Mi 10 နဲ့ Mi 10 Pro ကိုပါတစ်ပြိုင်တည်း မိတ်ဆက်လာမယ့် Xiaomi

0
1553

Xiaomi အနေနဲ့ ဥရောပနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို ရဖို့အတွက် တောက်လျောက်ကြိုးစား နေပါတယ်။ သူ့ဆီက ထွက်တဲ့ဖုန်းတွေဟာ တဖြည်းဖြည်းနဲ့ ထိပ်ပိုင်းမှာ နေရာယူထားပါပြီ။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူအနေနနဲ့ 2020 ခုနှစ်အတွင်း 5G ကွန်ရက်နဲ့ စမတ်ဖုန်း၁၀ မျိုးလောက် ထုတ်ပေးလာမယ်လို့ အတည်ပြုချက်ပေးထားပါတယ်။ အခု Xiaomi Mi 10 ကလည်း အဲ့ဒီဖုန်းတွေထဲက တမျိုးဖြစ်မှာပါ။

Xiaomi Mi 10 က Snapdragon 865 SoC သုံးထားတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲမှာ ပါဝင်လာပါမယ်။ Xiaomi Mi 10 နှင့် Mi 10 Pro တို့မှာ Snapdragon 865 SoC အသုံးပြုလာမှာ ဖြစ်လို့ 5G ထောက်ပံ့လာမှာလည်း ဖြစ်ပါတယ်။ ယင်း Chipset မှာ Snapdragon X55 Modem တပါတည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့သတင်းအရ Xiaomi Mi 10 မှာ မျက်နှာပြင် ၆.၅ လက်မ OLED 90Hz Refresh Rate ပါဝင်လာမှာ ဖြစ်ပြီး RAM12GB ပါဝင်လာပါမယ်။


Storage 128GB/256GB/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ၎င်းမှာ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 108MP+48MP Telephoto+12MP Ultrawide+8MP Depth တို့ သုံးလာမှာ ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAhပါဝင်ကာ 48W Fast Charging ထောက်ပံ့လာပါမယ်။ Xiaomi ဟာ Snapdragon 845 ကို Mi Mix 2S နဲ့ Snapdragon 855 ကို Mi 9 တွင် သုံးခဲ့သကဲ့သို့ Mi 10 တွင်လည်း Snapdragon 865 သုံးလာမှာ ဖြစ်ပါတယ်။

zawgyi

Mi 10 နဲ႔ Mi 10 Pro ကိုပါတစ္ၿပိဳင္တည္း မိတ္ဆက္လာမယ့္ Xiaomi
Xiaomi အေနနဲ႔ ဥေရာပႏိုင္ငံရဲ႕ စမတ္ဖုန္းေဈးကြက္ကို ရဖို႔အတြက္ ေတာက္ေလ်ာက္ႀကိဳးစား ေနပါတယ္။ သူ႔ဆီက ထြက္တဲ့ဖုန္းေတြဟာ တျဖည္းျဖည္းနဲ႔ ထိပ္ပိုင္းမွာ ေနရာယူထားပါၿပီ။ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူအေနနနဲ႔ 2020 ခုႏွစ္အတြင္း 5G ကြန္ရက္နဲ႔ စမတ္ဖုန္း၁၀ မ်ိဳးေလာက္ ထုတ္ေပးလာမယ္လို႔ အတည္ျပဳခ်က္ေပးထားပါတယ္။ အခု Xiaomi Mi 10 ကလည္း အဲ့ဒီဖုန္းေတြထဲက တမ်ိဳးျဖစ္မွာပါ။

Xiaomi Mi 10 က Snapdragon 865 SoC သုံးထားတဲ့ ပထမဆုံး စမတ္ဖုန္းေတြထဲမွာ ပါဝင္လာပါမယ္။ Xiaomi Mi 10 ႏွင့္ Mi 10 Pro တို႔မွာ Snapdragon 865 SoC အသုံးျပဳလာမွာ ျဖစ္လို႔ 5G ေထာက္ပံ့လာမွာလည္း ျဖစ္ပါတယ္။ ယင္း Chipset မွာ Snapdragon X55 Modem တပါတည္း ပါဝင္ထားၿပီး ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ေပါက္ၾကားထားတဲ့သတင္းအရ Xiaomi Mi 10 မွာ မ်က္ႏွာျပင္ ၆.၅ လက္မ OLED 90Hz Refresh Rate ပါဝင္လာမွာ ျဖစ္ၿပီး RAM12GB ပါဝင္လာပါမယ္။


Storage 128GB/256GB/512GB တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ၎မွာ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ၿပီး 108MP+48MP Telephoto+12MP Ultrawide+8MP Depth တို႔ သုံးလာမွာ ျဖစ္ပါတယ္။ ဘက္ထရီ 4500 mAhပါဝင္ကာ 48W Fast Charging ေထာက္ပံ့လာပါမယ္။ Xiaomi ဟာ Snapdragon 845 ကို Mi Mix 2S နဲ႔ Snapdragon 855 ကို Mi 9 တြင္ သုံးခဲ့သကဲ့သို႔ Mi 10 တြင္လည္း Snapdragon 865 သုံးလာမွာ ျဖစ္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.