MWC 2020 တွင် Sony Xperia 2 ကို ထုတ်ပြလာနိုင်

0
624

Sony အနေနဲ့ MWC ပွဲနဲ့ ပတ်သတ်ပြီး ဘယ်လိုသတင်းထုတ်ပြန်ချက်နဲ့ မီဒီယာအသိပေးချက်တွေ မပေးထားပေမယ့် ဖုန်းမော်ဒယ် တမျိုးလောက်တော့ မိတ်ဆက်လာမယ် ဆိုပြီးသတင်းထွက်နေပါတယ်။ အများစု ခန့်မှန်းချက်တွေအရ Sony Xperia 2 (သို့) Sony Xperia 5 Plus တမျိုးမျိုး ဖြစ်မယ်လို့ သတင်းထွက်ထားတာတော့ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် Sony အနေနဲ့ MWC ပွဲတိုင်းမှာ ဖုန်းသစ်ပြသတာမျိုးတွေ ပြုလုပ်တတ်လို့ပါ။ အထင်ရှားဆုံးနဲ့ အနီးစပ်ဆုံးကို ပြောရမယ်ဆိုရင်တော့ 2019 က Sony Xperia 1 ကို မိတ်ဆက်ခဲ့တာမျိုးပါ။ တကယ်လို့ Xperia 2 မိတ်ဆက်ခဲ့မယ်ဆိုရင် 21:9 display နဲ့ high-end specs တွေပါတဲ့ ဖုန်းမျိုးဖြစ်မှာကတော့ မလွဲပါဘဲ။ နောက်ထပ်ကတော့ ဒီဇိုင်းပိုင်း အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။
ပရိုဆက်ဆာကတော့ ဒီအချိန်ဒီပရိုဆက်ဆာမှ မသုံးဘာသွားသုံးမလည်း ဆိုရလောက်အောင် Snapdragon 865 processor ပဲ ဖြစ်မှာပါ။ ကင်မရာအတွက် quad-lens camera ၊ 12GB RAM နဲ့ 6.6-inch screen သာ ပါလာမယ်ဆိုရင် ဆိုနီဖန်တွေအတွက်တော့ အတော်မိုက်တဲ့ ဖုန်းဖြစ်လာမှာပါ။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.