Geekbench ကိုရောက်လာတဲ့ POCO X2 6GB RAM အမျိုးအစား

0
402

POCO အနေနဲ့ POCO X2 စမတ်ဖုန်းကို မကြာခင် ရက်ပိုင်းအတွင်းမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိသတင်းတွေအရ Redmi K30 4G model ဖုန်းကို POCO X2 ဆိုပြီး လာမယ်လို့ သိရပါတယ်။ ဒီဖုန်းနဲ့ ပတ်သတ်လို့ 8 GB RAM အမျိုးအစားကို ယခုလအစောပိုင်းက Geekbench မှာ တွေ့ခဲ့ရပါတယ်။ အခုတော့ 6 GB RAM edition ဆိုပြီး ထပ်ပေါ်လာပြန်ပါပြီ။

POCO X2 ဖုန်းရဲ့ Geekbench မှာပြထားတဲ့ screenshot အရ ဒီဖုန်းကို 6 GB RAM version လည်း ထုတ်ပေးအုံးမှာပါ။ Geekbench စာရင်းမှာ POCO X2 မှာသုံးမယ့် ပရိုဆက်ဆာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ 1.80GHz octa-core processor ဖြစ်တဲ့ Snapdragon 730G ဖြစ်မှာပါ။ Redmi K30 4G ဖုန်းနဲ SOC တူညီမှာဖြစ်ပါတယ်။ Android 10 OS ကို တပါတည်း သုံးနိုင်မှာဖြစ်ပြီး Geekbench အမှတ်တွေအရ multi-core test မှာ 1757 နဲ့ single-core test မှာ 547 ရထားပါတယ်။
ဈေးနှုန်းကတော့ ခန့်မှန်းချက်တွေအရ 6 GB RAM + 64 GB storage edition ကို ရူပီး ၁၈.၉၉၉ နဲ့ရောင်းချမှာဖြစ်ပြီး 8 GB RAM + 128 GB storage edition ကိုတော့ ရူပီး ၂သောင်းနဲ့ ရောင်းချလာမယ်လို့ သိရပါတယ်။

zawgyi

Geekbench ကိုေရာက္လာတဲ့ POCO X2 6GB RAM အမ်ိဳးအစား
POCO အေနနဲ႔ POCO X2 စမတ္ဖုန္းကို မၾကာခင္ ရက္ပိုင္းအတြင္းမွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိသတင္းေတြအရ Redmi K30 4G model ဖုန္းကို POCO X2 ဆိုၿပီး လာမယ္လို႔ သိရပါတယ္။ ဒီဖုန္းနဲ႔ ပတ္သတ္လို႔ 8 GB RAM အမ်ိဳးအစားကို ယခုလအေစာပိုင္းက Geekbench မွာ ေတြ႕ခဲ့ရပါတယ္။ အခုေတာ့ 6 GB RAM edition ဆိုၿပီး ထပ္ေပၚလာျပန္ပါၿပီ။

POCO X2 ဖုန္းရဲ႕ Geekbench မွာျပထားတဲ့ screenshot အရ ဒီဖုန္းကို 6 GB RAM version လည္း ထုတ္ေပးအုံးမွာပါ။ Geekbench စာရင္းမွာ POCO X2 မွာသုံးမယ့္ ပ႐ိုဆက္ဆာကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ 1.80GHz octa-core processor ျဖစ္တဲ့ Snapdragon 730G ျဖစ္မွာပါ။ Redmi K30 4G ဖုန္းနဲ SOC တူညီမွာျဖစ္ပါတယ္။ Android 10 OS ကို တပါတည္း သုံးႏိုင္မွာျဖစ္ၿပီး Geekbench အမွတ္ေတြအရ multi-core test မွာ 1757 နဲ႔ single-core test မွာ 547 ရထားပါတယ္။
ေဈးႏႈန္းကေတာ့ ခန႔္မွန္းခ်က္ေတြအရ 6 GB RAM + 64 GB storage edition ကို ႐ူပီး ၁၈.၉၉၉ နဲ႔ေရာင္းခ်မွာျဖစ္ၿပီး 8 GB RAM + 128 GB storage edition ကိုေတာ့ ႐ူပီး ၂ေသာင္းနဲ႔ ေရာင္းခ်လာမယ္လို႔ သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.