XIAOMI MI MIX FOLD ရဲ့မူပိုင်ခွင့် ပုံစံသစ်ထွက်လာ

0
406

ပြီးခဲ့တဲ့နှစ်က XIAOMI ရဲ့ခေါက်နိုင်တဲ့ စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများစွာ ရှိခဲ့ပါတယ်။ အဲ့ဒီဖုန်းနဲ့ ပတ်သတ်တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေတောင် ထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ XIAOMI ခေါက်နိုင်တဲ့ ဖုန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုတော့ အဲ့ဒီဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ပြန်လည်ပေါ်ထွက်လာပါပြီ။

XIAOMI MI MIX FOLD ဆိုတဲ့ မူပိုင်ခွင့်ပုံစံနဲ့ အတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Mi MIX Fold နဲ့ ပတ်သတ်တဲ့ မူပိုင်ခွင့်တွေဟာ CNIPA portal ကနေ ထွက်လာတာပါ။ အစောပိုင်း ထွက်ထားတုံးက Quad Camera နဲ့ clamshell design ပုံစံပါ။ Xiaomi ရဲ့ပထမဆုံး ခေါက်နိုင်တဲ့ ပုံစံဟာ Huawei Mate X ကိုတုပထားတဲ့ ပုံစံမျိုးပါ။ ပြီးတော့ ခေါက်လို့ရတဲ့ ပတ္တာပုံစံတွေလည်း ပါဝင်တာကို တွေ့ရမှာပါ။
curved edges ပုံစံမှာ dual ကင်မရာ ပုံစံကို တွေ့ရမှာပါ။ အတွင်းဘက်မှာ အပေါက် နဲ့ sidebar ပုံစံမျိုးတွေကို တွေ့ရမှာဖြစ်ပါတယ်။ XIAOMI MI MIX FOLD ဟာ မူပိုင်ခွင့် အဆင့်မှာသာ ရှိနေသေးပြီး ထွက်လာဖို့အချိန်ကတော့ စောင့်ရအုံးမှာပါ။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.