Apple Watch ဟာ သူ့လုပ်ဆောင်ချက်ကို ထောက်ပံ့တဲ့ နိုင်ငံတွေမှာတော့ အတော်လေးအသုံးဝင်ပါတယ်။ ဘယ်လောက်ထိတောင် အသုံးဝင်လည်း ဆိုရင် လူ့အသက်ကယ်နိုင်လောက်တဲ့ လက်ထောက်အကူပုံစံလိုမျိုး အသုံးဝင်ပါတယ်။ စောပိုင်းကာလမှာ တုန်းကလည်း Apple Watch ရဲ့ထောက်ပံ့ချက်တွေကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ သူတွေရှိခဲ့ပါတယ်။
အခုလည်း Apple Watch က လူ့အသက်ကို ကယ်လိုက်ပြန်ပါပြီ။ Apple Watch Series 4 က မလေးရှားနိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဖာဟက်ဟာနစ်ဖ်ကို ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ အသက် 30 နှစ်ရှိ ဖာဟက်ဟာနစ်ဖ်ဟာ Apple Watch Series ကို ဒီဇိုင်းပိုင်း လှပမှုကြောင့်ဘဲ ဝယ်ယူခဲ့တာပါ။ ဒီစမတ်နာရီမှာ ပါဝင်တဲ့ နှလုံးခုန်နှုန်းတိုင်းစနစ်က လူ့အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ သူမသိခဲ့ပါဘူး။

သူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက လန်ကာဝီမှ ကွာလာလမ်ပူသို့ လေယာဉ်နဲ့ သွားဖို့လုပ်နေတုံးမှာ Apple Watch က နှလုံးခုန်နှုန်း မတည်မငြိမ်ဖြစ်နေတယ်လို့ သတိပေးပါတယ်။ လေယာဉ်မြေပြင်သို့ ဆင်းသက်ပြီးချိန်မှာလည်း ဆက်လက် သတိပေးနေခဲ့ပါတယ်။ ယင်းနောက် နေအိမ်သို့ရောက်ပြီး နားနေခန်းမှာ တီဗွီကြည့်နေချိန်မှာ ထပ်မံ သတိပေးလာပါတယ်။ ဒီတစ်ကြိမ်မှာတော့ သတိပေးမှုက လုံးဝ မရပ်တော့ပါဘူး။

သူဟာ ဆရာဝန်ဆီသို့ အမြန်သွားပြီး စစ်ဆေးမှုခံယူတဲ့အခါမှာ နှလုံးခုန်နှုန်းမမှန်ကြောင်း တကယ်ဘဲ တွေ့ရပါတယ်။ တကယ်လို့များ ဖာဟက်အနေနဲ့ နှလုံးအထူးကု ဆရာဝန်ဆီသို့ မသွားခဲ့ဘူးဆိုရင်တော့ သေဆုံးတဲ့အထိ ဖြစ်သွားဖို့ ရှိနေပါတယ်။ သူပတ်ထားတဲ့ နာရီကတော့ Apple Watch Series 4 ဖြစ်ပါတယ်။ ဒါဟာ watch မှာထည့်ပေးထားတဲ့ ECG လုပ်ဆောင်ချက်ကြောင့်ပါ။
zawgyi
လူ႔အသက္ကို ကယ္လိုက္ျပန္တဲ့ Apple Watch
Apple Watch ဟာ သူ႔လုပ္ေဆာင္ခ်က္ကို ေထာက္ပံ့တဲ့ ႏိုင္ငံေတြမွာေတာ့ အေတာ္ေလးအသုံးဝင္ပါတယ္။ ဘယ္ေလာက္ထိေတာင္ အသုံးဝင္လည္း ဆိုရင္ လူ႔အသက္ကယ္ႏိုင္ေလာက္တဲ့ လက္ေထာက္အကူပုံစံလိုမ်ိဳး အသုံးဝင္ပါတယ္။ ေစာပိုင္းကာလမွာ တုန္းကလည္း Apple Watch ရဲ႕ေထာက္ပံ့ခ်က္ေတြေၾကာင့္ အသက္ေဘးကေန လြတ္ေျမာက္ခဲ့တဲ့ သူေတြရွိခဲ့ပါတယ္။
အခုလည္း Apple Watch က လူ႔အသက္ကို ကယ္လိုက္ျပန္ပါၿပီ။ Apple Watch Series 4 က မေလးရွားႏိုင္ငံမွ စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးျဖစ္တဲ့ ဖာဟက္ဟာနစ္ဖ္ကို ကယ္တင္လိုက္တာ ျဖစ္ပါတယ္။ အသက္ 30 ႏွစ္ရွိ ဖာဟက္ဟာနစ္ဖ္ဟာ Apple Watch Series ကို ဒီဇိုင္းပိုင္း လွပမႈေၾကာင့္ဘဲ ဝယ္ယူခဲ့တာပါ။ ဒီစမတ္နာရီမွာ ပါဝင္တဲ့ ႏွလုံးခုန္ႏႈန္းတိုင္းစနစ္က လူ႔အသက္ကို ကယ္တင္ႏိုင္တယ္ဆိုတာ သူမသိခဲ့ပါဘူး။

သူဟာ ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လတုန္းက လန္ကာဝီမွ ကြာလာလမ္ပူသို႔ ေလယာဥ္နဲ႔ သြားဖို႔လုပ္ေနတုံးမွာ Apple Watch က ႏွလုံးခုန္ႏႈန္း မတည္မၿငိမ္ျဖစ္ေနတယ္လို႔ သတိေပးပါတယ္။ ေလယာဥ္ေျမျပင္သို႔ ဆင္းသက္ၿပီးခ်ိန္မွာလည္း ဆက္လက္ သတိေပးေနခဲ့ပါတယ္။ ယင္းေနာက္ ေနအိမ္သို႔ေရာက္ၿပီး နားေနခန္းမွာ တီဗြီၾကည့္ေနခ်ိန္မွာ ထပ္မံ သတိေပးလာပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သတိေပးမႈက လုံးဝ မရပ္ေတာ့ပါဘူး။ သူဟာ ဆရာဝန္ဆီသို႔ အျမန္သြားၿပီး စစ္ေဆးမႈခံယူတဲ့အခါမွာ ႏွလုံးခုန္ႏႈန္းမမွန္ေၾကာင္း တကယ္ဘဲ ေတြ႕ရပါတယ္။ တကယ္လို႔မ်ား ဖာဟက္အေနနဲ႔ ႏွလုံးအထူးကု ဆရာဝန္ဆီသို႔ မသြားခဲ့ဘူးဆိုရင္ေတာ့ ေသဆုံးတဲ့အထိ ျဖစ္သြားဖို႔ ရွိေနပါတယ္။

သူပတ္ထားတဲ့ နာရီကေတာ့ Apple Watch Series 4 ျဖစ္ပါတယ္။ ဒါဟာ watch မွာထည့္ေပးထားတဲ့ ECG လုပ္ေဆာင္ခ်က္ေၾကာင့္ပါ။