Motorola ဟာ လာမယ့် ဖေဖော်ဝါရီလ 24 ရက်နေ့မှ စတင်ကာ စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ကျင်းပသွားမယ့် MWC 2020 ပွဲမှာ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးကို ကြေညာလာတော့မှာ ဖြစ်ပါတယ်။

Motorola အနေနဲ့ သူတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်းကို MWC 2020 ပွဲမတိုင်မီ တစ်ရက်အလို ဖေဖော်ဝါရီလ 23 ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ယင်းစမတ်ဖုန်းက 2017 ခုနှစ်၊ ဩဂုတ်လထွက် Motorola Moto Z2 Force နောက်ပိုင်းမှာ Motorola ရဲ့ ပထမဆုံး အဆင့်မြင့် စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Motorola ရဲ့ အဆင့်မြင့် စမတ်ဖုန်းမှာ ဘာတွေသုံးလာမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် 2020 ခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်း ဖြစ်တာနဲ့အညီ Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့လာဖို့ ရှိပါတယ်။ ဒီဖုန်းမှာ 5G ထောက်ပံ့လာပါမယ်။ ကျောဘက်ကင်မရာလေးလုံးအထိ ပါဝင်လာနိုင်ပြီး Punch-Hole Selfie Camera ဒီဇိုင်း သုံးလာနိုင်ပါတယ်။
zawgyi
MWC မှာအဆင့်မြင့် စမတ်ဖုန်းကိုမိတ်ဆက်လာမယ့် Motorola
