခံသြားမယ္လို႔ သိရပါတယ္။
Apple ဟာ ေလးႏွစ္အတြင္းမွာ ေဒၚလာ၁၇၈ ဘီလ်ံကေန ေဒၚလာ ၁.၅ ထရီလီယံေလာက္အထိ ေဈးကြက္ရွာႏိုင္လိမ့္မယ္လို႔ သုံးသပ္ထားပါတယ္။ ဒီပမာဏေျမာက္မ်ားစြာေၾကာင့္ Apple Pay ကေန ဝင္ေငြေတြလည္း အမ်ားအျပားရရွိခံစားရမွာပါ။
Apple CEO Tim Cook ကေတာ့ Apple Pay ရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ မႏွစ္ကထက္ ႏွစ္ဆမ်ားျပားလာၿပီးေတာ့ transaction ေပါင္း ၁၅ဘီလ်ံေက်ာ္လြန္သြားၿပီလို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ တျဖည္းျဖည္းနဲ႔ Apple Pay ဟာ PayPal ကို ၿပိဳင္ဘက္အျဖစ္နဲ႔ ရင္ဆိုင္လာႏိုင္ေၾကာင္းလည္း ေျပာဆိုထားပါေသးတယ္။ ဟုတ္ပါတယ္။ Apple ဟာ payments ecosystem ကို ေႏွာင့္ယွက္ႏိုင္စြမ္းႀကီးမားေနတာေၾကာင့္ စိတ္ပူသင့္တဲ့အေၾကာင္းအရင္းေတြ မ်ားစြာရွိေနပါတယ္လို႔ သုေတသီေတြက ေျပာဆိုထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.