48MP ကင်မရာပါဝင်တဲ့ OPPO Reno3 Vitality ကို ကြေညာ

0
1025

OPPO အနေနဲ့ Reno3 ဖုန်းတွေရဲ့မျိုးဆက်သစ် Reno3 Vatality ကို ကြေညာလိုက်ပါတယ်။ Reno3 ကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားတဲ့ Reno3 Vatality ကိုအရောင်သစ်တွေလည်း ထပ်ထုတ်ပေးထားပါတယ်။ Reno3 Vitality ရဲ့ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 765 Chipset နဲ့ ဖြစ်ပြီး MediaTek MT6885 Dimensity 1000L Modem ကိုထည့်ပေးထားပါတယ်။

Reno3 Vatality မှာ မျက်နှာပြင် 6.4 လက်မ Super AMOLED FHD+ ရုပ်ထွက်သုံးထားပါတယ်။ Teardrop Notch မှာ ရှေ့ကင်မရာ 32MP ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ 48MP+8MP+2MP+2MP သုံးထားပါတယ်။ ဘက်ထရီ 4025 mAh ပါဝင်ကာ 30W Fast Charging သုံးနိုင်ပါမယ်။ နားကြပ်ပေါက်ပါဝင်သလို NFC လည်း ပါဝင်ပါတယ်။ ဒါကြောင့် 5G အသုံးပြုနိုင်ပါမယ်။ ဒီဖုန်းမှာ RAM8GB နှင့် Storage 128GB ပါဝင်ပါတယ်။ အရောင်များအနေဖြင့် Moonlight Black ၊ Sky Mirror White ၊ Streamer Gold အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းကို ဈေးနှုန်း ဒေါ်လာ 430 သတ်မှတ်ထားပါတယ်။ တရုတ်ဈေးကွက်မှာ ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.