လုံးဝကို အမေးဇင်းဖြစ်စေမယ့် Samsung S20 တွေရဲ့ Space Zoom

0
2448

Unicode

Samsung ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Unpacked ပွဲလေးမှာတော့ Galaxy Flip Z ကို ကြေညာခဲ့ပါတယ်။ Galaxy Fold ထက် တော်တော်လေးသာလွန်တဲ့ ခေါက်ချိုးဖုန်းလို့ပြောနိုင်ပါတယ်။ ဒါ့အပြင် Galaxy S20 စမတ်ဖုန်းတွေကိုလည်း မိတ်ဆက်ပြသခဲ့ပါသေးတယ်။
အဲဒီစမတ်ဖုန်းတွေမှာ ကင်မရာနည်းပညာအသစ်တွေကို Samsung က ထည့်သွင်းပေးထားတာကို တွေ့မြင်နိုင်ပါတယ်။ resolution မြင့်မြင့်နဲ့ ဓါတ်ပုံတွေရိုက်ကူးနိုင်ခြင်း၊ 8K ဗွီဒီယိုရိုက်ကူးနိုင်ခြင်းတွေအပြင် ကျွန်တော်အကြိုက်ဆုံးကတော့ Space Zoom ပါပဲ။
Space Zoom ဟာ ပုံကြီးချဲ့ပြောတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့်လည်း သူ့ရဲ့နည်းပညာဟာ တော်တော်လေးအထင်ကြီးစရာကောင်းပြီးတော့ ဓါတ်ပုံရိုက်ကူးကြည့်တဲ့အခါမှာ မယုံနိုင်လောက်အောင် zoom ဆွဲလို့ရတာကို မြင်တွေ့ရမှာပါ။
Galaxy S20 ရဲ့ Space Zoom နည်းပညာနဲ့ဆိုရင် အလှမ်းဝေးနေတဲ့အရာတွေကို အနီးကပ်ရိုက်ကူးနိုင်မှာပါ။ Space Zoom မှာ 30x zoom ပါဝင်သလို၊ AI အခြေပြု Super Resolution Zoom ဒါမှမဟုတ်100x Space Zoom ကိုလည်း သုံးကြည့်လိုက်ပါလို့ ပြောထားပါတယ်။ ဗွီဒီယိုလေးနဲ့ကြည့်လိုက်တာ မြင်သာမှာပါ။


အောက်မှာလက်တွေ့သုံးထားတဲ့ဗွီဒီယိုလေးကိုလည်း တင်ပြပေးလိုက်ပါတယ်။

Zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.