S865 chip, 12GB RAM နဲ့အတူ Geekbench မှာမြင်တွေ့ရတဲ့ Samsung Galaxy S20စမတ်ဖုန်းများ
0
580
Unicode
Geekbench 5.1 ပါ။ အဲဒီမော်ဒယ်လ်တွေဟာ တောင်ကိုရီးယားနဲ့ ယူအက်စ်ဈေးကွက်ကို ဦးတည်နေပြီးတော့ Qualcomm Snapdragon 865 ကို သုံးထားပါတယ်။ ဥရောပအတွက်မော်ဒယ်လ်တွေမှာတော့ Exynos 9830 ကို သုံးထားလောက်ပါတယ်။ အောက်မှာမြင်တွေ့ရမှာက ကိုရီးယားဗားရှင်းပါ။
အခုစမတ်ဖုန်းသုံးလုံးစလုံးမှာ 12GB RAM ပါဝင်ပါတယ်။ benchmark ရမှတ်ကတော့ အားလုံးအတွက် အတူတူပဲဖြစ်ပါတယ်။ Snapdragon 865 သုံးထားတဲ့စမတ်ဖုန်းတွေနဲ့ တန်းတူလောက်ပါပဲ။
မော်ဒယ်လ်နံပါတ်တွေကတော့ SM-G981 (Galaxy S20), SM-G986 (Galaxy S20+), SM-G988 (Galaxy S20 Ultra) တို့ပဲဖြစ်ပါတယ်။ N ဆိုတာကတော့ တောင်ကိုရီးယားကိုရည်ညွှန်းပြီး U ဆိုတာကတော့ ယူအက်စ်ကိုရည်ညွှန်းပါတယ်။ ဥရောပအတွက်ရည်ညွှန်းလေ့ရှိတဲ့ F မော်ဒယ်လ်အတွက်တော့ ကျွန်တော်တို့မတွေ့ရသေးပါဘူး။ အောက်ကပုံလေးကတော့ ယူအက်စ်ဗားရှင်းဖြစ်ပါတယ်။
မော်ဒယ်လ်နံပါတ်တွေနဲ့ပတ်သတ်ပြီး ထပ်ပြောစရာရှိတာက ပုံမှန်ထက် ၁ ကြီးလာပါတယ်။ Galaxy S10e ဟာ G970 ဖြစ်ပြိး S10+ ကတော့ G975 ပါ။ S20 Ultra ကို LTE ဗားရှင်းထုတ်မလားကတော့ မပြောနိုင်သေးပါဘူး။ LTE မော်ဒယ်လ်တွေကတော့ 5G ကွန်ရက်ရတဲ့နေရာတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဆိုတော့ စောင့်ကြည့်ရမှာပါပဲ။
Zawgyi
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.