GALAXY S20 စီးရီးဖုန်းတွေရဲ့ LIVE IMAGES တွေထွက်ရှိလာ

0
1010

Samsung အနေနဲ့ Galaxy S20 စမတ်ဖုန်းသစ်များကို လာမယ့် ၁၁ ရက်နေ့မှာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာ နေ့စဉ်လိုလိုထွက်နေပါတယ်။ ဒီနေ့မှာလည်း Galaxy S20 မော်ဒယ်သစ် ၃ မျိုးရဲ့ ပုံတွေအွန်လိုင်းမှာ ပေါက်ကြားထွက်ရှိလာပါတယ်။

တွစ်တာမှာ ထွက်လာတဲ့ပုံတွေအရ စမတ်ဖုန်းတွေရဲ့ နောက်ဘက်ခြမ်းကို တွေ့လိုက်ရပါတယ်။ နောက်ကင်မရာတွေဟာ ဓာတ်ပုံတွေမှာ မကြည်မလင်ဖြစ်နေပေမယ့် ဖုန်းတွေဟာ အရွယ်အစား အနည်းကွာခြားနေမှာကတော့ ထင်ရှားပါတယ်။ ပြီးတော့ ကင်မရာတပ်ထားတဲ့ ပုံစံကလည်း မော်ဒယ်ပုံစံပေါ် မူတည်ပြီး အကြီးအသေးကွာဟပါတယ်။
Samsung Galaxy S20 family မှာတော့ Galaxy S20, S20 Plus နဲ့ S20 Ultra ဆိုပြီး ပါဝင်မှာ ဖြစ်ပါတယ်။ ဖုန်းတွေရဲ့ ဈေးနှုန်းတွေနဲ့ ပတ်သတ်ပြီး အတည်ပြုချက်ကတော့ မိတ်ဆက်ပွဲရောက်မှသာ သိရနိုင်ပါတယ်။ လက်ရှိသတင်းတွေအရတော့ S20 Ultra 5G ကို $1,300 ၊ Galaxy S20 4G ကို €899 နဲ့ S20+ 5G ကို €1,099 ကျသင့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ထားပါတယ်။

zawgyi

GALAXY S20 စီးရီးဖုန္းေတြရဲ႕ LIVE IMAGES ေတြထြက္ရွိလာ
Samsung အေနနဲ႔ Galaxy S20 စမတ္ဖုန္းသစ္မ်ားကို လာမယ့္ ၁၁ ရက္ေန႔မွာ မိတ္ဆက္လာမွာ ျဖစ္ပါတယ္။ စမတ္ဖုန္းေတြနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ ေန႔စဥ္လိုလိုထြက္ေနပါတယ္။ ဒီေန႔မွာလည္း Galaxy S20 ေမာ္ဒယ္သစ္ ၃ မ်ိဳးရဲ႕ ပုံေတြအြန္လိုင္းမွာ ေပါက္ၾကားထြက္ရွိလာပါတယ္။

တြစ္တာမွာ ထြက္လာတဲ့ပုံေတြအရ စမတ္ဖုန္းေတြရဲ႕ ေနာက္ဘက္ျခမ္းကို ေတြ႕လိုက္ရပါတယ္။ ေနာက္ကင္မရာေတြဟာ ဓာတ္ပုံေတြမွာ မၾကည္မလင္ျဖစ္ေနေပမယ့္ ဖုန္းေတြဟာ အ႐ြယ္အစား အနည္းကြာျခားေနမွာကေတာ့ ထင္ရွားပါတယ္။ ၿပီးေတာ့ ကင္မရာတပ္ထားတဲ့ ပုံစံကလည္း ေမာ္ဒယ္ပုံစံေပၚ မူတည္ၿပီး အႀကီးအေသးကြာဟပါတယ္။
Samsung Galaxy S20 family မွာေတာ့ Galaxy S20, S20 Plus နဲ႔ S20 Ultra ဆိုၿပီး ပါဝင္မွာ ျဖစ္ပါတယ္။ ဖုန္းေတြရဲ႕ ေဈးႏႈန္းေတြနဲ႔ ပတ္သတ္ၿပီး အတည္ျပဳခ်က္ကေတာ့ မိတ္ဆက္ပြဲေရာက္မွသာ သိရႏိုင္ပါတယ္။ လက္ရွိသတင္းေတြအရေတာ့ S20 Ultra 5G ကို $1,300 ၊ Galaxy S20 4G ကို €899 နဲ႔ S20+ 5G ကို €1,099 က်သင့္မယ္လို႔ ခန႔္မွန္းခ်က္ေတြ ထြက္ထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.