Unicode
နောက်တစ်ပတ်ထဲမှာ ကြေညာသွားတော့မယ့် Samsung Galaxy 20 series ရဲ့နာမည်နဲ့ဒီဇိုင်းတွေကို Samsung က ကြိုတင်အတည်ပြုပြောကြားလိုက်ပါပြီ။
ပေါက်ကြားမှုသတင်းတွေကတော့ အမြဲတမ်းမိုက်နေတာပါပဲ။ ဒါပေမယ့် သက်ဆိုင်ရာလုပ်ငန်းဆီကနေ တရားဝင်ကြားရတာလောက်တော့ ပျော်ဖို့ဘယ်ကောင်းမလဲ။ Samsung Galaxy S20 series ဟာ နာမည်ပြောင်းလဲထားသလို ကင်မရာထားသိုပုံကိုလည်း ပြန်လည်ပြင်ဆင်ထားတဲ့အပြင် အချက်အလက်တွေကို Samsung website မှာ မြင်တွေ့နိုင်ပါပြီ။


ဒီသတင်းကိုတော့ Samsung ရဲ့ဂျာမန်ဝက်ဘ်ဆိုက်မှာ Galaxy S20 ရဲ့ပုံလေးတွေကိုတင်ပေးထားတာဖြစ်ပါတယ်။ WinFuture ကလူတွေက ဒီပုံတွေကို ပြန်မဖြုတ်သွားခင်မှာတွေ့ခဲ့လို့ တော်ပါသေးတယ်။ ပုံတွေကိုကြည့်လိုက်ခြင်းအားဖြင့် နာမည်လေးရယ်၊ဒီဇိုင်းလေးရယ်ကို သူတို့အတည်ပြုပေးလိုက်တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့မြင်ထားတဲ့ဒီဇိုင်းတွေပါပဲ။ ဒါပေမယ့် အနောက်ဘက်ကိုတော့ အပြည့်အဝမမြင်ရသေးပါဘူး။ ကာဗာနဲ့အုပ်ထားပါတယ်။ ဒါပေမယ့် ကင်မရာထားသိုပုံစနစ်အသစ်မှာ ကင်မရာသုံးလုံးကို ကျွန်တော်တို့ခန့်မှန်းထားတဲ့အတိုင်း ထည့်သွင်းထားမှာပါ။ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ဆန်ဖရန်စစ္စကိုမှာ ကျင်းပသွားမယ့် Unpacked event ကိုစောင့်ဆိုင်းရင်း Galaxy S20 series နဲ့Galaxy Z Flip ကို စောင့်မျှော်ကြပါစို့။
Zawgyi
ေနာက္တစ္ပတ္ထဲမွာ ေၾကညာသြားေတာ့မယ့္ Samsung Galaxy 20 series ရဲ႕နာမည္နဲ႔ဒီဇိုင္းေတြကို Samsung က ႀကိဳတင္အတည္ျပဳေျပာၾကားလိုက္ပါၿပီ။
ေပါက္ၾကားမႈသတင္းေတြကေတာ့ အၿမဲတမ္းမိုက္ေနတာပါပဲ။ ဒါေပမယ့္ သက္ဆိုင္ရာလုပ္ငန္းဆီကေန တရားဝင္ၾကားရတာေလာက္ေတာ့ ေပ်ာ္ဖို႔ဘယ္ေကာင္းမလဲ။ Samsung Galaxy S20 series ဟာ နာမည္ေျပာင္းလဲထားသလို ကင္မရာထားသိုပုံကိုလည္း ျပန္လည္ျပင္ဆင္ထားတဲ့အျပင္ အခ်က္အလက္ေတြကို Samsung website မွာ ျမင္ေတြ႕ႏိုင္ပါၿပီ။


ဒီသတင္းကိုေတာ့ Samsung ရဲ႕ဂ်ာမန္ဝက္ဘ္ဆိုက္မွာ Galaxy S20 ရဲ႕ပုံေလးေတြကိုတင္ေပးထားတာျဖစ္ပါတယ္။ WinFuture ကလူေတြက ဒီပုံေတြကို ျပန္မျဖဳတ္သြားခင္မွာေတြ႕ခဲ့လို႔ ေတာ္ပါေသးတယ္။ ပုံေတြကိုၾကည့္လိုက္ျခင္းအားျဖင့္ နာမည္ေလးရယ္၊ဒီဇိုင္းေလးရယ္ကို သူတို႔အတည္ျပဳေပးလိုက္တယ္လို႔ ခံစားမိပါတယ္။ ကြၽန္ေတာ္တို႔ျမင္ထားတဲ့ဒီဇိုင္းေတြပါပဲ။ ဒါေပမယ့္ အေနာက္ဘက္ကိုေတာ့ အျပည့္အဝမျမင္ရေသးပါဘူး။ ကာဗာနဲ႔အုပ္ထားပါတယ္။ ဒါေပမယ့္ ကင္မရာထားသိုပုံစနစ္အသစ္မွာ ကင္မရာသုံးလုံးကို ကြၽန္ေတာ္တို႔ခန႔္မွန္းထားတဲ့အတိုင္း ထည့္သြင္းထားမွာပါ။ ေဖေဖာ္ဝါရီလ ၁၁ရက္ေန႔ ဆန္ဖရန္စစၥကိုမွာ က်င္းပသြားမယ့္ Unpacked event ကိုေစာင့္ဆိုင္းရင္း Galaxy S20 series နဲ႔Galaxy Z Flip ကို ေစာင့္ေမွ်ာ္ၾကပါစို႔။