Apple Watch ကို ကူးချထားတဲ့ OPPO

0
1551

Unicode

Weibo မှာတင်ထားတဲ့ သူတို့ရဲ့ smartwatch လေးကိုကြည့်ကြည့်ပါတယ်။ အားလားလား။ Apple Watch ကလုန်းကို ကျွန်တော်တို့ထပ်မြင်ရဦးမှာပေါ့လေ။
အပေါ်မှာမြင်ရတဲ့ပုံအတိုင်းပါပဲ။ OPPO smartwatch လေးဟာ Apple ရဲ့ smartwatch နဲ့ တစ်ထေရာတည်းပါပဲ။ ဒါပေမယ့်လည်း ခလုတ်လေးတွေမှာ ကွဲပြားနေလို့ တော်သေးတယ်ပြောရမယ်။
Apple Watch မှာက crown ပါပေမယ့် OPPO ကတော့ မသုံးထားပါဘူး။ ခလုတ်နှစ်ခုအနေနဲ့သာ တပ်ဆင်ပေးထားပါတယ်။ ဘယ်ဘက်ကိုတော့ သေချာမမြင်ရပါဘူး။ ဖြစ်နိုင်ချေအရ crown လည်း ရှိနိုင်နေတာပဲလေ။ Apple Watch Series 5 နဲ့ မတူတာကတော့ curved screen ဖြစ်ပါတယ်။
နာရီရဲ့ခလုတ်တစ်ခုမှာ အစိမ်းရောင် notification အလင်းလေး မြင်ရသလိုလိုပါပဲ။ ခလုတ်နှစ်ခုကြားမှာတော့ microphone ပေါက် ရှိပါတယ်။
သူ့အကြောင်းကို များများစားစား မသိရသေးပေမယ့်လည်း မိတ်ဆက်မှာကတော့ ဒီနှစ်ရဲ့ပထမကွာတားမှာပါ။ MWC 2020 မှာ မြင်တွေ့ရနိုင်တယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်က အဲဒီအစီအစဉ်ကို နှောင့်နှေးအောင်လည်း လုပ်နိုင်ပါတယ်။
smartwatch ကို ဘယ်လိုကွဲပြားအောင်လုပ်ရမလဲဆိုတာကို မသိကြသရွေ့ကတော့ Apple Watch ကို ကူးယူနေကြဦးမှာပါ။ Mi Watch နဲ့Amazfit GTS တွေလည်း ဒီဇိုင်းက မထူးခြားနားပါပဲ။ သူတို့တွေမှာဆိုရင် Apple လိုမျိုး crown တောင်ပါသေး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခြားသူတွေက ဒီဇိုင်းကိုငှားသုံးတယ်ဆိုရင်တောင် OPPO ကတော့ ကွဲပြားအောင်လုပ်ဆောင်ထားတာ မြင်သာပါတယ်။ ပုံမှန်အတိုင်း fitness tracking, cellular connectivity, ECG senor တွေပဲ ပါမှာလား။ တခြားရော OPPO က ဘာတွေနဲ့ဆွဲဆောင်မလဲဆိုတာတော့ စိတ်ဝင်စားနေမိပါတယ်။

Zawgyi

Weibo မွာတင္ထားတဲ့ သူတို႔ရဲ႕ smartwatch ေလးကိုၾကည့္ၾကည့္ပါတယ္။ အားလားလား။ Apple Watch ကလုန္းကို ကြၽန္ေတာ္တို႔ထပ္ျမင္ရဦးမွာေပါ့ေလ။
အေပၚမွာျမင္ရတဲ့ပုံအတိုင္းပါပဲ။ OPPO smartwatch ေလးဟာ Apple ရဲ႕ smartwatch နဲ႔ တစ္ေထရာတည္းပါပဲ။ ဒါေပမယ့္လည္း ခလုတ္ေလးေတြမွာ ကြဲျပားေနလို႔ ေတာ္ေသးတယ္ေျပာရမယ္။
Apple Watch မွာက crown ပါေပမယ့္ OPPO ကေတာ့ မသုံးထားပါဘူး။ ခလုတ္ႏွစ္ခုအေနနဲ႔သာ တပ္ဆင္ေပးထားပါတယ္။ ဘယ္ဘက္ကိုေတာ့ ေသခ်ာမျမင္ရပါဘူး။ ျဖစ္ႏိုင္ေခ်အရ crown လည္း ရွိႏိုင္ေနတာပဲေလ။ Apple Watch Series 5 နဲ႔ မတူတာကေတာ့ curved screen ျဖစ္ပါတယ္။
နာရီရဲ႕ခလုတ္တစ္ခုမွာ အစိမ္းေရာင္ notification အလင္းေလး ျမင္ရသလိုလိုပါပဲ။ ခလုတ္ႏွစ္ခုၾကားမွာေတာ့ microphone ေပါက္ ရွိပါတယ္။
သူ႔အေၾကာင္းကို မ်ားမ်ားစားစား မသိရေသးေပမယ့္လည္း မိတ္ဆက္မွာကေတာ့ ဒီႏွစ္ရဲ႕ပထမကြာတားမွာပါ။ MWC 2020 မွာ ျမင္ေတြ႕ရႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ တြက္ခ်က္ထားပါတယ္။ ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္က အဲဒီအစီအစဥ္ကို ေႏွာင့္ေႏွးေအာင္လည္း လုပ္ႏိုင္ပါတယ္။
smartwatch ကို ဘယ္လိုကြဲျပားေအာင္လုပ္ရမလဲဆိုတာကို မသိၾကသေ႐ြ႕ကေတာ့ Apple Watch ကို ကူးယူေနၾကဦးမွာပါ။ Mi Watch နဲ႔Amazfit GTS ေတြလည္း ဒီဇိုင္းက မထူးျခားနားပါပဲ။ သူတို႔ေတြမွာဆိုရင္ Apple လိုမ်ိဳး crown ေတာင္ပါေသး။
ဘယ္လိုပဲျဖစ္ျဖစ္ပါ။ အျခားသူေတြက ဒီဇိုင္းကိုငွားသုံးတယ္ဆိုရင္ေတာင္ OPPO ကေတာ့ ကြဲျပားေအာင္လုပ္ေဆာင္ထားတာ ျမင္သာပါတယ္။ ပုံမွန္အတိုင္း fitness tracking, cellular connectivity, ECG senor ေတြပဲ ပါမွာလား။ တျခားေရာ OPPO က ဘာေတြနဲ႔ဆြဲေဆာင္မလဲဆိုတာေတာ့ စိတ္ဝင္စားေနမိပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.