Realme C3 စမတ်ဖုန်းကို လာမယ် ၆ ရက်နေ့မှာ ထွက်လာမှာ ဖြစ်ပေမယ့် ကုမ္ပဏီဘက်က ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက် အများစုကို ထုတ်ဖော်ပြထားပြီးပါပြီ။ အခုတော့ နောက်ထပ် သတင်းကောင်းတခုကို Raelme ကကြေငြာလိုက်ပါတယ်။ အဲ့ဒါကတော့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Realme C3 မှာ Realme UI ကိုတပါတည်း ထည့်ပေးထားမှာ ဖြစ်ပါတယ်။ Android 10 အခြေပြု UI ကိုသုံးစွဲနိုင်မှာပါ။

Realme C3 စမတ်ဖုန်းဟာ entry-level စမတ်ဖုန်းဖြစ်ပြီး Helio G70 SoC သုံးလာမှာ ဖြစ်ပါတယ်။ သိုလှောင်မှု ပမာဏအနေနဲ့ (3GB/32GB (သို့) 4GB/64GB) တွေသုံးထားမှာပါ။ 6.5″ waterdrop notch display ကို သုံးထားပြီး screen-to-body ratio ကတော့ 89.8% ရှိမှာဖြစ်ပါတယ်။
ဓာတ်ပုံရိုက်ဖို့အတွက် Realme C3 ရဲ့ နောက်ဘက်မှာ dual camera setup ဖြစ်ပြီး 12MP အဓိကဆင်ဆာ တပ်ဆင်ထားပါတယ်။ ဒုတိယဆင်ဆာကတော့ 2MP depth sensor ကိုသုံးထားပါတယ်။ ဘက်ထရီကတော့ 5,000 mAh ဖြစ်ပြီး C စီးရီး စမတ်ဖုန်းတွေထဲမှာတော့ အတေ်ာကြီးတယ်လို့ သတ်မှတ်ရမှာပါ။ ကုမ္ပဏီကပြောကြားချက် အရတော့ အသင့်အနေအထားအတွက် ရက်၃၀နီးပါးသက်တမ်းရှိမယ်လို့ ဆိုပြီး ဖုန်းပြောမယ်ဆိုရင်တော့ 43.9 နာရီသက်တမ်းအားခံမှာပါ။
zawgyi
Realme C3 ဟာ ပထမဆုံး Realme UI သုံးလာမယ့္ စမတ္ဖုန္းျဖစ္
Realme C3 စမတ္ဖုန္းကို လာမယ္ ၆ ရက္ေန႔မွာ ထြက္လာမွာ ျဖစ္ေပမယ့္ ကုမၸဏီဘက္က ဒီဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ အမ်ားစုကို ထုတ္ေဖာ္ျပထားၿပီးပါၿပီ။ အခုေတာ့ ေနာက္ထပ္ သတင္းေကာင္းတခုကို Raelme ကေၾကျငာလိုက္ပါတယ္။ အဲ့ဒါကေတာ့ စမတ္ဖုန္းသစ္ျဖစ္တဲ့ Realme C3 မွာ Realme UI ကိုတပါတည္း ထည့္ေပးထားမွာ ျဖစ္ပါတယ္။ Android 10 အေျချပဳ UI ကိုသုံးစြဲႏိုင္မွာပါ။

Realme C3 စမတ္ဖုန္းဟာ entry-level စမတ္ဖုန္းျဖစ္ၿပီး Helio G70 SoC သုံးလာမွာ ျဖစ္ပါတယ္။ သိုေလွာင္မႈ ပမာဏအေနနဲ႔ (3GB/32GB (သို႔) 4GB/64GB) ေတြသုံးထားမွာပါ။ 6.5″ waterdrop notch display ကို သုံးထားၿပီး screen-to-body ratio ကေတာ့ 89.8% ရွိမွာျဖစ္ပါတယ္။
ဓာတ္ပုံ႐ိုက္ဖို႔အတြက္ Realme C3 ရဲ႕ ေနာက္ဘက္မွာ dual camera setup ျဖစ္ၿပီး 12MP အဓိကဆင္ဆာ တပ္ဆင္ထားပါတယ္။ ဒုတိယဆင္ဆာကေတာ့ 2MP depth sensor ကိုသုံးထားပါတယ္။ ဘက္ထရီကေတာ့ 5,000 mAh ျဖစ္ၿပီး C စီးရီး စမတ္ဖုန္းေတြထဲမွာေတာ့ အေတ္ာႀကီးတယ္လို႔ သတ္မွတ္ရမွာပါ။ ကုမၸဏီကေျပာၾကားခ်က္ အရေတာ့ အသင့္အေနအထားအတြက္ ရက္၃၀နီးပါးသက္တမ္းရွိမယ္လို႔ ဆိုၿပီး ဖုန္းေျပာမယ္ဆိုရင္ေတာ့ 43.9 နာရီသက္တမ္းအားခံမွာပါ။