Unicode
Nubia ရဲ့ ဥက္ကဌက နောက်ထွက်မယ့် ဂိမ်းမင်းစမတ်ဖုန်းမှာ 144Hz refresh rate screen ပါဝင်မယ်လို့ ဒီလအစောပိုင်းတုန်းက ပြောခဲ့ပါတယ်။ Weibo ပေါ်မှာ နောက်ထပ် feature တစ်ခုကိုလည်း ထပ်မံဖွင့်ထုတ်ပြောကြားလိုက်ပြန်ပါပြီ။

ပုံအရဆိုရင် နောက်ထွက်မယ့်ဖုန်းလေးမှာ 9.6A,8.4 V အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမှာပါ။ ဒါကြောင့် USB PD နဲ့ 80W အားအမြန်သွင်းစနစ်ကို အသုံးပြုနိုင်တော့မယ်လို့ ပြောချင်တာဖြစ်ပါတယ်။ ပုံအရဆိုရင်တော့ ဒီနှစ်နောက်ပိုင်းမှာ ထွက်ရှိလာမယ့် Nubia Red Magic 5G ဖြစ်လောက်ပါတယ်။
OPPO Reno Ace ကလည်း လက်ရှိမှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်ပါတဲ့ စမတ်ဖုန်းဖြစ်နေပါတယ်။ Xiaomi ရဲ့Mi 10 Pro ကလည်း ဒီစနစ်နဲ့အတူ နေရာပြန်လုနိုင်ချေရှိနေပါတယ်။ OPPO ရဲ့ နောက်ထွက်မယ့် flagship ဖြစ်တဲ့ Find X2 မှာလည်း 65W Super VOOC အားအမြန်သွင်းစနစ်ထည့်သွင်းပေးထားပါတယ်။
Nubia Red Magic 5G ကိုတော့ Snapdragon 865, 144Hz display တို့နဲ့ ပွဲထုတ်တော့မှာပါ။ Nubia Red Magic 3S လိုပဲ ဘတ်ထရီကတော့ အကြီးစားကြီးနဲ့ ဖြစ်ပါတယ်။
Zawgyi
Nubia ရဲ႕ ဥကၠဌက ေနာက္ထြက္မယ့္ ဂိမ္းမင္းစမတ္ဖုန္းမွာ 144Hz refresh rate screen ပါဝင္မယ္လို႔ ဒီလအေစာပိုင္းတုန္းက ေျပာခဲ့ပါတယ္။ Weibo ေပၚမွာ ေနာက္ထပ္ feature တစ္ခုကိုလည္း ထပ္မံဖြင့္ထုတ္ေျပာၾကားလိုက္ျပန္ပါၿပီ။

ပုံအရဆိုရင္ ေနာက္ထြက္မယ့္ဖုန္းေလးမွာ 9.6A,8.4 V အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမွာပါ။ ဒါေၾကာင့္ USB PD နဲ႔ 80W အားအျမန္သြင္းစနစ္ကို အသုံးျပဳႏိုင္ေတာ့မယ္လို႔ ေျပာခ်င္တာျဖစ္ပါတယ္။ ပုံအရဆိုရင္ေတာ့ ဒီႏွစ္ေနာက္ပိုင္းမွာ ထြက္ရွိလာမယ့္ Nubia Red Magic 5G ျဖစ္ေလာက္ပါတယ္။
OPPO Reno Ace ကလည္း လက္ရွိမွာ ကမာၻ႔အျမန္ဆုံးအားသြင္းစနစ္ပါတဲ့ စမတ္ဖုန္းျဖစ္ေနပါတယ္။ Xiaomi ရဲ႕Mi 10 Pro ကလည္း ဒီစနစ္နဲ႔အတူ ေနရာျပန္လုႏိုင္ေခ်ရွိေနပါတယ္။ OPPO ရဲ႕ ေနာက္ထြက္မယ့္ flagship ျဖစ္တဲ့ Find X2 မွာလည္း 65W Super VOOC အားအျမန္သြင္းစနစ္ထည့္သြင္းေပးထားပါတယ္။
Nubia Red Magic 5G ကိုေတာ့ Snapdragon 865, 144Hz display တို႔နဲ႔ ပြဲထုတ္ေတာ့မွာပါ။ Nubia Red Magic 3S လိုပဲ ဘတ္ထရီကေတာ့ အႀကီးစားႀကီးနဲ႔ ျဖစ္ပါတယ္။