Reno3 5G Power Edition ကိုလာမယ့်လမှာ မိတ်ဆက်လာမည်

0
1367

လာမယ့်လမှာတော့ OPPO အနေနဲ့ Reno3 series စမတ်ဖုန်းတွေကို ဈေးကွက်တင်ဖို့ ပြလုပ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီမိတ်ဆက်လာမယ့် ဖုန်းတွေထဲမှာ Reno 3 5G နဲ့ Reno3 Pro 5G ဖုန်းတွေပါ ပါဝင်လာမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လကကြေငြာ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တပတ်က TENAA မှာ Reno3 5G လို့ထင်ရတဲ့ ဖုန်းတလုံးရဲ့ အချက်အလက်တွေ တွေ့ခဲ့ရပါတယ်။ model နံပတ်မှာ PCLM50 လို့ပေးထားပါတယ်။

Digital Chat Station ရဲ့ မှန်းချက်အရတော့ ဒါဟာ Reno3 5G Power Edition” ဆိုပြီးထွက်လာမယ့် ဖုန်းဆိုပြီး ပြောထားပါတယ်။ TENAA မှာပြထားတဲ့ အချက်အလက်အရ ဒီဖုန်းမှာ 6.4-inch AMOLED display နဲ့ဖြစ်ပြီး 2400 x 1080 resolution ရှိမယ်လို့ သိရပါတယ်။ Snapdragon 765 မှာ 2.4GHz processor နဲ့လာမှာပါ။
Reno 3 5G Power Edition ရဲ့နောက်ကျောဘက်မှာ ကင်မရာ ၄ လုံးနဲ့ဖြစ်ပြီး 48MP + 8MP + 2MP + 2MP အရည်အသွေးတွေ ဖြစ်မှာပါ။ အရှေ့ဘက်မှာတော့ 32MP selfie ကင်မရာလေးပါ။ under display နည်းပညာကို သုံးလာမှာဖြစ်ပြီး ဘက်ထရီကတော့ 3935mAh (4025mAh) စွမ်းအားနဲ့ ဖြစ်ပါတယ်။ TENAA ပြောကြားအရ Android 10 တပါတည်းပါပြီး အဖြူ၊အနက်၊ အဝါသုံးမျိုး ထုတ်လာမယ်လို့ ဆိုပါတယ်။

zawgyi

Reno3 5G Power Edition ကိုလာမယ့္လမွာ မိတ္ဆက္လာမည္

လာမယ့္လမွာေတာ့ OPPO အေနနဲ႔ Reno3 series စမတ္ဖုန္းေတြကို ေဈးကြက္တင္ဖို႔ ျပလုပ္လာမွာ ျဖစ္ပါတယ္။ အဲ့ဒီမိတ္ဆက္လာမယ့္ ဖုန္းေတြထဲမွာ Reno 3 5G နဲ႔ Reno3 Pro 5G ဖုန္းေတြပါ ပါဝင္လာမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့လကေၾကျငာ ခဲ့ပါတယ္။ လြန္ခဲ့တဲ့ တပတ္က TENAA မွာ Reno3 5G လို႔ထင္ရတဲ့ ဖုန္းတလုံးရဲ႕ အခ်က္အလက္ေတြ ေတြ႕ခဲ့ရပါတယ္။ model နံပတ္မွာ PCLM50 လို႔ေပးထားပါတယ္။

Digital Chat Station ရဲ႕ မွန္းခ်က္အရေတာ့ ဒါဟာ Reno3 5G Power Edition” ဆိုၿပီးထြက္လာမယ့္ ဖုန္းဆိုၿပီး ေျပာထားပါတယ္။ TENAA မွာျပထားတဲ့ အခ်က္အလက္အရ ဒီဖုန္းမွာ 6.4-inch AMOLED display နဲ႔ျဖစ္ၿပီး 2400 x 1080 resolution ရွိမယ္လို႔ သိရပါတယ္။ Snapdragon 765 မွာ 2.4GHz processor နဲ႔လာမွာပါ။
Reno 3 5G Power Edition ရဲ႕ေနာက္ေက်ာဘက္မွာ ကင္မရာ ၄ လုံးနဲ႔ျဖစ္ၿပီး 48MP + 8MP + 2MP + 2MP အရည္အေသြးေတြ ျဖစ္မွာပါ။ အေရွ႕ဘက္မွာေတာ့ 32MP selfie ကင္မရာေလးပါ။ under display နည္းပညာကို သုံးလာမွာျဖစ္ၿပီး ဘက္ထရီကေတာ့ 3935mAh (4025mAh) စြမ္းအားနဲ႔ ျဖစ္ပါတယ္။ TENAA ေျပာၾကားအရ Android 10 တပါတည္းပါၿပီး အျဖဴ၊အနက္၊ အဝါသုံးမ်ိဳး ထုတ္လာမယ္လို႔ ဆိုပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.