Unicode
Samsung ရဲ့ Galaxy Z Flip အသစ်လေးမှာ အပေါ်တစ်ဝက်နဲ့အောက်တစ်ဝက်ကို ခွဲခြားနိုင်တဲ့ feature လေးတစ်ခု ပါဝင်လာပါတယ်။ Google ရဲ့ပြောကြားချက်အရ တခြားသောဖုန်းထုတ်လုပ်သူတွေအနေနဲ့ အဲဒီ feature လေးကို သူတို့ဖုန်းတွေထဲမှာ ထည့်သွင်းနိုင်မယ်လို့ သိရပါတယ်။
Flex mode လို့ Samsung အမည်ပေးထားတဲ့ feature လေးကတော့ ဖုန်းရဲ့မျက်နှာပြင်ကို လေးလက်မမျက်နှာပြင်နှစ်ခုအဖြစ်နဲ့ ပိုင်းခြားပေးနိုင်ပြီး app တစ်ခုကိုသုံးနေမယ်ဆိုရင် မတူညီတဲ့ရှုထောင့်နှစ်ခုကို ပြသပေးနိုင်မှာပဲဖြစ်ပါတယ်။ Samsung ဟာ Youtube ဗွီဒီယိုကို အပေါ်မှာကြည့်ပြီးတော့ အောက်ဘက်ကနေ ကွန်မန့်တွေဖတ်လို့ရကြောင်းကို စမ်းသပ်သုံးစွဲပြသွားခဲ့ပါတယ်။ Google Duo ဗွီဒီယိုကောလ်ကို စမ်းသုံးကြည့်တဲ့အခါမှာ ဗွီဒီယိုပြောဆိုမှုအပိုင်းကို အပေါ်မှာပြသပြီးတော့ အောက်ဘက်မှာ call control တွေကို ပြသပေးတာတွေ့ရပါတယ်။
ဒါက သတင်းကောင်းပါပဲ။ Flex mode ဟာ Z Flip လိုမျိုးဖုန်းတွေအတွက် အသုံးဝင်တဲ့feature တစ်ခု ဖြစ်နေလို့ပါ။ ဘယ်လိုဖုန်းတွေမှာ အသုံးပြုလာကြဦးမလဲဆိုတာ ကျွန်တော်ကတော့ ရင်ခုန်နေမိပါတယ်။
Zawgyi
Samsung ရဲ႕ Galaxy Z Flip အသစ္ေလးမွာ အေပၚတစ္ဝက္နဲ႔ေအာက္တစ္ဝက္ကို ခြဲျခားႏိုင္တဲ့ feature ေလးတစ္ခု ပါဝင္လာပါတယ္။ Google ရဲ႕ေျပာၾကားခ်က္အရ တျခားေသာဖုန္းထုတ္လုပ္သူေတြအေနနဲ႔ အဲဒီ feature ေလးကို သူတို႔ဖုန္းေတြထဲမွာ ထည့္သြင္းႏိုင္မယ္လို႔ သိရပါတယ္။
Flex mode လို႔ Samsung အမည္ေပးထားတဲ့ feature ေလးကေတာ့ ဖုန္းရဲ႕မ်က္ႏွာျပင္ကို ေလးလက္မမ်က္ႏွာျပင္ႏွစ္ခုအျဖစ္နဲ႔ ပိုင္းျခားေပးႏိုင္ၿပီး app တစ္ခုကိုသုံးေနမယ္ဆိုရင္ မတူညီတဲ့ရႈေထာင့္ႏွစ္ခုကို ျပသေပးႏိုင္မွာပဲျဖစ္ပါတယ္။ Samsung ဟာ Youtube ဗြီဒီယိုကို အေပၚမွာၾကည့္ၿပီးေတာ့ ေအာက္ဘက္ကေန ကြန္မန႔္ေတြဖတ္လို႔ရေၾကာင္းကို စမ္းသပ္သုံးစြဲျပသြားခဲ့ပါတယ္။ Google Duo ဗြီဒီယိုေကာလ္ကို စမ္းသုံးၾကည့္တဲ့အခါမွာ ဗြီဒီယိုေျပာဆိုမႈအပိုင္းကို အေပၚမွာျပသၿပီးေတာ့ ေအာက္ဘက္မွာ call control ေတြကို ျပသေပးတာေတြ႕ရပါတယ္။
ဒါက သတင္းေကာင္းပါပဲ။ Flex mode ဟာ Z Flip လိုမ်ိဳးဖုန္းေတြအတြက္ အသုံးဝင္တဲ့feature တစ္ခု ျဖစ္ေနလို႔ပါ။ ဘယ္လိုဖုန္းေတြမွာ အသုံးျပဳလာၾကဦးမလဲဆိုတာ ကြၽန္ေတာ္ကေတာ့ ရင္ခုန္ေနမိပါတယ္။