Unicode
Apple Watch ကတော့ တကယ့်ကိုပြိုင်ဘက်မဲ့နေတုန်းပါပဲ။ လူအများစုလိုချင်နေတဲ့ smartwatch ဖြစ်သလို အခြားလုပ်ငန်းတွေကလည်း မယှဉ်နိုင်သေးပါဘူး။ Apple ရဲ့ဝင်ငွေစာရင်းမှာ wearable ပိုင်းက ဒေါ်လာ၁၀ဘီလျံရခဲ့တာဆိုတော့ အရင်နှစ်ကထက် ၃၇% ပိုတက်လာခဲ့ပါတယ်။ Apple Watch နဲ့AirPods တွေဟာ ဒီအမျိုးအစားထဲမှာပါဝင်နေတာဆိုတော့ ခရစ္စမတ်နဲ့ Black Friday ရောင်းချမှုတွေမှာ တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ နောက်ပြီး Apple Watch ရဲ့ သုံးစွဲသူ၇၅%လောက်က အသစ်တွေလို့ဆိုထားပါတယ်။ Apple Watch 3 ရဲ့ ဝယ်လိုအားနဲ့ကိုက်အောင်တောင် အတော်လေးရုန်းခဲ့ရပါတယ်။ နှစ်နှစ်ကြာနေပြီဖြစ်ပေမယ့်လည်း ဒေါ်လာ၁၉၉.၉၉ထက် လျှော့ရောင်းလိုက်တဲ့အခါမှာတော့ ဘယ်သူတောင့်ခံနိုင်ဦးမှာလဲ။ Apple Watch ကို ဒီဇိုင်းအသစ်၊ software အသစ်တွေနဲ့ မယှဉ်နိုင်ဘူးဆိုတော့ ကော်ပီပဲ ချရတော့မှာပါ။
အောက်မှာပြထားတဲ့ပုံလေးနဲ့အတူ Weibo မှာ ပို့စ်တစ်ခုတက်လာတာကို Google Translate လုပ်ကြည့်လိုက်တော့ flexible screen + curved design ဟာ ဒီနှစ်ရဲ့ စမတ်အဖြစ်ဆုံး watch ဖြစ်လာမယ်လို့ သိရပါတယ်။

အမြင်တွေမှားနေတာလားလို့ မတွေးလိုက်ပါနဲ့။ ဒါဟာ Apple Watch မဟုတ်ပါဘူး။ curved တွေကိုကြည့်လိုက်ပါ။ ဘေးဘက်မှာ ခလုတ်နှစ်ခုပါပါတယ်။ Apple ရဲ့ အမှတ်သညာဖြစ်တဲ့ Digital Crown ကို အစားထိုးသုံးစွဲထားတာပါ။
တခြားနေရာတွေကိုကြည့်လိုက်ရင်တော့ Apple Watch ကြီးပါပဲ။ ဒါပေမယ့် ဒီဇိုင်းတွေ၊ watchfaceတွေ နဲ့ watch band တွေဟာ လုံးဝပြီးပြည့်စုံနေတဲ့ replica ကြီးပါပဲ။
သေချာပါတယ်။ Apple Watch ကလုန်းဆိုတာ ငြင်းလို့မရပါဘူး။ နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ Samsung leaker ဖြစ်တဲ့ Ice Universe ကတောင် တွစ်တာမှာ အခုလိုတင်ထားခဲ့ပါတယ်။
လူတွေအတော်များများက Apple Watch လို့တောင် ထင်ကြပါတယ်။ OPPO ကတော့ Apple Watch ရဲ့အောင်မြင်မှုကို လှမ်းလုတော့မှာပါ။ Galaxy Watch ရဲ့render ကလည်း Apple Watch နဲ့တူတယ်လို့တောင် ကျွန်တော်တို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် Apple Watch နဲ့ ဒီဇိုင်းမတူပါဘူး။

OPPO ရဲ့Apple Watch ကို ဘယ်အချိန် မိတ်ဆက်မလဲ၊ ဘယ်လောက်ဈေးရှိလဲ မသိရသေးပါဘူး။ မကြာခင်တော့ သိလာပါလိမ့်မယ်။
Zawgyi
Apple Watch ကေတာ့ တကယ့္ကိုျပိဳင္ဘက္မဲ့ေနတုန္းပါပဲ။ လူအမ်ားစုလိုခ်င္ေနတဲ့ smartwatch ျဖစ္သလို အျခားလုုပ္ငန္းေတြကလည္း မယွဥ္ႏုိင္ေသးပါဘူး။ Apple ရဲ႕၀င္ေငြစာရင္းမွာ wearable ပိုင္းက ေဒၚလာ၁၀ဘီလ်ံရခဲ့တာဆိုေတာ့ အရင္ႏွစ္ကထက္ ၃၇% ပိုတက္လာခဲ့ပါတယ္။ Apple Watch နဲ႕AirPods ေတြဟာ ဒီအမ်ိဳးအစားထဲမွာပါ၀င္ေနတာဆိုေတာ့ ခရစၥမတ္နဲ႕ Black Friday ေရာင္းခ်မႈေတြမွာ ေတာ္ေတာ္ေလးအလုပ္ျဖစ္ခဲ့တယ္လို႕ဆုိရမွာပါ။ ေနာက္ျပီး Apple Watch ရဲ႕ သံုးစြဲသူ၇၅%ေလာက္က အသစ္ေတြလို႕ဆိုထားပါတယ္။ Apple Watch 3 ရဲ႕ ၀ယ္လိုအားနဲ႕ကိုက္ေအာင္ေတာင္ အေတာ္ေလးရုန္းခဲ့ရပါတယ္။ ႏွစ္ႏွစ္ၾကာေနျပီျဖစ္ေပမယ့္လည္း ေဒၚလာ၁၉၉.၉၉ထက္ ေလွ်ာ့ေရာင္းလိုက္တဲ့အခါမွာေတာ့ ဘယ္သူေတာင့္ခံႏုိင္ဦးမွာလဲ။ Apple Watch ကို ဒီဇုိင္းအသစ္၊ software အသစ္ေတြနဲ႕ မယွဥ္ႏုိင္ဘူးဆိုေတာ့ ေကာ္ပီပဲ ခ်ရေတာ့မွာပါ။
ေအာက္မွာျပထားတဲ့ပံုေလးနဲ႕အတူ Weibo မွာ ပို႕စ္တစ္ခုတက္လာတာကို Google Translate လုပ္ၾကည့္လုိက္ေတာ့ flexible screen + curved design ဟာ ဒီႏွစ္ရဲ႕ စမတ္အျဖစ္ဆံုး watch ျဖစ္လာမယ္လို႕ သိရပါတယ္။

အျမင္ေတြမွားေနတာလားလို႕ မေတြးလိုက္ပါနဲ႕။ ဒါဟာ Apple Watch မဟုတ္ပါဘူး။ curved ေတြကိုၾကည့္လုိက္ပါ။ ေဘးဘက္မွာ ခလုတ္ႏွစ္ခုပါပါတယ္။ Apple ရဲ႕ အမွတ္သညာျဖစ္တဲ့ Digital Crown ကို အစားထိုးသံုးစြဲထားတာပါ။
တျခားေနရာေတြကိုၾကည့္လုိက္ရင္ေတာ့ Apple Watch ၾကီးပါပဲ။ ဒါေပမယ့္ ဒီဇုိင္းေတြ၊ watchfaceေတြ နဲ႕ watch band ေတြဟာ လံုး၀ျပီးျပည့္စံုေနတဲ့ replica ၾကီးပါပဲ။
ေသခ်ာပါတယ္။ Apple Watch ကလုန္းဆိုတာ ျငင္းလို႕မရပါဘူး။ နည္းနည္းေတာ့ ၾကမ္းခ်င္ၾကမ္းမယ္။ Samsung leaker ျဖစ္တဲ့ Ice Universe ကေတာင္ တြစ္တာမွာ အခုလိုတင္ထားခဲ့ပါတယ္။
လူေတြအေတာ္မ်ားမ်ားက Apple Watch လို႕ေတာင္ ထင္ၾကပါတယ္။ OPPO ကေတာ့ Apple Watch ရဲ႕ေအာင္ျမင္မႈကို လွမ္းလုေတာ့မွာပါ။ Galaxy Watch ရဲ႕render ကလည္း Apple Watch နဲ႕တူတယ္လို႕ေတာင္ ကၽြန္ေတာ္တို႕ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ Apple Watch နဲ႕ ဒီဇုိင္းမတူပါဘူး။

OPPO ရဲ႕Apple Watch ကို ဘယ္အခ်ိန္ မိတ္ဆက္မလဲ၊ ဘယ္ေလာက္ေစ်းရွိလဲ မသိရေသးပါဘူး။ မၾကာခင္ေတာ့ သိလာပါလိမ့္မယ္။