Samsung ရဲ့ major foldable ဖုန်းကို မကြာခင်မှာ တွေ့မြင်ရတော့မည်

0
607

Unicode

ပြီးခဲ့တဲ့မတ်လတုန်းက Samsung ဟာ Winner ဆိုတဲ့ codename လေးနဲ့ original Galaxy Fold ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီဗျူးလုပ်သူတွေလက်ထဲမှာကိုပဲ ရက်အနည်းငယ်အတွင်းမှာ ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိတ်ဆက်မယ့်ရက်တွေကိုလည်း နှောင့်နှေးသွားစေခဲ့ပါတယ်။ တကယ်တော့ winner ဆိုတာနဲ့တော့ မကိုက်ညီခဲ့ပါဘူး။
ဒီနှစ် ၂၀၂၀မှာတော့ Samsung ဟာ foldable ဟန်းဆက်အသစ်တွေကို ချပြဖို့အတွက် ပြင်ဆင်ထားပါတယ်။ Galaxy Z Flip လိုမျိုး clamshell device ကိုတော့ Samsung ရဲ့ February 11 Unpacked event မှာ ပြသသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် major foldable တစ်လုံးကို ထွက်ရှိဦးမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
အခုရရှိထားတဲ့သတင်းကတော့ codename ‘Winner2’ဆိုတဲ့ဖုန်းလေးဖြစ်ပါတယ်။ နာမည်ကြားလိုက်တာနဲ့တင် Galaxy Fold နဲ့ နောက်ဆက်တွဲဖုန်းမှန်း မြင်သာစေပါတယ်။
နောက်သတင်းတစ်ခုကတော့ Galaxy Z Flip ကြေညာပြီး များမကြာခင်မှာပဲ သူ့ကိုမြင်ရနိုင်ပါတယ်။ LTE-only နဲ့ 5G ဆိုပြီး မြင်ရနိုင်ပါတယ်။ Galaxy S20 Ultra ကတော့ 5G တစ်မျိုးတည်းသာ ရနိုင်မှာပါ။
အရင်နေ့တွေတုန်းကလည်း Galaxy Fold 2 လို့ထင်ရတဲ့ဖုန်းလေးအကြောင်းကိုလည်း တင်ဆက်ပေးခဲ့ဖူးပါတယ်။ သူ့မှာ ၈လက်မမျက်နှာပြင်နဲ့ S Pen support ပါဝင်မှာပါ။ leaker Max Weinbach ကတော့ အလွန်ပါးလွှာပေမယ့်လည်း အပွန်းအစင်းခံနိုင်တဲ့ glass ကိုသုံးထားမယ်လို့ ပြောခဲ့ပါသေးတယ်။ ဟုတ်ပါတယ်။ Samsung ကတော့ သေချာပြင်ဆင်ထားပုံရပါတယ်။ codename လေးအတိုင်းပဲ winner ဖြစ်မလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါပဲ။

Zawgyi

ၿပီးခဲ့တဲ့မတ္လတုန္းက Samsung ဟာ Winner ဆိုတဲ့ codename ေလးနဲ႔ original Galaxy Fold ကို ထုတ္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ရီဗ်ဴးလုပ္သူေတြလက္ထဲမွာကိုပဲ ရက္အနည္းငယ္အတြင္းမွာ ကြဲတာေတြ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ မိတ္ဆက္မယ့္ရက္ေတြကိုလည္း ေႏွာင့္ေႏွးသြားေစခဲ့ပါတယ္။ တကယ္ေတာ့ winner ဆိုတာနဲ႔ေတာ့ မကိုက္ညီခဲ့ပါဘူး။
ဒီႏွစ္ ၂၀၂၀မွာေတာ့ Samsung ဟာ foldable ဟန္းဆက္အသစ္ေတြကို ခ်ျပဖို႔အတြက္ ျပင္ဆင္ထားပါတယ္။ Galaxy Z Flip လိုမ်ိဳး clamshell device ကိုေတာ့ Samsung ရဲ႕ February 11 Unpacked event မွာ ျပသသြားမွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေနာက္ထပ္ major foldable တစ္လုံးကို ထြက္ရွိဦးမယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။
အခုရရွိထားတဲ့သတင္းကေတာ့ codename ‘Winner2’ဆိုတဲ့ဖုန္းေလးျဖစ္ပါတယ္။ နာမည္ၾကားလိုက္တာနဲ႔တင္ Galaxy Fold နဲ႔ ေနာက္ဆက္တြဲဖုန္းမွန္း ျမင္သာေစပါတယ္။
ေနာက္သတင္းတစ္ခုကေတာ့ Galaxy Z Flip ေၾကညာၿပီး မ်ားမၾကာခင္မွာပဲ သူ႔ကိုျမင္ရႏိုင္ပါတယ္။ LTE-only နဲ႔ 5G ဆိုၿပီး ျမင္ရႏိုင္ပါတယ္။ Galaxy S20 Ultra ကေတာ့ 5G တစ္မ်ိဳးတည္းသာ ရႏိုင္မွာပါ။
အရင္ေန႔ေတြတုန္းကလည္း Galaxy Fold 2 လို႔ထင္ရတဲ့ဖုန္းေလးအေၾကာင္းကိုလည္း တင္ဆက္ေပးခဲ့ဖူးပါတယ္။ သူ႔မွာ ၈လက္မမ်က္ႏွာျပင္နဲ႔ S Pen support ပါဝင္မွာပါ။ leaker Max Weinbach ကေတာ့ အလြန္ပါးလႊာေပမယ့္လည္း အပြန္းအစင္းခံႏိုင္တဲ့ glass ကိုသုံးထားမယ္လို႔ ေျပာခဲ့ပါေသးတယ္။ ဟုတ္ပါတယ္။ Samsung ကေတာ့ ေသခ်ာျပင္ဆင္ထားပုံရပါတယ္။ codename ေလးအတိုင္းပဲ winner ျဖစ္မလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရဦးမွာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.