REDMI K30 စမတ်ဖုန်းကို REBRANDED ပြုလုပ်လာမယ့် POCO X2

0
2985

POCO အနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် အဖြစ်ရပ်တည်ပြီး စမတ်ဖုန်းတွေ ထုတ်တော့မယ်ဆိုတဲ့ သတင်းတွေတော့ ကြားထားပြီး ဖြစ်မှာပါ။ POCO ဖုန်းဟာ အိန္ဒိယဈေးကွက်ကို ရည်ရွယ်ပြီး ထုတ်တဲ့ဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ ဒီရက်ပိုင်းမှာလည်း POCO ဖုန်းနဲ့ပတ်သတ်လို့ အချက်အလက်သစ်တွေ အတော်လေး ထွက်နေပါတယ်။ အဓိကအားဖြင့် ဒီဖုန်းဘယ်လိုပုံမျိုးနဲ့ ထွက်လာမယ်ဆိုတာပါ။


ဒီနေ့မှာတော့ POCO ဖုန်းနဲ့ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တခု ထွက်လာပါတယ်။ အဲ့ဒါကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အသစ်ထွက်လာမယ့် POCO X2 စမတ်ဖုန်းဟာ REDMI K30 စမတ်ဖုန်းကို REBRANDED ပြုလုပ်လာမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီဖုန်းသစ်ကို မိတ်ဆက်မယ့်ရက်ကလည်း သိပ်မလိုတော့ပါဘူး။
Poco X2 ဖုန်းနဲ့ပတ်သတ်တဲ့ teaser ဗီဒီယိုအတိုလေး ထွက်လာပြီး ဖုန်းရဲ့ပုံစံလေးကို မြင်တွေ့လိုက်ရပါတယ်။ ဗီဒီယိုမှာ ဖော်ပြချက်အရ Redmi K30 ခရမ်းရောင်ပုံစံမျိုးလေး ဖြစ်နေပြီး လုံးဝ Redmi K30 မှန်းသိသာစေခဲ့ပါတယ်။ ဒါကြောင့် REBRANDED ပြုလုပ်လာမယ်ဆိုတာ သေချာစေခဲ့တာပါ။ အိန္ဒိယဈေးကွက်မှာ K20 series တွေပဲရခဲ့ပြီး K30 ဖုန်းတွေကို မရောင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ Xiaomi အနေနဲ့ Poco X2 ဆိုပြီး ပြောင်းလဲထုတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

zawgyi

REDMI K30 စမတ္ဖုန္းကို REBRANDED ျပဳလုပ္လာမယ့္ POCO X2
POCO အေနနဲ႔ ကိုယ္ပိုင္အမွတ္တံဆိပ္ အျဖစ္ရပ္တည္ၿပီး စမတ္ဖုန္းေတြ ထုတ္ေတာ့မယ္ဆိုတဲ့ သတင္းေတြေတာ့ ၾကားထားၿပီး ျဖစ္မွာပါ။ POCO ဖုန္းဟာ အိႏိၵယေစ်းကြက္ကို ရည္ရြယ္ၿပီး ထုတ္တဲ့ဖုန္းလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒီရက္ပိုင္းမွာလည္း POCO ဖုန္းနဲ႔ပတ္သတ္လို႔ အခ်က္အလက္သစ္ေတြ အေတာ္ေလး ထြက္ေနပါတယ္။ အဓိကအားျဖင့္ ဒီဖုန္းဘယ္လိုပုံမ်ိဳးနဲ႔ ထြက္လာမယ္ဆိုတာပါ။
ဒီေန႔မွာေတာ့ POCO ဖုန္းနဲ႔ပတ္သတ္ၿပီး တိက်တဲ့ အခ်က္အလက္တခု ထြက္လာပါတယ္။ အဲ့ဒါကေတာ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အသစ္ထြက္လာမယ့္ POCO X2 စမတ္ဖုန္းဟာ REDMI K30 စမတ္ဖုန္းကို REBRANDED ျပဳလုပ္လာမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ ဒီဖုန္းသစ္ကို မိတ္ဆက္မယ့္ရက္ကလည္း သိပ္မလိုေတာ့ပါဘူး။


Poco X2 ဖုန္းနဲ႔ပတ္သတ္တဲ့ teaser ဗီဒီယိုအတိုေလး ထြက္လာၿပီး ဖုန္းရဲ႕ပုံစံေလးကို ျမင္ေတြ႕လုိက္ရပါတယ္။ ဗီဒီယိုမွာ ေဖာ္ျပခ်က္အရ Redmi K30 ခရမ္းေရာင္ပုံစံမ်ိဳးေလး ျဖစ္ေနၿပီး လုံးဝ Redmi K30 မွန္းသိသာေစခဲ့ပါတယ္။ ဒါေၾကာင့္ REBRANDED ျပဳလုပ္လာမယ္ဆိုတာ ေသခ်ာေစခဲ့တာပါ။ အိႏိၵယေစ်းကြက္မွာ K20 series ေတြပဲရခဲ့ၿပီး K30 ဖုန္းေတြကို မေရာင္းခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Xiaomi အေနနဲ႔ Poco X2 ဆိုၿပီး ေျပာင္းလဲထုတ္ေပးလိုက္တာ ျဖစ္ႏုိင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.