Poco X2 တွင် 27W fast charging အသုံးပြုလာမည်

0
531

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ POCO အနေနဲ့ Pocophone F1 စမတ်ဖုန်းကို 2018 ခုနှစ်က စတင်မိတ်ဆက် ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စမတ်ဖုန်းမော်ဒယ်သစ်ဟာ ထွက်ရှိလာခြင်း မရှိတော့ပါဘူး။ အခု2020 မှာတော POCO အနေနဲ့ Xiaomi လက်အောက်ကခွဲထွက်ပြီး သီးသန့်အမှတ်တံဆိပ်အနေနဲ့ ရပ်တည်လာမယ့် အပြင် Poco X2 ဖုန်းကိုလည်း မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

Poco X2 ဖုန်းကိုလာမယ့်လ 4 ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး အိန္ဒိယအွန်လိုင်း အရောင်းဆိုင်တွေဖြစ်တဲ့ Flipkart ကနေ ရောင်းချလာမှာဖြစ်ပါတယ်။ X2 စမတ်ဖုန်းဟာ 120Hz RealityFlow display ကိုသုံးလာမယ်ဆိုတာကတော့ သေချာနေပါတယ်။ အခုနောက်ထပ် သတင်းကတော့ ဒီဖုန်းမှာ 27W fast charging အသုံးပြုလာမယ် ဆိုတာပဲဖြစ်ပါတယ်။
X2 မှာ Liquid Cooling စနစ်နဲ့အတူ ကင်မရာပိုင်းမှာတော့ 64MP Sony IMX686 Sensor တပ်ဆင်ထားမှာပါ။ Qualcomm Snapdragon SoC နဲ့ Fast Charging ပါဝင်လာမယ်လို့လည်း အတည်ပြုထားပါတယ်။ ဒါဆိုရင်တော့ 27W fast charging အသုံးပြုလာမယ်ဆိုတာ သေချာသွားပါပြီ။ Poco X2 က Redmi K30 4G ကို အမည်ပြောင်းထားတဲ့ ဗားရှင်းဖြစ်လာမယ်လို့ သိရပါတယ်။ ယခု Poco က အတည်ပြုထားတဲ့အချက်တွေကလည်း Redmi K30 4G ဗားနဲ့တူနေပြန်ပါတယ်။

zawgyi

Poco X2 တြင္ 27W fast charging အသုံးျပဳလာမည္
တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူ POCO အေနနဲ႔ Pocophone F1 စမတ္ဖုန္းကို 2018 ခုႏွစ္က စတင္မိတ္ဆက္ ထုတ္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ စမတ္ဖုန္းေမာ္ဒယ္သစ္ဟာ ထြက္ရွိလာျခင္း မရွိေတာ့ပါဘူး။ အခု2020 မွာေတာ POCO အေနနဲ႔ Xiaomi လက္ေအာက္ကခြဲထြက္ၿပီး သီးသန႔္အမွတ္တံဆိပ္အေနနဲ႔ ရပ္တည္လာမယ့္ အျပင္ Poco X2 ဖုန္းကိုလည္း မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။

Poco X2 ဖုန္းကိုလာမယ့္လ 4 ရက္ေန႔မွာ မိတ္ဆက္လာမွာျဖစ္ၿပီး အိႏၵိယအြန္လိုင္း အေရာင္းဆိုင္ေတြျဖစ္တဲ့ Flipkart ကေန ေရာင္းခ်လာမွာျဖစ္ပါတယ္။ X2 စမတ္ဖုန္းဟာ 120Hz RealityFlow display ကိုသုံးလာမယ္ဆိုတာကေတာ့ ေသခ်ာေနပါတယ္။ အခုေနာက္ထပ္ သတင္းကေတာ့ ဒီဖုန္းမွာ 27W fast charging အသုံးျပဳလာမယ္ ဆိုတာပဲျဖစ္ပါတယ္။
X2 မွာ Liquid Cooling စနစ္နဲ႔အတူ ကင္မရာပိုင္းမွာေတာ့ 64MP Sony IMX686 Sensor တပ္ဆင္ထားမွာပါ။ Qualcomm Snapdragon SoC နဲ႔ Fast Charging ပါဝင္လာမယ္လို႔လည္း အတည္ျပဳထားပါတယ္။ ဒါဆိုရင္ေတာ့ 27W fast charging အသုံးျပဳလာမယ္ဆိုတာ ေသခ်ာသြားပါၿပီ။ Poco X2 က Redmi K30 4G ကို အမည္ေျပာင္းထားတဲ့ ဗားရွင္းျဖစ္လာမယ္လို႔ သိရပါတယ္။ ယခု Poco က အတည္ျပဳထားတဲ့အခ်က္ေတြကလည္း Redmi K30 4G ဗားနဲ႔တူေနျပန္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.