သူတို့အတွက် ပထမဆုံးသော Smart တီဗွီကို ပြသလိုက်တဲ့ Realme

0
365

Unicode

MWC မှာကြေညာသွားမယ် Smart TV အကြောင်းကို Realme ရဲ့CMO Francis Wang က ပြောပြလိုက်ပါတယ်။ ဒီလထဲမှာ Realme ရဲ့ ပထမဆုံး smartband ရောက်လာမယ်ဆိုတဲ့အကြောင်းကို အတည်ပြုထားပါတယ်။ TV ကိုမိတ်မဆက်ခင်မှာ မြင်ရမယ်လို့ ပြောထားတာပါ။ MWC က Feb 24 မှာ စတင်ကျင်းပသွားမှာဆိုတော့ ၂၄ရက်မတိုင်ခင်မှာ မြင်ရနိုင်ချေရှိနေတယ်လို့ ပြောလိုက်တာနဲ့အတူတူပါပဲ။
Realme TV က အိန္ဒိယဈေးကွက်ကို အဓိကထားမှာဖြစ်ပါတယ်။ သူ့ရဲ့အားအကောင်းဆုံးနေရာလို့လည်း ပြောလို့ရပါတယ်။ TV ဟာ ဘတ်ဂျက်ပိုင်းကို ဦးတည်မယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လိုဘယ်ပုံရှိမလဲဆိုတာကတော့ မသိရသေးပါဘူး။
ပြိုင်ဘက်လုပ်ငန်းဖြစ်တဲ့ Xiaomi ကလည်း TV မော်ဒယ်လ်တွေရှိနေပြီးသားပါ။ OnePlus မှာလည်း ရှိနေပါတယ်။ Nokia တောင်မှ Smart TV ရှိပါတယ်။ Honor Vision TV ကတော့ ဒီကွာတားမှာမြင်ရမယ်လို့ ပြောနေကြပါတယ်။
TV နဲ့ smartband အပြင် Realme C3 ကို ဒီလမှာ မိတ်ဆက်တော့မှာပါ။ ကြာသပတေးနေ့ဆိုရင် မြင်ရပါပြီ။ Realme UI ကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်ပြီး ColorOS 7 ဗားရှင်းဖြစ်ပါတယ်။

Zawgyi

MWC မွာေၾကညာသြားမယ္ Smart TV အေၾကာင္းကို Realme ရဲ႕CMO Francis Wang က ေျပာျပလိုက္ပါတယ္။ ဒီလထဲမွာ Realme ရဲ႕ ပထမဆုံး smartband ေရာက္လာမယ္ဆိုတဲ့အေၾကာင္းကို အတည္ျပဳထားပါတယ္။ TV ကိုမိတ္မဆက္ခင္မွာ ျမင္ရမယ္လို႔ ေျပာထားတာပါ။ MWC က Feb 24 မွာ စတင္က်င္းပသြားမွာဆိုေတာ့ ၂၄ရက္မတိုင္ခင္မွာ ျမင္ရႏိုင္ေခ်ရွိေနတယ္လို႔ ေျပာလိုက္တာနဲ႔အတူတူပါပဲ။
Realme TV က အိႏၵိယေဈးကြက္ကို အဓိကထားမွာျဖစ္ပါတယ္။ သူ႔ရဲ႕အားအေကာင္းဆုံးေနရာလို႔လည္း ေျပာလို႔ရပါတယ္။ TV ဟာ ဘတ္ဂ်က္ပိုင္းကို ဦးတည္မယ္လို႔ ခန႔္မွန္းရပါတယ္။ ဘယ္လိုဘယ္ပုံရွိမလဲဆိုတာကေတာ့ မသိရေသးပါဘူး။
ၿပိဳင္ဘက္လုပ္ငန္းျဖစ္တဲ့ Xiaomi ကလည္း TV ေမာ္ဒယ္လ္ေတြရွိေနၿပီးသားပါ။ OnePlus မွာလည္း ရွိေနပါတယ္။ Nokia ေတာင္မွ Smart TV ရွိပါတယ္။ Honor Vision TV ကေတာ့ ဒီကြာတားမွာျမင္ရမယ္လို႔ ေျပာေနၾကပါတယ္။
TV နဲ႔ smartband အျပင္ Realme C3 ကို ဒီလမွာ မိတ္ဆက္ေတာ့မွာပါ။ ၾကာသပေတးေန႔ဆိုရင္ ျမင္ရပါၿပီ။ Realme UI ကို အသုံးျပဳထားတဲ့ ပထမဆုံးဖုန္းျဖစ္ၿပီး ColorOS 7 ဗားရွင္းျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.