Unicode
မကြာခင်မှာကျင်းပတော့မယ့် MWC 2020 အတွက်ရင်ခုန်နေကြလောက်ပါပြီ။ ဒီနှစ်အတွက် အကြီးမားဆုံးသောမိုဘိုင်းလ်ပြပွဲကြီးကို ဖျက်သိမ်းနိုင်လောက်ပါတယ်။ ဒါဟာ MWC ရဲ့သမိုင်းတစ်လျှောက်မှာတော့ ပထမဆုံးအနေနဲ့မှတ်တမ်းဝင်နိုင်လောက်တဲ့အထိ ဖြစ်လာမှာပါ။
နှစ်တိုင်းလိုလိုမှာ နာမည်ကြီးနည်းပညာလုပ်ငန်းတွေဟဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာစုစည်းပြီးတော့ သူတို့ရဲ့ထုတ်ကုန်အသစ်တွေကို ပြသလေ့ရှိကြပါတယ်။ နှစ်တစ်နှစ်ရဲ့ အရေးပါဆုံးသော စမတ်ဖုန်း၊ တက်ဘလက်၊ ပီစီနဲ့နည်းပညာအသစ်အဆန်းတွေကို ပြသပြီး စမ်းသပ်သုံးစွဲခွင့်တွေရရှိစေခဲ့တဲ့ ပြပွဲတစ်ခုဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ MWC ဟာ ကြီးသထက်ကြီးလာခဲ့ပြီးတော့ စမတ်ဖုန်းတွေဟာလည်း လူအများကြားမှာ တော်တော်လေးကို ရေပန်းစားလာခဲ့ပါတယ်။ MWC 2020 ကျင်းပဖို့က နှစ်ပတ်ပဲလိုပါတော့တယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက ပွဲတစ်ခုလုံးကို ဖျက်သိမ်းစေနိုင်လောက်တဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။
GSMA ကတော့ လွန်ခဲ့တဲ့အပတ်တွေတုန်းက ဖျက်သိမ်းဖို့စိတ်ကူးမရှိကြောင်းပြောခဲ့ပေမယ့်လည်း တရုတ်ရဲ့ကိုရိုနာဗိုင်းရစ်ပ်သတင်းတွေအရ စိတ်ချမ်းသာစရာတော့ မရှိနေပါဘူး။ နှစ်လအတွင်းမျာ လူပေါင်း ၄၀ ၀၀၀ ကျော်ကူးစက်ခံရပြီးတော့ လူပေါင်း ၁၀၀၀ကျော်ရဲ့အသက်ကို နှုတ်ယူထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အစပြုရာ တရုတ်နိုင်ငံရဲ့ နည်းပညာလုပ်ငန်းတွေအနေနဲ့ကတော့ MWC ကို တက်ရောက်ဖို့အတွက် အဆင်မပြေလောက်ပါဘူး။ ဒီလိုမတက်ရောက်နိုင်တဲ့နည်းပညာလုပ်ငန်းတွေ တဖြည်းဖြည်းများပြားလာမှုက GSMA နဲ့ ဘာစီလိုနာကတာဝန်ရှိသူတွေအတွက် ပြန်လည်စဉ်းစားစရာ ဖြစ်လာစေပါတယ်။
သတင်းတွေအရ GSMA အနေနဲ့ သောကြာနေ့မှာ ဒီပွဲကြီးကို ကျင်းပဖြစ်မလားဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့အတွက် အစည်းအဝေးတစ်ခု ကျင်းပတော့မယ်လို့ သိရပါတယ်။
ပွဲကိုမတက်ရောက်ဘူးလို့ ကြေညာထားတဲ့လုပ်ငန်းတွေကတော့ TCL, Intel, Vivo, NTT Docomo, Amazon, Sony, Nvidia, Ericsson, ZTE နဲ့ LG တို့ပါ။ Umidigi, Amdocs, Gigaset တို့လည်း မပါတော့ဘူးလို့ ပြောထားပါတယ်။ တချို့လုပ်ငန်းတွေကလည်း စီစဉ်ထားတဲ့ press event တွေကို ဖျက်သိမ်းလိုက်ပေမယ့်လည်း ပြပွဲမှာတော့ ပါဝင်သွားမှာပါ။ တရုတ်နိုင်ငံအခြေစိုက်မဟုတ်တဲ့ဝန်ထမ်းတွေကို စေလွှတ်ပြီးတော့ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်မယ်လို့လည်း လုပ်ငန်းအချို့က ပြောဆိုနေကြပါတယ်။
ဒါပေမယ့်လည်း မတက်ရောက်ကြမယ့်သူတွေက နေရာရဲ့၁၀ရာခိုင်နှုန်းလောက်အထိ ဖြစ်သါားပါတယ်။ အနစ်နာဆုံးကတော့ Hall 3 မှာပါ။ ပုံမှန်အတိုင်းဆိုရင် ဟော့ဖြစ်နေတဲ့လုပ်ငန်းတွေစုစည်းထားတဲ့နေရာပေါ့။ တော်တော်လေးလည်း ခြေရှုပ်ကြတဲ့နေရာလေးပါ။ ဒါပေမယ့် ပွဲကျင်းပရာ Fira ဒေသမှာတော့ အရင်တုန်းကလိုပဲ ဝန်ထမ်းတွေဟာ booth တွေပြင်ဆင်နေပြီလို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တက်ရောက်မယ့်သူတွေအတော်များများကို ထိတ်လန့်စေပါတယ်။ ဟော်တယ်တွေကလည်း စာရင်းပေးသွင်းထားတာတွေကို ပယ်ဖျက်နေပါတယ်။ ဘယ်လောက်များသလဲဆိုတာကတော့ မသိရသေးပါဘူး။ သုတေသီတစ်ယောက်ကတော့ ဒီပွဲကိုဖျက်သိမ်းခိုင်းနေပါတယ်။ ဒီလိုလူထူထပ်တဲ့ပွဲမျိုးဟာ ဗိုင်းရပ်စ်ကို သယ်ဆောင်လာနိုင်ပြီးတော့ ပြန့်ပွားမှုနှုန်းတအားမြန်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
ပွဲကိုသာဖျက်သိမ်းလိုက်မယ်ဆိုရင်တော့ ယူရို ၄၉၂မီလျံလောက်နစ်နာမှာပါ။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြန့်သွားခဲ့မယ်ဆိုရင် ကုန်ကျမယ့်စရိတ်က ခန့်မှန်းလို့မရပါဘူး။ ဒီနှစ်ပွဲမှာ တက်ရောက်သူပေါင်း ၁၁၀ ၀၀၀ မျှော်မှန်းထားပါတယ်။ အရင်နှစ်တုန်းကတော့ ၁၀၉ ၀၀၀ လောက်ပဲ တက်ရောက်ခဲ့တာပါ။
Zawgyi
မၾကာခင္မွာက်င္းပေတာ့မယ့္ MWC 2020 အတြက္ရင္ခုန္ေနၾကေလာက္ပါၿပီ။ ဒီႏွစ္အတြက္ အႀကီးမားဆုံးေသာမိုဘိုင္းလ္ျပပြဲႀကီးကို ဖ်က္သိမ္းႏိုင္ေလာက္ပါတယ္။ ဒါဟာ MWC ရဲ႕သမိုင္းတစ္ေလွ်ာက္မွာေတာ့ ပထမဆုံးအေနနဲ႔မွတ္တမ္းဝင္ႏိုင္ေလာက္တဲ့အထိ ျဖစ္လာမွာပါ။
ႏွစ္တိုင္းလိုလိုမွာ နာမည္ႀကီးနည္းပညာလုပ္ငန္းေတြဟဟာ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕မွာစုစည္းၿပီးေတာ့ သူတို႔ရဲ႕ထုတ္ကုန္အသစ္ေတြကို ျပသေလ့ရွိၾကပါတယ္။ ႏွစ္တစ္ႏွစ္ရဲ႕ အေရးပါဆုံးေသာ စမတ္ဖုန္း၊ တက္ဘလက္၊ ပီစီနဲ႔နည္းပညာအသစ္အဆန္းေတြကို ျပသၿပီး စမ္းသပ္သုံးစြဲခြင့္ေတြရရွိေစခဲ့တဲ့ ျပပြဲတစ္ခုဆိုလည္း မမွားပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္မွာ MWC ဟာ ႀကီးသထက္ႀကီးလာခဲ့ၿပီးေတာ့ စမတ္ဖုန္းေတြဟာလည္း လူအမ်ားၾကားမွာ ေတာ္ေတာ္ေလးကို ေရပန္းစားလာခဲ့ပါတယ္။ MWC 2020 က်င္းပဖို႔က ႏွစ္ပတ္ပဲလိုပါေတာ့တယ္။ ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈက ပြဲတစ္ခုလုံးကို ဖ်က္သိမ္းေစႏိုင္ေလာက္တဲ့အထိ ျဖစ္လာေစႏိုင္ပါတယ္။
GSMA ကေတာ့ လြန္ခဲ့တဲ့အပတ္ေတြတုန္းက ဖ်က္သိမ္းဖို႔စိတ္ကူးမရွိေၾကာင္းေျပာခဲ့ေပမယ့္လည္း တ႐ုတ္ရဲ႕ကို႐ိုနာဗိုင္းရစ္ပ္သတင္းေတြအရ စိတ္ခ်မ္းသာစရာေတာ့ မရွိေနပါဘူး။ ႏွစ္လအတြင္းမ်ာ လူေပါင္း ၄၀ ၀၀၀ ေက်ာ္ကူးစက္ခံရၿပီးေတာ့ လူေပါင္း ၁၀၀၀ေက်ာ္ရဲ႕အသက္ကို ႏႈတ္ယူထားပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္အစျပဳရာ တ႐ုတ္ႏိုင္ငံရဲ႕ နည္းပညာလုပ္ငန္းေတြအေနနဲ႔ကေတာ့ MWC ကို တက္ေရာက္ဖို႔အတြက္ အဆင္မေျပေလာက္ပါဘူး။ ဒီလိုမတက္ေရာက္ႏိုင္တဲ့နည္းပညာလုပ္ငန္းေတြ တျဖည္းျဖည္းမ်ားျပားလာမႈက GSMA နဲ႔ ဘာစီလိုနာကတာဝန္ရွိသူေတြအတြက္ ျပန္လည္စဥ္းစားစရာ ျဖစ္လာေစပါတယ္။
သတင္းေတြအရ GSMA အေနနဲ႔ ေသာၾကာေန႔မွာ ဒီပြဲႀကီးကို က်င္းပျဖစ္မလားဆိုတာကို စဥ္းစားဆုံးျဖတ္ဖို႔အတြက္ အစည္းအေဝးတစ္ခု က်င္းပေတာ့မယ္လို႔ သိရပါတယ္။
ပြဲကိုမတက္ေရာက္ဘူးလို႔ ေၾကညာထားတဲ့လုပ္ငန္းေတြကေတာ့ TCL, Intel, Vivo, NTT Docomo, Amazon, Sony, Nvidia, Ericsson, ZTE နဲ႔ LG တို႔ပါ။ Umidigi, Amdocs, Gigaset တို႔လည္း မပါေတာ့ဘူးလို႔ ေျပာထားပါတယ္။ တခ်ိဳ႕လုပ္ငန္းေတြကလည္း စီစဥ္ထားတဲ့ press event ေတြကို ဖ်က္သိမ္းလိုက္ေပမယ့္လည္း ျပပြဲမွာေတာ့ ပါဝင္သြားမွာပါ။ တ႐ုတ္ႏိုင္ငံအေျခစိုက္မဟုတ္တဲ့ဝန္ထမ္းေတြကို ေစလႊတ္ၿပီးေတာ့ ဗိုင္းရပ္စ္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္မယ္လို႔လည္း လုပ္ငန္းအခ်ိဳ႕က ေျပာဆိုေနၾကပါတယ္။
ဒါေပမယ့္လည္း မတက္ေရာက္ၾကမယ့္သူေတြက ေနရာရဲ႕၁၀ရာခိုင္ႏႈန္းေလာက္အထိ ျဖစ္သါားပါတယ္။ အနစ္နာဆုံးကေတာ့ Hall 3 မွာပါ။ ပုံမွန္အတိုင္းဆိုရင္ ေဟာ့ျဖစ္ေနတဲ့လုပ္ငန္းေတြစုစည္းထားတဲ့ေနရာေပါ့။ ေတာ္ေတာ္ေလးလည္း ေျခရႈပ္ၾကတဲ့ေနရာေလးပါ။ ဒါေပမယ့္ ပြဲက်င္းပရာ Fira ေဒသမွာေတာ့ အရင္တုန္းကလိုပဲ ဝန္ထမ္းေတြဟာ booth ေတြျပင္ဆင္ေနၿပီလို႔ သိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ဟာ တက္ေရာက္မယ့္သူေတြအေတာ္မ်ားမ်ားကို ထိတ္လန႔္ေစပါတယ္။ ေဟာ္တယ္ေတြကလည္း စာရင္းေပးသြင္းထားတာေတြကို ပယ္ဖ်က္ေနပါတယ္။ ဘယ္ေလာက္မ်ားသလဲဆိုတာကေတာ့ မသိရေသးပါဘူး။ သုေတသီတစ္ေယာက္ကေတာ့ ဒီပြဲကိုဖ်က္သိမ္းခိုင္းေနပါတယ္။ ဒီလိုလူထူထပ္တဲ့ပြဲမ်ိဳးဟာ ဗိုင္းရပ္စ္ကို သယ္ေဆာင္လာႏိုင္ၿပီးေတာ့ ျပန႔္ပြားမႈႏႈန္းတအားျမန္ေစႏိုင္တယ္လို႔ ေထာက္ျပထားပါတယ္။
ပြဲကိုသာဖ်က္သိမ္းလိုက္မယ္ဆိုရင္ေတာ့ ယူ႐ို ၄၉၂မီလ်ံေလာက္နစ္နာမွာပါ။ ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ျပန႔္သြားခဲ့မယ္ဆိုရင္ ကုန္က်မယ့္စရိတ္က ခန႔္မွန္းလို႔မရပါဘူး။ ဒီႏွစ္ပြဲမွာ တက္ေရာက္သူေပါင္း ၁၁၀ ၀၀၀ ေမွ်ာ္မွန္းထားပါတယ္။ အရင္ႏွစ္တုန္းကေတာ့ ၁၀၉ ၀၀၀ ေလာက္ပဲ တက္ေရာက္ခဲ့တာပါ။