ပိတ်ဆို့မှုကနေကျော်လွှားနိုင်ခဲ့တယ်ဆိုရင်တောင် GMS ကို မသုံးတော့ကြောင်း Huawei ပြောကြား

0
2253

[Unicode]

မေလ ၂၀၁၉ ကတည်းက Huawei ဟာ Google Mobile Service (GMS) ကို မသုံးဘဲနေလာခဲ့တာပါ။ Huawei အတွက် အကူးအပြောင်းကာလမှာတော့ အဆင်ပြေမနေခဲ့ပါဘူး။ ecosystem ကိုလည်း ထိခိုက်သွားစေခဲ့ပေမယ့် သူတို့ဟာ နောက်ပြန်လှည့်မကြည့်တော့ပါဘူး။
သြစတေးလျက Huawei ရဲ့ စီးပွားလုပ်ငန်းအုပ်စုခေါင်းဆောင် Wang Fei ဟာ Google ဝန်ဆောင်မှုတွေကို လိုင်စင်ပြန်ရခဲ့ရင်တောင်မှ မသုံးတော့ဘူးလို့ ပြောပါတယ်။ သြစတေးလျမှာ Huawei ရဲ့ ရေရှည်နည်းဗျူဟာတွေကို ဆွေးနွေးနေစဉ်မှာ ယူအက်စ်ဥပဒေတွေအပေါ် မှီခိုနေမှုကို ပပျောက်အောင်လုပ်ဖို့နဲ့ Google ရဲ့ app နဲ့ ဝန်ဆောင်မှုတွေကို မသုံးဖို့ Huawei က လိုလားနေကြောင်းကို ပြောခဲ့တာပါ။
လက်ရှိမှာ Huawei ဟာ သူ့ရဲ့ Huawei Mobile Services (HMS) ကို ဖန်တီးလုပ်ဆောင်နေပါတယ်။ Android ရဲ့ open-source ဗားရှင်း (AOSP) ကိုလည်း Harmony OS နဲ့ ပြန်လည်ပြုပြင်နေပါတယ်။ Huawei ဟာ app လုပ်ဆောင်ဖို့အတွက် ဒေါ်လာ၃ဘီလျံသုံးထားပြီးတော့ ရှိနေပြီးသား အရေးပါအရာရောက်တဲ့ Android app တွေကို Huawei App Gallery store ထဲကိုရောက်လာဖို့အတွက် app ရေးသားသူ ၄၀၀၀နဲ့လည်း ပူးပေါင်းထားတယ်လို့ သိရပါတယ်။
ခိုင်မာတဲ့ app ecosystem ကို ပြုလုပ်ဖို့ဆိုတာ လွယ်ကူမြန်ဆန်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ Huawei လုပ်ဆောင်နေတာတွေကလည်း အံ့သြစရာတော့မဟုတ်ပါဘူး။
open Android ecosystem ကို ကျွန်တော်တို့ ပထမဆုံးရွေးချယ်ထားပါတယ်။ တကယ်လို့များ အဲဒါကိုမှ ကျွန်တော်တို့မသုံးရဘူးဆိုရင်တော့ ကိုယ်ပိုင် sytstem ကို လုပ်ဆောင်သွားနိုင်တဲ့အရည်အချင်း ကျွန်တော်တို့ဆီမှာရှိပါတယ်။
ကဲ စိတ်ဝင်စားဖို့မကောင်းဘူးလား ပရိသတ်ကြီးရေ

[Zawgyi]

ေမလ ၂၀၁၉ ကတည္းက Huawei ဟာ Google Mobile Service (GMS) ကို မသုံးဘဲေနလာခဲ့တာပါ။ Huawei အတြက္ အကူးအေျပာင္းကာလမွာေတာ့ အဆင္ေျပမေနခဲ့ပါဘူး။ ecosystem ကိုလည္း ထိခိုက္သြားေစခဲ့ေပမယ့္ သူတို႔ဟာ ေနာက္ျပန္လွည့္မၾကည့္ေတာ့ပါဘူး။
ၾသစေတးလ်က Huawei ရဲ႕ စီးပြားလုပ္ငန္းအုပ္စုေခါင္းေဆာင္ Wang Fei ဟာ Google ဝန္ေဆာင္မႈေတြကို လိုင္စင္ျပန္ရခဲ့ရင္ေတာင္မွ မသုံးေတာ့ဘူးလို႔ ေျပာပါတယ္။ ၾသစေတးလ်မွာ Huawei ရဲ႕ ေရရွည္နည္းဗ်ဴဟာေတြကို ေဆြးေႏြးေနစဥ္မွာ ယူအက္စ္ဥပေဒေတြအေပၚ မွီခိုေနမႈကို ပေပ်ာက္ေအာင္လုပ္ဖို႔နဲ႔ Google ရဲ႕ app နဲ႔ ဝန္ေဆာင္မႈေတြကို မသုံးဖို႔ Huawei က လိုလားေနေၾကာင္းကို ေျပာခဲ့တာပါ။
လက္ရွိမွာ Huawei ဟာ သူ႔ရဲ႕ Huawei Mobile Services (HMS) ကို ဖန္တီးလုပ္ေဆာင္ေနပါတယ္။ Android ရဲ႕ open-source ဗားရွင္း (AOSP) ကိုလည္း Harmony OS နဲ႔ ျပန္လည္ျပဳျပင္ေနပါတယ္။ Huawei ဟာ app လုပ္ေဆာင္ဖို႔အတြက္ ေဒၚလာ၃ဘီလ်ံသုံးထားၿပီးေတာ့ ရွိေနၿပီးသား အေရးပါအရာေရာက္တဲ့ Android app ေတြကို Huawei App Gallery store ထဲကိုေရာက္လာဖို႔အတြက္ app ေရးသားသူ ၄၀၀၀နဲ႔လည္း ပူးေပါင္းထားတယ္လို႔ သိရပါတယ္။
ခိုင္မာတဲ့ app ecosystem ကို ျပဳလုပ္ဖို႔ဆိုတာ လြယ္ကူျမန္ဆန္တဲ့ကိစၥေတာ့မဟုတ္ပါဘူး။ Huawei လုပ္ေဆာင္ေနတာေတြကလည္း အံ့ၾသစရာေတာ့မဟုတ္ပါဘူး။
open Android ecosystem ကို ကြၽန္ေတာ္တို႔ ပထမဆုံးေ႐ြးခ်ယ္ထားပါတယ္။ တကယ္လို႔မ်ား အဲဒါကိုမွ ကြၽန္ေတာ္တို႔မသုံးရဘူးဆိုရင္ေတာ့ ကိုယ္ပိုင္ sytstem ကို လုပ္ေဆာင္သြားႏိုင္တဲ့အရည္အခ်င္း ကြၽန္ေတာ္တို႔ဆီမွာရွိပါတယ္။
ကဲ စိတ္ဝင္စားဖို႔မေကာင္းဘူးလား ပရိသတ္ႀကီးေရ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.