Unicode
Samsung Galaxy S20 series မှာ အချိန်တိုင်း အကောင်းဆုံးရိုက်ချက်တွေကို ပေးစွမ်းနိုင်မယ့် feature လေး ပါဝင်နေမှာပါ။
Samsung device တွေက ဈေးကွက်ထဲမှာရှိတဲ့ အကောင်းဆုံးကင်မရာတွေထဲမှာ ပါဝင်ကြပါတယ်။ ဒီတစ်ခေါက် Samsung Galaxy S20 series မှာတော့ ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို တွေ့မြင်ရဦးမှာပါ။ ကဲ ကြည့်လိုက်ရအောင်။
Samsung Galaxy S20 series မှာ အကောင်းဆုံးကင်မရာတွေနဲ့အတူ အကောင်းဆုံး sensor တွေ ပါဝင်လာမှာပါ။ ဒါကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ performance တွေခံစားရမှာပေါ့။ အခုဆိုရင် Galaxy S20 series တစ်ခုလုံးမှာ Quick Take feature လေး ပါဝင်လာတော့မှာပါ။ ကင်မရာတစ်ခုချင်းစီတိုင်းကို ဓါတ်ပုံနဲ့ဗွီဒီယိုတွေ ရိုက်ကူးခိုင်းမှာပါ။ ဒီfeature လေးကတော့ ကျွန်တော်တို့ပထမဆုံးမြင်ရတာမဟုတ်ပါဘူး။ ၂၀၁၈ခုနှစ်တုန်းက LG V40 ရဲ့ Triple Shot မှာ မြင်ခဲ့ရဖူးပါတယ်။ ရလဒ်ကတော့ Gallery app ထဲမှာ Quick Take Triple shot နဲ့ရိုက်ကူးထားတဲ့ ဗွီဒီယို ဒါမှမဟုတ် ဓါတ်ပုံတွေထဲကမှ အကောင်းဆုံး၊ အကြိုက်ဆုံးတစ်ခုကို သိမ်းထားနိုင်တော့မှာပါ။
Zawgyi