Apple App Store ေပၚမွာျမင္ေတြ႕ရတဲ့ Official Samsung Galaxy Buds+

0
1374

Unicode

Samsung Unpacked ကျင်းပမယ့်ရက်ကိုတွက်ကြည့်လိုက်ရင် တစ်ပတ်ပဲလိုပါတော့တယ်။ Samsung Galaxy Buds+ ကိုလည်း hardware အသစ်တွေနဲ့အတူ မြင်တွေ့ရတော့မှာပါ။ ပွဲနေ့မတိုင်ခင်မှာပဲ Galaxy Buds အသစ်လေးရဲ့official app ကို Apple ရဲ့App Store ပေါ်မှာ မြင်တွေ့လိုက်ရပါပြီ။
app ရဲ့ screenshot လေးတွေမှာ Galaxy Bud+ ကို iPhone နဲ့ ချိတ်ဆက်ပြထားတာကို မြင်တွေ့ရပါတယ်။ iOS သမားတွေအနေနဲ့iPhone 7နဲ့အထက်၊ iOS 10 နဲ့အထက်မှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ app လေးနဲ့သာဆိုရင် Galaxy Bud+ ရဲ့အသံတွေကို စိတ်ကြိုက်ပြုပြင်နိုင်တော့မှာဖြစ်ပါတယ်။ OTA update တွေကိုလည်း ဒေါင်းလုတ်ဆွဲပြီးသွင်းနိုင်မှာပါ။ ဘတ်ထရီလည်း စစ်လို့ရတာပေါ့။
Galaxy Bud+ အသစ်မှာ noise isolation စနစ်၊ ဖုန်းခေါ်ဆိုမှုတွေအတွက် noise reduction စနစ်တွေလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားပါတယ်။ ပထမမျိုးဆက် Galaxy Buds နဲ့ တော်တော်လေးတူညီနေပေမယ့်လည်း ဘတ်ထရီသက်တမ်းပိုင်းမှာတော့ ပိုကောင်းပါတယ်။

Official Samsung Galaxy Buds+ goes live on Apple App Store


Galaxy Bud+အပြင် Samsung ဟာ Samsung Galaxy S20, Galaxy Z Flip တို့ကိုလည်း ပွဲနေ့မှာကြေညာမယ်လို့ သိရပါတယ်။ Bixby နဲ့မောင်းနှင်ထားမယ့် Samsung Galaxy Home Mini အကြောင်းလည်း ကြားထားပါသေးတယ်။ ကျန်တာကတော့ Feb 11 မှာ စောင့်ကြည့်ရမှာပါ။

Zawgyi

Samsung Unpacked က်င္းပမယ့္ရက္ကိုတြက္ၾကည့္လိုက္ရင္ တစ္ပတ္ပဲလိုပါေတာ့တယ္။ Samsung Galaxy Buds+ ကိုလည္း hardware အသစ္ေတြနဲ႔အတူ ျမင္ေတြ႕ရေတာ့မွာပါ။ ပြဲေန႔မတိုင္ခင္မွာပဲ Galaxy Buds အသစ္ေလးရဲ႕official app ကို Apple ရဲ႕App Store ေပၚမွာ ျမင္ေတြ႕လိုက္ရပါၿပီ။
app ရဲ႕ screenshot ေလးေတြမွာ Galaxy Bud+ ကို iPhone နဲ႔ ခ်ိတ္ဆက္ျပထားတာကို ျမင္ေတြ႕ရပါတယ္။ iOS သမားေတြအေနနဲ႔iPhone 7နဲ႔အထက္၊ iOS 10 နဲ႔အထက္မွာ သုံးစြဲႏိုင္မွာျဖစ္ပါတယ္။ app ေလးနဲ႔သာဆိုရင္ Galaxy Bud+ ရဲ႕အသံေတြကို စိတ္ႀကိဳက္ျပဳျပင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ OTA update ေတြကိုလည္း ေဒါင္းလုတ္ဆြဲၿပီးသြင္းႏိုင္မွာပါ။ ဘတ္ထရီလည္း စစ္လို႔ရတာေပါ့။
Galaxy Bud+ အသစ္မွာ noise isolation စနစ္၊ ဖုန္းေခၚဆိုမႈေတြအတြက္ noise reduction စနစ္ေတြလည္း ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ ပထမမ်ိဳးဆက္ Galaxy Buds နဲ႔ ေတာ္ေတာ္ေလးတူညီေနေပမယ့္လည္း ဘတ္ထရီသက္တမ္းပိုင္းမွာေတာ့ ပိုေကာင္းပါတယ္။

Official Samsung Galaxy Buds+ goes live on Apple App Store


Galaxy Bud+အျပင္ Samsung ဟာ Samsung Galaxy S20, Galaxy Z Flip တို႔ကိုလည္း ပြဲေန႔မွာေၾကညာမယ္လို႔ သိရပါတယ္။ Bixby နဲ႔ေမာင္းႏွင္ထားမယ့္ Samsung Galaxy Home Mini အေၾကာင္းလည္း ၾကားထားပါေသးတယ္။ က်န္တာကေတာ့ Feb 11 မွာ ေစာင့္ၾကည့္ရမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.